Spots news

ကာဗာနီရဲ့ ကျောနံပါတ် ၇ ကိုတောင်းဆိုလိုက်တဲ့ ယူနိုက်တက်ရဲ့ ကစားသမားသစ် ဆန်ချို

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ နံပါတ် ၇ ဟာ ယူနိုက်တက်ရဲ့ သမိုင်းမှာ အောင်မြင်မှုတွေ အများအပြားရရှိထားတဲ့ နံပါတ်တစ်ခုဖြစ်သလို ဂျော့ဘက်စ်၊ ဘရိုင်ယန်ရော့ဘ်ဆင်၊ အဲရစ်ကန်တိုနာ၊

ဒေးဗစ်ဘက်ခမ်းနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့လို ထိပ်တန်းကစားသမားတွေပဲ ဝတ်ဆင်ခဲ့တာ ဖြစ်ပေမယ့် ဒီမာရီယာ၊ အလက်စစ်ဆန်းချက်နဲ့ မမ်းဖစ်ဒီပေးတို့ကတော့ နံပါတ် ၇ နဲ့ အောင်မြင်မှု မရရှိခဲ့ကြပါဘူး။

နံပါတ် ၇ ကိုဆက်ခံခဲ့တဲ့ ဒုတိယမျိုးဆက်ကတော့ အောင်မြင်သင့်သလောက် အောင်မြင်ခဲ့ခြင်း မရှိပဲ လက်ရှိ နံပါတ် ၇ ပိုင်ရှင် တိုက်စစ်မှူး အက်ဒီဆင် ကာဗာနီကတော့ ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

လက်ရှိမာတော့ ယူနိုက်တက်ဟာ ဆန်ချိုကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တာကြောင့် ဆန်ချိုက သူ့ရဲ့လပ်ကီးနံပါတ်ဖြစ်တဲ့ နံပါတ် ၇ ကိုတောင်းဆိုလာပါတယ်။ အဲ့ဒါကြောင့် ကာဗာနီအနေနဲ့ လာမယ့် ၂၀၂၁- ၂၂ ရာသီမှာ နံပါတ်အသစ်ကို ပြောင်းလဲဝတ်ဆင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

သတင်းတွေအရတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပြင်သစ် တိုက်စစ်မှူး အန်တိုနီမာရှယ်ရဲ့ အနာဂတ်က မတည်ငြိမ်တော့တာကြောင့် ကာဗာနီ အနေနဲ့ လာမယ့်ရာသီမှာ နံပါတ် ၉ ကိုပိုင်ဆိုင်ခွင့် ရရှိနိုင်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ထို့ကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ရာသီသစ်တိုက်စစ်မှာ ကာဗာနီက အထောင်၊ ရက်ရှ်ဖို့ဒ်က ဘယ်တောင်ပံနဲ့ ဆန်ချိုက ညာတောင်ပံတို့မှာ ကစားပြီး မေဆင်ဂရင်းဝုဒ်က အရန်အနေနဲ့ ကစားသွားဖွယ် ရှိပါတယ်။

ဘရူနိုဖာနန်ဒက်စ်နဲ့ ပေါလ်ပေါ့ဂ်ဘာကတော့ ကွင်းလယ်ကနေ တိုက်စစ်ကို လိုက်ပါမှာဖြစ်ပြီး ယူနိုက်တက်ရဲ့ ပွဲထွက်လူစာရင်းကတော့ အားရစရာဖြစ်လာခဲ့ပါတယ်။ ဂျာဒန်ဆန်ချိုရဲ့ပြောင်းရွှေ့ကြေး

အတိအကျကတော့ အခုထိ သေချာမသိရသေးပေမယ့် ဆန်ချိုက ဟယ်ရီမက်ဂွာရီနဲ့ ပေါလ်ပေါ့ဂ်ဘာတို့ပြီးရင် ယူနိုက်တက်သမိုင်းမှာ ဈေးအကြီးဆုံး ကစားသမား ဖြစ်လာမှာသေချာနေပါတယ်။

Zawgyi Version







