Spots news

ယူနိုက်တက်ကို သူငယ်ချင်း ဆန်ချို ရောက်နေပြီဟု ပရိသတ်တွေကို အသိပေးလိုက်တဲ့ ရက်ဖို့ဒ်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အင်္ဂလန် အသင်းတို့ရဲ့ တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ကတော့ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ဂျေဒန် ဆန်ချိုဟာ ဒေါ့မွန်အသင်း ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လာပြီ လို့ ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ အတွက် ဒေါ့မွန်အသင်းနဲ့ တရားဝင် ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်နေပြီး လက်ရှိအချိန် အထိ အပြောင်းအရွှေ့ ဖြစ်မြောက်ကြောင်း တရားဝင် ကြေညာသေးခြင်း မရှိပေမယ့် ဆန်ချိုဟာ ယူနိုက်တက်ရဲ့ ကစားသမားသစ် ဖြစ်လာတော့မယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုကို ယခုလ အစထဲက ရယူထားနိုင်ခဲ့တာ ဖြစ်ပြီး ဆန်ချိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ် ချုပ်ဆိုဖို့ သဘောတူထားတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆန်ချိုအတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၉၀သန်း + အပိုဆုကြေးကို ပေးချေဖို့ သဘောတူထားကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိသတ်တချို့က ဆန်ချိုရဲ့ အရင်းနှီးဆုံး သူငယ်ချင်း တဦး ဖြစ်တဲ့ ရက်ဖို့ဒ်အား ဆန်ချိုရဲ့ အပြောင်းအရွှေ့ အကြောင်း မေးမြန်းခဲ့ရာမှာတော့ ရက်ဖို့ဒ်က ဆန်ချိုဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိပြီလို့ အကြောင်းပြန် သွားခဲ့ပါတယ်။

တွစ်တာမှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပရိသတ် တဦးက “ဆန်ချိုရဲ့ အပြောင်းအရွှေ့ကိစ္စကို ကြေညာပေးပါ မားကပ်ရေ…” လို့ ရက်ဖို့ဒ်ရဲ့ ပို့စ်တခုအောက်မှာ မေးမြန်း ရေးသားခဲ့ပြီး ရက်ဖို့ဒ်က

ချက်ချင်းဆိုသလိုပဲ “အတည်ပါ x” ဆိုပြီး အကြောင်းပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဆန်ချိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ရောက်ရှိဖို့ ၉၉.၉၉ ရာခိုင်နှုန်း သေချာနေပြီလို့ ဆိုပါရစေ။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ အဂၤလန္ အသင္းတို႔ရဲ႕ တိုက္စစ္မႉး မားကပ္ ရက္ဖို႔ဒ္ကေတာ့ သူ႕ရဲ႕ အရင္းႏွီးဆုံး သူငယ္ခ်င္း ေဂ်ဒန္ ဆန္ခ်ိဳဟာ ေဒါ့မြန္အသင္း ကေန မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕လာၿပီ လို႔ ပရိသတ္ေတြကို အသိေပးသြားခဲ့ပါတယ္။

ယူနိုက္တက္ဟာ ေဂ်ဒန္ ဆန္ခ်ိဳကို ေခၚယူဖို႔ အတြက္ ေဒါ့မြန္အသင္းနဲ႕ တရားဝင္ ေဆြးေႏြးမႈေတြ ဆက္တိုက္ ျပဳလုပ္ေနၿပီး လက္ရွိအခ်ိန္ အထိ အေျပာင္းအေ႐ႊ႕ ျဖစ္ေျမာက္ေၾကာင္း တရားဝင္ ေၾကညာေသးျခင္း မရွိေပမယ့္ ဆန္ခ်ိဳဟာ ယူနိုက္တက္ရဲ႕ ကစားသမားသစ္ ျဖစ္လာေတာ့မယ္လို႔ သတင္းေတြ ထြက္ေပၚ ေနပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဆန္ခ်ိဳကို ေခၚယူဖို႔ အတြက္ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈကို ယခုလ အစထဲက ရယူထားနိုင္ခဲ့တာ ျဖစ္ၿပီး ဆန္ခ်ိဳဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ ၅ႏွစ္ သက္တမ္း ရွိတဲ့ စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ သေဘာတူထားတာလည္း ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဆန္ခ်ိဳအတြက္ ကနဦး ေျပာင္းေ႐ႊ႕ေၾကး ယူရို ၉၀သန္း + အပိုဆုေၾကးကို ေပးေခ်ဖိဳ႕ သေဘာတူထားေၾကာင္း အဂၤလန္ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပထားပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ ပရိသတ္တခ်ိဳ႕က ဆန္ခ်ိဳရဲ႕ အရင္းႏွီးဆုံး သူငယ္ခ်င္း တဦး ျဖစ္တဲ့ ရက္ဖို႔ဒ္အား ဆန္ခ်ိဳရဲ႕ အေျပာင္းအေ႐ႊ႕ အေၾကာင္း ေမးျမန္းခဲ့ရာမွာေတာ့ ရက္ဖို႔ဒ္က ဆန္ခ်ိဳဟာ မန္ခ်က္စတာ ယူနိုက္တက္ဆီ ေရာက္ရွိၿပီလို႔ အေၾကာင္းျပန္ သြားခဲ့ပါတယ္။

တြစ္တာမွာ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ပရိသတ္ တဦးက “ဆန္ခ်ိဳရဲ႕ အေျပာင္းအေ႐ႊ႕ကိစၥကို ေၾကညာေပးပါ မားကပ္ေရ…” လို႔ ရက္ဖို႔ဒ္ရဲ႕ ပို႔စ္တခုေအာက္မွာ ေမးျမန္း ေရးသားခဲ့ၿပီး ရက္ဖို႔ဒ္က

ခ်က္ခ်င္းဆိုသလိုပဲ “အတည္ပါ x” ဆိုၿပီး အေၾကာင္းျပန္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ဆန္ခ်ိဳဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းဆီ ေရာက္ရွိဖို႔ ၉၉.၉၉ ရာခိုင္ႏႈန္း ေသခ်ာေနၿပီလို႔ ဆိုပါရေစ။