Spots news

မန်ယူနိုက်တက်ကနေ ဘယ်တော့မှ မထွက်ခွာချင်ခဲ့ကြောင်း ဖွင့်ဟလာတဲ့ ဒေးဗစ်ဘက်ခမ်း

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာကာ ဂန္တဝင် ကျောနံပါတ် နံပါတ် ၇ကို ရယူနိုင်ပြီး ကမ္ဘာတလွှားမှာ ဘောလုံးမင်းသားလို့

နာမည်ကြီးခဲ့တဲ့ဂန္တဝင် ကွင်းလယ်လူ ဒေးဗစ် ဘက်ခမ်း ကတော့ သူဟာ ယူနိုက်တက် ကနေ ထွက်ခွာဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူးလို့ အင်တာဗျူးတခုမှာ ဖွင့်ဟ ပြောကြားသွားပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အအောင်မြင်ဆုံးနဲ့ ပရိသတ် အချစ်ဆုံး ကစားသမားတွေထဲက တဦး ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့

ကစားသမားဘဝ အမြင့်မားဆုံး အောင်မြင်မှုတွေကို ရယူနိုင်နေတဲ့ ၂၀၀၃ခုနှစ်မှာ ယူနိုက်တက် ကနေ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့သွားခဲ့သူပါ။

ထိုအချိန်တုန်းက ဘက်ခမ်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် တဦး ဖြစ်သလို အသင်းရဲ့ အဓိက ကစားသမားလည်း ဖြစ်ပေမယ့်

အသင်းနည်းပြ ဆာအဲလက်စ် ဖာဂူဆန်နဲ့ ပြဿနာ တချို့ ဖြစ်ပွားခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းဆီ ရောင်းထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ်းကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာ ကစားဖို့ ဆန္ဒလုံးဝမရှိခဲ့ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းက

သူ့ကို ရောင်းထုတ်တော့မယ်လို့ အသိပေးလာမှသာ ရီးရဲလ် မက်ဒရစ်အသင်းနဲ့ စတင် ဆွေးနွေးခဲ့တာ ဖြစ်ကြောင်း ရင်နာစွာနဲ့ ဆိုလာပါတယ်။

ဘက်ခမ်းက – “ကျွန်တော် မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာဖို့ မစဉ်းစားခဲ့ပါဘူး။ အသင်းဘက်က ကျွန်တော့်ကို ရောင်းထုတ်တော့မယ်လို့

အသိပေးလာတဲ့ အခါမှသာ ကျွန်တော်က ရီးရဲလ် မက်ဒရစ်အသင်းနဲ့ စတင် ဆွေးနွေးခဲ့တာပါ။ ကျွန်တော့်ရဲ့ အိမ်မက်တွေ အားလုံး ပျက်စီးသွားခဲ့ပါတယ်။

ကျွန်တော်က အခြားအသင်း တသင်းမှာ ကစားဖို့ ဆွေးနွေးခဲ့ရပါတယ်။ ကျွန်တော် ယူနိုက်တက်ရဲ့ ပွဲတွေကို ၂နှစ်လောက် မကြည့်နိုင်ခဲ့ပါဘူး။

ကျွန်တော် အချိန်အကြာကြီး ဝမ်းနည်းခဲ့ရပါတယ်။ အသင်းကနေ ထွက်ခွာဖို့ဟာ အတော်လေးကို ခက်ခဲခဲ့တာပါ။ ” လို့ ဝန်ခံသွားခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ လူငယ္ အကယ္ဒမီ ကေန ထြက္ေပၚလာကာ ဂႏၲဝင္ ေက်ာနံပါတ္ နံပါတ္ ၇ကို ရယူနိုင္ၿပီး ကမာၻတလႊားမွာ ေဘာလုံးမင္းသားလို႔

နာမည္ႀကီးခဲ့တဲ့ဂႏၲဝင္ ကြင္းလယ္လူ ေဒးဗစ္ ဘက္ခမ္း ကေတာ့ သူဟာ ယူနိုက္တက္ ကေန ထြက္ခြာဖို႔ ဘယ္တုန္းကမွ မစဥ္းစားခဲ့ဖူးဘူးလို႔ အင္တာဗ်ဴးတခုမွာ ဖြင့္ဟ ေျပာၾကားသြားပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ အေအာင္ျမင္ဆုံးနဲ႕ ပရိသတ္ အခ်စ္ဆုံး ကစားသမားေတြထဲက တဦး ျဖစ္တဲ့ ေဒးဗစ္ဘက္ခမ္းဟာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းနဲ႕

ကစားသမားဘဝ အျမင့္မားဆုံး ေအာင္ျမင္မႈေတြကို ရယူနိုင္ေနတဲ့ ၂၀၀၃ခုႏွစ္မွာ ယူနိုက္တက္ ကေန ရီးရဲလ္မက္ဒရစ္ အသင္းထံ ေျပာင္းေ႐ႊ႕သြားခဲ့သူပါ။

ထိုအခ်ိန္တုန္းက ဘက္ခမ္းဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ အသင္းေခါင္းေဆာင္ တဦး ျဖစ္သလို အသင္းရဲ႕ အဓိက ကစားသမားလည္း ျဖစ္ေပမယ့္

အသင္းနည္းျပ ဆာအဲလက္စ္ ဖာဂူဆန္နဲ႕ ျပႆနာ တခ်ိဳ႕ ျဖစ္ပြားခဲ့တာေၾကာင့္ ရီးရဲလ္မက္ဒရစ္ အသင္းဆီ ေရာင္းထုတ္ခံခဲ့ရတာ ျဖစ္ပါတယ္။

ေဒးဗစ္ဘက္ခမ္းကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္းကေန ထြက္ခြာ ကစားဖို႔ ဆႏၵလုံးဝမရွိခဲ့ပဲ မန္ခ်က္စတာ ယူနိုက္တက္အသင္းက

သူ႕ကို ေရာင္းထုတ္ေတာ့မယ္လို႔ အသိေပးလာမွသာ ရီးရဲလ္ မက္ဒရစ္အသင္းနဲ႕ စတင္ ေဆြးေႏြးခဲ့တာ ျဖစ္ေၾကာင္း ရင္နာစြာနဲ႕ ဆိုလာပါတယ္။

ဘက္ခမ္းက – “ကြၽန္ေတာ္ မန္ခ်က္စတာ ယူနိုက္တက္ အသင္းကေန ထြက္ခြာဖို႔ မစဥ္းစားခဲ့ပါဘူး။ အသင္းဘက္က ကြၽန္ေတာ့္ကို ေရာင္းထုတ္ေတာ့မယ္လို႔

အသိေပးလာတဲ့ အခါမွသာ ကြၽန္ေတာ္က ရီးရဲလ္ မက္ဒရစ္အသင္းနဲ႕ စတင္ ေဆြးေႏြးခဲ့တာပါ။ ကြၽန္ေတာ့္ရဲ႕ အိမ္မက္ေတြ အားလုံး ပ်က္စီးသြားခဲ့ပါတယ္။

ကြၽန္ေတာ္က အျခားအသင္း တသင္းမွာ ကစားဖို႔ ေဆြးေႏြးခဲ့ရပါတယ္။ ကြၽန္ေတာ္ ယူနိုက္တက္ရဲ႕ ပြဲေတြကို ၂ႏွစ္ေလာက္ မၾကည့္နိုင္ခဲ့ပါဘူး။

ကြၽန္ေတာ္ အခ်ိန္အၾကာႀကီး ဝမ္းနည္းခဲ့ရပါတယ္။ အသင္းကေန ထြက္ခြာဖို႔ဟာ အေတာ္ေလးကို ခက္ခဲခဲ့တာပါ။ ” လို႔ ဝန္ခံသြားခဲ့ပါတယ္။