Spots news

ရက်ဖို့ နဲ့ မာရှယ် ကို ဂိုးဝင်အောင် ကန်ပေးပါ လို့ တောင်းပန်ထား ရတယ် – ဘရူနိုဖာနန်ဒက်စ်

Unicode Version

လက်ရှိ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဝတ်လဲခန်း နဲ့ ထရိန်နင် မှာ ဦးဆောင် ထားနိုင်တဲ့ ဘရူနို ဖာနန်ဒက်စ် တစ်ယောက်ဟာ အသင်းရဲ့ ကစားသမား များနဲ့ တရင်းတနီး နေလေ့ ရှိသူပါ။သူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်း အရွေ့မှ စပို့တင်းလစ္စဘွန်း အသင်း ကနေ မန်ချက်စတာ  ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ လာသူ ဖြစ်ပေမယ့် ရောက်ရောက်ချင်း ချက်ချင်း ပွဲထွက်ခွင့် ရခဲ့ကာ အသင်းနဲ့ အလျင်အမြန် အထိုင်ကျသွား ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အတွက် မရှိမဖြစ် အဓိက ကစားသမား တစ်ဦး ဖြစ်လာခဲ့ ပါတယ်။သူဟာ ထရိန်နင် မှာ အသင်းဖော်တွေ နဲ့ ပျော်ပျော်ပါးပါး ထရိန်နင် ဆင်းလေ့ရှိပြီး ပျော်ရွှင်စွာ နေတတ်သူ ဖြစ်ပါတယ်။

ဘရူနိုက “ အသင်းဖော် တွေနဲ့ စနောက် ရတာကို ကျနော် သဘော ကျတယ်။ အစောပိုင်းမှာ ကျနော် ပြောခဲ့ သလိုပေါ့ ကျနော်တို့က မိသားစုကြီး  တစ်ခုလိုပဲ။ ထရိန်နင် မှာလည်း အချိန်တွေ အကြာကြီး အတူရှိနေ ကြတယ်။ ဟိုတယ် တွေ သွားတယ်၊ ပွဲကန်ဖို့ ခရီးတွေ ထွက်တယ်။ ဒါကြောင့် အချိန်တိုင်း လိုလို ကျနော်တို့ အားလုံး အတူ ရှိကြပါတယ်။ ဒီလို ကောင်းမွန်တဲ့ ရင်းနှီးမှုမျိုး၊ ဆက်ဆံ ရေးမျိုးက ကျနော်တို့တွေ ကြားမှာ ရှိဖို့ လိုပါတယ် ”

“ Rashford နဲ့ Martial ကြား မှာလည်း ဒီလိုနောက်ပြောင် နေတာတွေ အမြဲ ရှိပါတယ်။ သူတို့ပြေးလမ်း ထဲကို ဘောလုံးထိုး ပေးတဲ့ အခါတိုင်း ကျနော်အမြဲ သူတို့ကို သတိပေးတယ် ။ဘယ်တော့မှလည်း သူတို့ ဝင်အောင် မကန်ကြဘူး။ ကျနော် ဂိုး ဖန်တီးမှုတွေ ရအောင် သူတို့ဘယ်တော့မှ ဝင်အောင် မကန်ဘူး။ လိဒ်စ်နဲ့ပွဲမှာ Martial လွဲခဲ့တဲ့ အလုံးကို ခင်ဗျားတို့ ပြန်ကြည့်လို့ ရတယ်။ လွဲသွားတာနဲ့ ကျနော် ချက်ချင်း သူ့ကို စိုက်ကြည့် လိုက်တယ်၊ ပြီးတော့ ပြုံးပြလိုက်တယ်။ ကျနော် ဘာပြောချင်မှန်း သူသိတယ်။ ဒါ ကောင်းတဲ့ အချက်ပဲ ”

“တစ်ခါတစ်လေ အသင်းဖော် တွေကို ခင်ဗျား အော်ပြောရမယ်၊ တစ်ခါတစ်ခါ ကျတော့လည်း ပုံစံမတူတဲ့ ကိစ္စတွေကို လုပ်အောင် သူတို့ကို တိုက်တွန်း ရတယ်။ ပွဲတစ်ပွဲရဲ့ အရေးကြီးတဲ့ အပိုင်းတွေမှာ ဒီလို ကိစ္စတွေလည်း ပါတယ်။ တစ်ခါတစ်လေ ပြုံးပြသလို၊ တစ်ခါတစ်လေ တော့လည်း တစ်ခြား တစ်ခုခုကို လုပ်ပြရတယ်။ ဒါပေမယ့် အရေးအကြီးဆုံး ကတော့ ကိုယ် အသင်း အတွက် အကောင်းဆုံး လုပ်နေတယ် ဆိုတာကို သူတို့ နားလည်ဖို့ပါပဲ” လို့ ပြောကြားသွား ခဲ့ ပါတယ်။

ဘရူနို ဖာနန်ဒက်ဟာ ၂၀၂၀ ခုနှစ် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ပွဲ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၁၈ဂိုး အထိ သွင်းယူ ပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၃ကြိမ် အထိ ပြုလုပ် နိုင်ခဲ့ ပါတယ်။ လက်ရှိ ယူနိုက်တက်မှာ သူ့ရဲ့ သွင်းဂိုး ၊ ဖန်တီးမှု ၊ အသင်း အပေါ် အကျိုး သက်ရောက်မှု တွေက အခြားသူ တွေထက် သိသိ သာသာ ထူးကဲ ကောင်းမွန် နေခဲ့ရ ပါတယ် ။

Zawgyi Version

လက္ရွိ မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ အဝတ္လဲခန္း နဲ႕ ထရိန္နင္ မွာ ဦးေဆာင္ ထားနိုင္တဲ့ ဘ႐ူနို ဖာနန္ဒက္စ္ တစ္ေယာက္ဟာ အသင္းရဲ႕ ကစားသမားမ်ားနဲ႕ တရင္းတနီး ေနေလ့ ရွိသူပါ။
သူဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ အေျပာင္း အေ႐ြ႕မွ စပို႔တင္းလစၥဘြန္း အသင္း ကေန မန္ခ်က္စတာ ယူနိုက္တက္ အသင္းထံ ေျပာင္းေ႐ႊ႕လာသူ ျဖစ္ေပမယ့္ ေရာက္ေရာက္ခ်င္း ခ်က္ခ်င္း ပြဲထြက္ခြင့္ ရခဲ့ကာ အသင္းနဲ႕ အလ်င္အျမန္ အထိုင္က်သြား ခဲ့ၿပီး မန္ခ်က္စတာ ယူနိုက္တက္ အတြက္ မရွိမျဖစ္ အဓိက ကစားသမား တစ္ဦး ျဖစ္လာခဲ့ ပါတယ္။သူဟာ ထရိန္နင္ မွာ အသင္းေဖာ္ေတြ နဲ႕ ေပ်ာ္ေပ်ာ္ပါးပါး ထရိန္နင္ ဆင္းေလ့ရွိၿပီး ေပ်ာ္႐ႊင္စြာ ေနတတ္သူ ျဖစ္ပါတယ္။

ဘ႐ူနိုက “ အသင္းေဖာ္ ေတြနဲ႕ စေနာက္ ရတာကို က်ေနာ္ သေဘာ က်တယ္။ အေစာပိုင္းမွာ က်ေနာ္ ေျပာခဲ့ သလိုေပါ့ က်ေနာ္တို႔က မိသားစုႀကီး တစ္ခုလိုပဲ။ ထရိန္နင္ မွာလည္း အခ်ိန္ေတြ အၾကာႀကီး အတူရွိေန ၾကတယ္။ ဟိုတယ္ ေတြ သြားတယ္၊ ပြဲကန္ဖို႔ ခရီးေတြ ထြက္တယ္။ ဒါေၾကာင့္ အခ်ိန္တိုင္း လိုလို က်ေနာ္တို႔ အားလုံး အတူ ရွိၾကပါတယ္။ ဒီလို ေကာင္းမြန္တဲ့ ရင္းႏွီးမႈမ်ိဳး၊ ဆက္ဆံ ေရးမ်ိဳးက က်ေနာ္တို႔ေတြ ၾကားမွာ ရွိဖို႔ လိုပါတယ္ ”

“ Rashford နဲ႕ Martial ၾကား မွာလည္း ဒီလိုေနာက္ေျပာင္ ေနတာေတြ အၿမဲ ရွိပါတယ္။ သူတို႔ေျပးလမ္း ထဲကို ေဘာလုံးထိုး ေပးတဲ့ အခါတိုင္း က်ေနာ္အၿမဲ သူတို႔ကို သတိေပးတယ္ ။ဘယ္ေတာ့မွလည္း သူတို႔ ဝင္ေအာင္ မကန္ၾကဘူး။ က်ေနာ္ ဂိုး ဖန္တီးမႈေတြ ရေအာင္ သူတို႔ဘယ္ေတာ့မွ ဝင္ေအာင္ မကန္ဘူး။ လိဒ္စ္နဲ႕ပြဲမွာ Martial လြဲခဲ့တဲ့ အလုံးကို ခင္ဗ်ားတို႔ ျပန္ၾကည့္လို႔ ရတယ္။ လြဲသြားတာနဲ႕ က်ေနာ္ ခ်က္ခ်င္း သူ႕ကို စိုက္ၾကည့္ လိုက္တယ္၊ ၿပီးေတာ့ ၿပဳံးျပလိုက္တယ္။ က်ေနာ္ ဘာေျပာခ်င္မွန္း သူသိတယ္။ ဒါ ေကာင္းတဲ့ အခ်က္ပဲ ”

“တစ္ခါတစ္ေလ အသင္းေဖာ္ ေတြကို ခင္ဗ်ား ေအာ္ေျပာရမယ္၊ တစ္ခါတစ္ခါ က်ေတာ့လည္း ပုံစံမတူတဲ့ ကိစၥေတြကို လုပ္ေအာင္ သူတို႔ကို တိုက္တြန္း ရတယ္။ ပြဲတစ္ပြဲရဲ႕ အေရးႀကီးတဲ့ အပိုင္းေတြမွာ ဒီလို ကိစၥေတြလည္း ပါတယ္။ တစ္ခါတစ္ေလ ၿပဳံးျပသလို၊ တစ္ခါတစ္ေလ ေတာ့လည္း တစ္ျခား တစ္ခုခုကို လုပ္ျပရတယ္။ ဒါေပမယ့္ အေရးအႀကီးဆုံး ကေတာ့ ကိုယ္ အသင္း အတြက္ အေကာင္းဆုံး လုပ္ေနတယ္ ဆိုတာကို သူတို႔ နားလည္ဖို႔ပါပဲ” လို႔ ေျပာၾကားသြား ခဲ့ ပါတယ္။

ဘ႐ူနို ဖာနန္ဒက္ဟာ ၂၀၂၀ ခုႏွစ္ အတြင္းမွာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းအတြက္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂၈ပြဲ ပါဝင္ ကစားေပးခဲ့ၿပီး သြင္းဂိုး ၁၈ဂိုး အထိ သြင္းယူ ေပးနိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၁၃ႀကိမ္ အထိ ျပဳလုပ္ နိုင္ခဲ့ ပါတယ္။ လက္ရွိ ယူနိုက္တက္မွာ သူ႕ရဲ႕ သြင္းဂိုး ၊ ဖန္တီးမႈ ၊ အသင္း အေပၚ အက်ိဳး သက္ေရာက္မႈ ေတြက အျခားသူ ေတြထက္ သိသိ သာသာ ထူးကဲ ေကာင္းမြန္ ေနခဲ့ရ ပါတယ္ ။