Spots news

မဟာပြိုင်ဘက် အင်္ဂလန်ကို ရှုံးနိမ့်မှုနဲ့အတူ ဂျာမနီရဲ့ နောက်ထပ် ထပ်ဆင့်အရှုံးတစ်ခု

Unicode Version

တိုနီခရူးစ်သည် ဂျာမနီလက်ရွေးစင်အသင်း ကစားသမားအဖြစ်မှ အနားယူလိုက်ပြီဖြစ်သည်။ အသက် ၃၁ နှစ်အရွယ်ရှိ ခရူးစ်သည် အင်္ဂလန်ကို ရှုံးနိမ့်သည့်ပွဲအပြီးတွင် ဂျာမနီလက်ရွေးစင်အသင်းမှ အနားယူကြောင်း ကြေညာခဲ့သည်။ ရီးရဲမက်ဒရစ်ကွင်းလယ်ကစားသမား ခရူးစ်က

အသက်သုံးဆယ် နှောင်းပိုင်းကာလများအထိ ဘောလုံးကစားရန် ရည်ရွယ်ထားခြင်း မရှိကြောင်းလည်း ပြောဆိုခဲ့သည်။ ခရူးစ်က သူပြောခဲ့သည့် စကားများအတိုင်း လက်ရွေးစင်အသင်းမှ အနားယူခြင်းဖြစ်ကြောင်း ဂျာမန်သတင်းစာ ဘိုင်းက ဖော်ပြသည်။

ခရူးစ်သည် ယူရို-၂၀၂၁ တွင် ဂျာမနီအသင်းအတွက် ပွဲစဉ်တိုင်း အချိန်ပြည့် ပါဝင်ကစားခဲ့သော်လည်း အင်္ဂလန်အသင်း၏ အနိုင်ယူမှုကိုမူ တားဆီးနိုင်ခြင်းမရှိခဲ့ချေ။ “အင်္ဂလန်အသင်း

အဖွင့်ဂိုးမရခင်အထိ အပြန်အလှန် ကစားနေရတဲ့ပွဲပါ။ တစ်သင်းနဲ့တစ်သင်း အပြန်အလှန် ထိုးဖောက်ကြပါတယ်။ ဂျာမနီဟာ ခက်ခဲတဲ့ အုပ်စုထဲမှာ ရောက်နေခဲ့ပြီး အိမ်ပြန်စောရတဲ့အတွက် ဝမ်းနည်းရပါတယ်”ဟု ခရူးစ်က ပြောဆိုခဲ့သည်။

ခရူးစ်သည် ယူရို-၂၀၂၁ တွင် ဂိုးကန်သွင်းမှု တစ်ကြိမ်မှ ပြုလုပ်နိုင်ခြင်းမရှိဘဲ ခြေစွမ်းလည်း မပြနိုင်ခဲ့ပေ။ ရီးရဲမက်ဒရစ်ကွင်းလယ်ကစားသမား ခရူးစ်သည် ဂျာမနီအသင်းအတွက် ၁၀၆ ပွဲကစားပြီး အသင်းဖော် မူလာနှင့်အတူ ၇ ယောက်မြောက်

ပွဲအများဆုံး ကစားသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ခရူးစ်သည် ဂျာမနီလက်ရွေးစင်အသင်းအတွက် ၁၇ ဂိုး သွင်းပေးခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားတွင် ဆွီဒင်အတွက် သွင်းယူခဲ့သည့်ဂိုးမှာ ထင်ရှားသည်။ ၂၀၁၄ ကမ္ဘာ့ဖလား ရရှိခဲ့သည့် ဂျာမနီအသင်းတွင် ခရူးစ် ပါဝင်ကစားခဲ့သည်။

Zawgyi Version

တိုနီခ႐ူးစ္သည္ ဂ်ာမနီလက္ေ႐ြးစင္အသင္း ကစားသမားအျဖစ္မွ အနားယူလိုက္ၿပီျဖစ္သည္။ အသက္ ၃၁ ႏွစ္အ႐ြယ္ရွိ ခ႐ူးစ္သည္ အဂၤလန္ကို ရႈံးနိမ့္သည့္ပြဲအၿပီးတြင္ ဂ်ာမနီလက္ေ႐ြးစင္အသင္းမွ အနားယူေၾကာင္း ေၾကညာခဲ့သည္။ ရီးရဲမက္ဒရစ္ကြင္းလယ္ကစားသမား ခ႐ူးစ္က

အသက္သုံးဆယ္ ေႏွာင္းပိုင္းကာလမ်ားအထိ ေဘာလုံးကစားရန္ ရည္႐ြယ္ထားျခင္း မရွိေၾကာင္းလည္း ေျပာဆိုခဲ့သည္။ ခ႐ူးစ္က သူေျပာခဲ့သည့္ စကားမ်ားအတိုင္း လက္ေ႐ြးစင္အသင္းမွ အနားယူျခင္းျဖစ္ေၾကာင္း ဂ်ာမန္သတင္းစာ ဘိုင္းက ေဖာ္ျပသည္။

ခ႐ူးစ္သည္ ယူရို-၂၀၂၁ တြင္ ဂ်ာမနီအသင္းအတြက္ ပြဲစဥ္တိုင္း အခ်ိန္ျပည့္ ပါဝင္ကစားခဲ့ေသာ္လည္း အဂၤလန္အသင္း၏ အနိုင္ယူမႈကိုမူ တားဆီးနိုင္ျခင္းမရွိခဲ့ေခ်။ “အဂၤလန္အသင္း

အဖြင့္ဂိုးမရခင္အထိ အျပန္အလွန္ ကစားေနရတဲ့ပြဲပါ။ တစ္သင္းနဲ႕တစ္သင္း အျပန္အလွန္ ထိုးေဖာက္ၾကပါတယ္။ ဂ်ာမနီဟာ ခက္ခဲတဲ့ အုပ္စုထဲမွာ ေရာက္ေနခဲ့ၿပီး အိမ္ျပန္ေစာရတဲ့အတြက္ ဝမ္းနည္းရပါတယ္”ဟု ခ႐ူးစ္က ေျပာဆိုခဲ့သည္။

ခ႐ူးစ္သည္ ယူရို-၂၀၂၁ တြင္ ဂိုးကန္သြင္းမႈ တစ္ႀကိမ္မွ ျပဳလုပ္နိုင္ျခင္းမရွိဘဲ ေျခစြမ္းလည္း မျပနိုင္ခဲ့ေပ။ ရီးရဲမက္ဒရစ္ကြင္းလယ္ကစားသမား ခ႐ူးစ္သည္ ဂ်ာမနီအသင္းအတြက္ ၁၀၆ ပြဲကစားၿပီး အသင္းေဖာ္ မူလာႏွင့္အတူ ၇ ေယာက္ေျမာက္

ပြဲအမ်ားဆုံး ကစားသူအျဖစ္ မွတ္တမ္းဝင္ခဲ့သည္။ ခ႐ူးစ္သည္ ဂ်ာမနီလက္ေ႐ြးစင္အသင္းအတြက္ ၁၇ ဂိုး သြင္းေပးခဲ့ၿပီး ၂၀၁၈ ကမာၻ႔ဖလားတြင္ ဆြီဒင္အတြက္ သြင္းယူခဲ့သည့္ဂိုးမွာ ထင္ရွားသည္။ ၂၀၁၄ ကမာၻ႔ဖလား ရရွိခဲ့သည့္ ဂ်ာမနီအသင္းတြင္ ခ႐ူးစ္ ပါဝင္ကစားခဲ့သည္။