Spots news

စာချုပ်သစ်အတွက် ပေါ့ဘာနဲ့ ဆွေးနွေးမှုတွေ စတင်လိုက်တဲ့ မန်ချက်စတာ ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါပေါ့ဘာကို စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ပေါ့ဘာရဲ့ အေးဂျင့်တွေနဲ့ တရားဝင် ဆွေးနွေးမှုတွေကို စတင်လိုက်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြမှုတွေအရ သိရှိရပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့သူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဆက်ရှိနေဖို့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ကစားသမား တဦးလည်း ဖြစ်ပါတယ်။

ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် သူ့ရဲ့ ကစားသမား ဘဝ အမြင့်မားဆုံး အောင်မြင်မှုတွေကို အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းမှာ ရရှိခဲ့ပြီး

ဂျူဗင်တပ်အသင်း ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၀၅သန်းနဲ့ ပြန်လည် ပြောင်းရွှေ့လာအပြီးမှာ အသင်းနဲ့ ယူရိုပါလိဂ်ဖလား တလုံး ၊ ကားလင်းဖလား တလုံးနဲ့ ကွန်မြူနတီဒိုင်း တကြိမ်တို့ကိုသာ ရရှိခဲ့ပါတယ်။

ဒါကြောင့်ပဲ ပေါ့ဘာဟာ ဥရောပ ချန်ပီယံလိဂ် ဆုဖလားကို စိန်ခေါ်နိုင်မယ့် ထိပ်တန်းအသင်း တသင်းဆီ ပြောင်းရွှေ့ချင်နေပြီး မန်ချက်စတာ ယူနိုက်တက် ကတော့ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ပေါ့ဘာကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းဖို့ ဆန္ဒရှိနေပါတယ်။

Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယနေ့မှာ ပေါလ်ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူတွေနဲ့ စတင် တွေ့ဆုံကာ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေကို တရားဝင် စတင်ခဲ့ပြီ ဖြစ်ကာ

ပေါ့ဘာဘက်က အသင်းမှာ ဆက်နေဖို့ မရေမရာ ဖြစ်နေပေမယ့် ယူနိုက်တက်ဘက် ကတော့ ပေါ့ဘာကို မရောင်းချချင်သလို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းထားချင်ကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ပေါ့ဘာကို ခေါ်ယူဖို့ အတွက် ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီ ၊ လာလီဂါ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် ၊ ပေါ့ဘာရဲ့ အသင်းဟောင်း ဖြစ်တဲ့

ဂျူဗင်တပ်အသင်းတို့က စိတ်ဝင်စားနေပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားနဲ့ တာဝန်ရှိသူတွေဟာ ပေါ့ဘာကို အသင်းရဲ့ မရှိမဖြစ် အဓိက ကစားသမား အဖြစ် ရှုမြင် နေကြပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ သူတို႔အသင္းရဲ႕ ျပင္သစ္ လက္ေ႐ြးစင္ ကြင္းလယ္လူ ေပါေပါ့ဘာကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ အတြက္ ေပါ့ဘာရဲ႕ ေအးဂ်င့္ေတြနဲ႕ တရားဝင္ ေဆြးေႏြးမႈေတြကို စတင္လိုက္ေၾကာင္း အဂၤလန္ အေျခစိုက္ သတင္းဌာနေတြရဲ႕ ေဖာ္ျပမႈေတြအရ သိရွိရပါတယ္။

အသက္ ၂၈ႏွစ္ အ႐ြယ္ ျပင္သစ္ လက္ေ႐ြးစင္ ကြင္းလယ္လူ ေပါ့ဘာဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ရွိေတာ့သူ ျဖစ္ၿပီး မန္ခ်က္စတာ ယူနိုက္တက္အသင္းမွာ ဆက္ရွိေနဖို႔ အနာဂတ္ မေရမရာ ျဖစ္ေနတဲ့ ကစားသမား တဦးလည္း ျဖစ္ပါတယ္။

ေပါ့ဘာဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ လူငယ္ အကယ္ဒမီကေန ထြက္ေပၚလာတဲ့ ကစားသမား တဦး ျဖစ္ေပမယ့္ သူ႕ရဲ႕ ကစားသမား ဘဝ အျမင့္မားဆုံး ေအာင္ျမင္မႈေတြကို အီတလီ စီးရီးေအကလပ္ ဂ်ဴဗင္တပ္အသင္းမွာ ရရွိခဲ့ၿပီး

ဂ်ဴဗင္တပ္အသင္း ကေန မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၁၀၅သန္းနဲ႕ ျပန္လည္ ေျပာင္းေ႐ႊ႕လာအၿပီးမွာ အသင္းနဲ႕ ယူရိုပါလိဂ္ဖလား တလုံး ၊ ကားလင္းဖလား တလုံးနဲ႕ ကြန္ျမဴနတီဒိုင္း တႀကိမ္တို႔ကိုသာ ရရွိခဲ့ပါတယ္။

ဒါေၾကာင့္ပဲ ေပါ့ဘာဟာ ဥေရာပ ခ်န္ပီယံလိဂ္ ဆုဖလားကို စိန္ေခၚနိုင္မယ့္ ထိပ္တန္းအသင္း တသင္းဆီ ေျပာင္းေ႐ႊ႕ခ်င္ေနၿပီး မန္ခ်က္စတာ ယူနိုက္တက္ ကေတာ့ သူတို႔အသင္းရဲ႕ အဓိက ကြင္းလယ္လူ တဦး ျဖစ္သူ ေပါ့ဘာကို အသင္းမွာပဲ ဆက္လက္ ထိန္းသိမ္းဖို႔ ဆႏၵရွိေနပါတယ္။

Sky Sports သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ယေန႕မွာ ေပါလ္ေပါ့ဘာရဲ႕ ေအးဂ်င့္ျဖစ္သူေတြနဲ႕ စတင္ ေတြ႕ဆုံကာ စာခ်ဳပ္သစ္ အတြက္ ေဆြးေႏြးမႈေတြကို တရားဝင္ စတင္ခဲ့ၿပီ ျဖစ္ကာ

ေပါ့ဘာဘက္က အသင္းမွာ ဆက္ေနဖို႔ မေရမရာ ျဖစ္ေနေပမယ့္ ယူနိုက္တက္ဘက္ ကေတာ့ ေပါ့ဘာကို မေရာင္းခ်ခ်င္သလို အသင္းမွာပဲ ဆက္လက္ ထိန္းသိမ္းထားခ်င္ေၾကာင္း သိရပါတယ္။

လက္ရွိမွာေတာ့ ေပါ့ဘာကို ေခၚယူဖို႔ အတြက္ ျပင္သစ္ အင္အားႀကီးအသင္း ျဖစ္တဲ့ ပီအက္စ္ဂ်ီ ၊ လာလီဂါ အင္အားႀကီးအသင္းေတြ ျဖစ္တဲ့ ဘာစီလိုနာနဲ႕ ရီးရဲလ္မက္ဒရစ္ ၊ ေပါ့ဘာရဲ႕ အသင္းေဟာင္း ျဖစ္တဲ့

ဂ်ဴဗင္တပ္အသင္းတို႔က စိတ္ဝင္စားေနေပမယ့္ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ နည္းျပျဖစ္သူ ဆိုးလ္ရွားနဲ႕ တာဝန္ရွိသူေတြဟာ ေပါ့ဘာကို အသင္းရဲ႕ မရွိမျဖစ္ အဓိက ကစားသမား အျဖစ္ ရႈျမင္ ေနၾကပါတယ္။