Spots news

ဆန်ချိုကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ‌ဗာရန်းကိုပါ ခေါ်ယူဖို့ အခြေအနေကောင်းနေတဲ့ မန်ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမား ဖြစ်သူ ဆန်ချိုကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီးနောက် စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နောက်ခံလူ ဗာရန်းကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ညာတောင်ပံ ၊ ဗဟိုခံစစ် ၊ ကွင်းလယ် နဲ့ တိုက်စစ်မှူး တဦး တို့ကို ခေါ်ယူဖို့ စီစဉ်ထားပြီး ညာတောင်ပံနေရာ အတွက် ဆန်ချိုကို ရရှိပြီးနောက် ဗဟိုခံစစ် အတွက် ရီးရဲလ် မက်ဒရစ်အသင်းရဲ့ ဗာရန်းကို ခေါ်ယူဖို့ အာရုံစိုက် ကြိုးစားချိန်ရရှိ လာခဲ့တာ ဖြစ်ပါတယ်။

ဗာရန်းဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ် ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းက ဗာရန်းကို စာချုပ်သစ်အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်နေပေမယ့် ဗာရန်းကတော့ ပရီးမီးယားလိဂ်ကို အသင်းပြောင်းဖို့ ဆုံးဖြတ်ထားပါတယ်။

ထို့ကြောင့် ရီးရဲလ်မက်ဒရစ် ဟာ ဗာရန်းကို လာမယ့် ရာသီမှာ အလွတ်နဲ့ လက်မလွှတ်ချင်တာ ကြောင့် ယခုနှစ် နွေရာသီမှာ ရောင်းချဖို့ ပြင်ဆင်နေပြီး ဗာရန်းအတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ၅၀သန်းကြား အလိုရှိနေတယ်လို့ စပိန် သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

ESPN ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဆန်ချိုကို ခေါ်ယူပြီးနောက် ဗာရန်းရဲ့ အပြောင်းအရွှေ့ အတွက် ဆက်လက် ကြိုးစားနေရာ အောင်မြင်မှုတွေ ရရှိနေပြီး ဗာရန်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ဖို့ နီးစပ်နေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းနဲ့ သဘောတူညီမှု ရခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းက လိုချင်နေတဲ့ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ၅၀သန်း ဝန်းကျင်ကို အလွယ်တကူ ပေးချေနိုင်တာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ဟာ ရက်ပိုင်းဝန်းကျင်ပဲ အချိန်ယူရဖွယ် ရှိပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အသင္းရဲ႕ အဓိက ပစ္မွတ္ ကစားသမား ျဖစ္သူ ဆန္ခ်ိဳကို ေခၚယူဖို႔ သေဘာတူညီမႈ ရယူနိုင္ခဲ့ၿပီးေနာက္ စပိန္လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္ အသင္းရဲ႕ ေနာက္ခံလူ ဗာရန္းကို ေခၚယူနိုင္ဖို႔ နီးစပ္ေနေၾကာင္း နာမည္ႀကီး သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ညာေတာင္ပံ ၊ ဗဟိုခံစစ္ ၊ ကြင္းလယ္ နဲ႕ တိုက္စစ္မႉး တဦး တို႔ကို ေခၚယူဖို႔ စီစဥ္ထားၿပီး ညာေတာင္ပံေနရာ အတြက္ ဆန္ခ်ိဳကို ရရွိၿပီးေနာက္ ဗဟိုခံစစ္ အတြက္ ရီးရဲလ္ မက္ဒရစ္အသင္းရဲ႕ ဗာရန္းကို ေခၚယူဖို႔ အာ႐ုံစိုက္ ႀကိဳးစားခ်ိန္ရရွိ လာခဲ့တာ ျဖစ္ပါတယ္။

ဗာရန္းဟာ ရီးရဲလ္မက္ဒရစ္ အသင္းနဲ႕ စာခ်ဳပ္ ၁ႏွစ္သာ က်န္ေတာ့တဲ့ ကစားသမား ျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းက ဗာရန္းကို စာခ်ဳပ္သစ္အတြက္ ကမ္းလွမ္းမႈေတြ ျပဳလုပ္ေနေပမယ့္ ဗာရန္းကေတာ့ ပရီးမီးယားလိဂ္ကို အသင္းေျပာင္းဖို႔ ဆုံးျဖတ္ထားပါတယ္။

ထို႔ေၾကာင့္ ရီးရဲလ္မက္ဒရစ္ ဟာ ဗာရန္းကို လာမယ့္ ရာသီမွာ အလြတ္နဲ႕ လက္မလႊတ္ခ်င္တာ ေၾကာင့္ ယခုႏွစ္ ေႏြရာသီမွာ ေရာင္းခ်ဖိဳ႕ ျပင္ဆင္ေနၿပီး ဗာရန္းအတြက္ အနိမ့္ဆုံး ေျပာင္းေ႐ႊ႕ေၾကး ယူရို ၄၀သန္းနဲ႕ ၅၀သန္းၾကား အလိုရွိေနတယ္လို႔ စပိန္ သတင္းဌာနေတြက ေဖာ္ျပခဲ့ပါတယ္။

ESPN ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ဆန္ခ်ိဳကို ေခၚယူၿပီးေနာက္ ဗာရန္းရဲ႕ အေျပာင္းအေ႐ႊ႕ အတြက္ ဆက္လက္ ႀကိဳးစားေနရာ ေအာင္ျမင္မႈေတြ ရရွိေနၿပီး ဗာရန္းနဲ႕ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရယူနိုင္ဖို႔ နီးစပ္ေနေၾကာင္း သိရပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဗာရန္းနဲ႕ သေဘာတူညီမႈ ရခဲ့ၿပီး ရီးရဲလ္မက္ဒရစ္အသင္းက လိုခ်င္ေနတဲ့ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၄၀သန္းနဲ႕ ၅၀သန္း ဝန္းက်င္ကို အလြယ္တကူ ေပးေခ်နိဳင္တာေၾကာင့္ အေျပာင္းအေ႐ႊ႕ ျဖစ္ေျမာက္ဖို႔ဟာ ရက္ပိုင္းဝန္းက်င္ပဲ အခ်ိန္ယူရဖြယ္ ရွိပါတယ္။