Unicode Version
မန်ချက်စတာ ယူနိုက်တက်ဂန္ထဝင် နည်းပြဟောင်း ဆာအဲလက်ဖာဂူဆန်က ယူနိုက်တက်တို့အနေနဲ့ အက်စ်တွန်ဗီလာ ကွင်းလယ်ကစားသမား ဂျွန်မက်ကင်းကို ခေါ်ယူသင့်တယ်လို့ အသင်းရဲ့ နည်းစနစ်ဒါရိုက်တာဖြစ်သူ ဒါရင်းဖလက်ချာကို အကြံပေးထားပါတယ်။
ဂျွန်မက်ကင်းဟာ လွန်ခဲ့တဲ့သုံးနှစ်က Hibernian အသင်းက ဗီလာပါ့ခ်သို့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ခြေစွမ်းပြ နိုင်ခဲ့ကာ အက်စ်တွန်ဗီလာကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်သို့ တန်းတက်လာအောင် ကူညီပေးထားနိုင်ခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ် စကော့တလန် ကွင်းလယ် ကစားသမားဟာ အက်စ်တွန်ဗီလာ အတွက် သုံးရာသီအတွင်းမှာ ၁၁၁ ပွဲအထိ ပါဝင်ကစားခွင့် ရရှိခဲ့ပြီး ယခုနှစ်ဘောလုံးရာသီမှာ အသင်းကို
ပရီးမီးယားလိဂ်မှာ အဆင့် ၁၁ ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ဒင်းစမစ်ရဲ့အသင်းအတွက် လိဂ်ပွဲစဥ် ၃၈ ပွဲမှာ ၃၇ ပွဲအထိ ကစားခွင့်ရရှိထားတဲ့ ကစားသမားဖြစ်ပါတယ်။
ကွင်းလယ်အထိုင် ကစားသမားသစ် ရှာဖွေနေတဲ့ ယူနိုက်တက်ရဲ့ ကစားသမားအဝယ်စာရင်းမှာ မက်ကင်း ပါဝင်နေတယ်လို့ The Athletic က ဆိုထားပြီး ဖာဂူဆန် ကိုယ်တိုင်ကလည်း မက်ကင်းကိုခေါ်ယူဖို့ ဖလက်ချာကို တိုက်တွန်းထားပါတယ်။
ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်မှာ တောက်ပခဲ့တဲ့ စကော့တလန် လက်ရွေးစင်ဟောင်း ဖလက်ချာဟာ သရဲနီတွေအတွက် လိဂ်ပွဲစဥ် ၂၂၃ ပွဲအထိ ကစားပေးခဲ့ပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္ဂႏၳဝင္ နည္းျပေဟာင္း ဆာအဲလက္ဖာဂူဆန္က ယူနိုက္တက္တို႔အေနနဲ႕ အက္စ္တြန္ဗီလာ ကြင္းလယ္ကစားသမား ဂြၽန္မက္ကင္းကို ေခၚယူသင့္တယ္လို႔ အသင္းရဲ႕ နည္းစနစ္ဒါရိုက္တာျဖစ္သူ ဒါရင္းဖလက္ခ်ာကို အႀကံေပးထားပါတယ္။
ဂြၽန္မက္ကင္းဟာ လြန္ခဲ့တဲ့သုံးႏွစ္က Hibernian အသင္းက ဗီလာပါ့ခ္သို႔ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ေျခစြမ္းျပ နိုင္ခဲ့ကာ အက္စ္တြန္ဗီလာကို ခ်န္ပီယံရွစ္ကေန ပရီးမီးယားလိဂ္သို႔ တန္းတက္လာေအာင္ ကူညီေပးထားနိုင္ခဲ့ပါတယ္။
အသက္ ၂၆ ႏွစ္အ႐ြယ္ စေကာ့တလန္ ကြင္းလယ္ ကစားသမားဟာ အက္စ္တြန္ဗီလာ အတြက္ သုံးရာသီအတြင္းမွာ ၁၁၁ ပြဲအထိ ပါဝင္ကစားခြင့္ ရရွိခဲ့ၿပီး ယခုႏွစ္ေဘာလုံးရာသီမွာ အသင္းကို
ပရီးမီးယားလိဂ္မွာ အဆင့္ ၁၁ ရရွိေအာင္ စြမ္းေဆာင္ ေပးနိုင္ခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ ဒင္းစမစ္ရဲ႕အသင္းအတြက္ လိဂ္ပြဲစဥ္ ၃၈ ပြဲမွာ ၃၇ ပြဲအထိ ကစားခြင့္ရရွိထားတဲ့ ကစားသမားျဖစ္ပါတယ္။
ကြင္းလယ္အထိုင္ ကစားသမားသစ္ ရွာေဖြေနတဲ့ ယူနိုက္တက္ရဲ႕ ကစားသမားအဝယ္စာရင္းမွာ မက္ကင္း ပါဝင္ေနတယ္လို႔ The Athletic က ဆိုထားၿပီး ဖာဂူဆန္ ကိုယ္တိုင္ကလည္း မက္ကင္းကိုေခၚယူဖို႔ ဖလက္ခ်ာကို တိုက္တြန္းထားပါတယ္။
ယူနိုက္တက္နဲ႕ ပရီးမီးယားလိဂ္မွာ ေတာက္ပခဲ့တဲ့ စေကာ့တလန္ လက္ေ႐ြးစင္ေဟာင္း ဖလက္ခ်ာဟာ သရဲနီေတြအတြက္ လိဂ္ပြဲစဥ္ ၂၂၃ ပြဲအထိ ကစားေပးခဲ့ပါတယ္။