Spots news

မန်ယူနိုက်တက်မှာ ကစားဖို့ လုပ်ခလစာငွေ လျော့ယူနိုင်ချေရှိနေတဲ့ ရော်နယ်ဒို

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ စီးရီးအေ ကလပ် ဂျူဗင်တပ်အသင်းမှာ ကစားနေတဲ့ အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ဆီသို့ ကမ်းလှမ်းမှုများ ပြုလုပ်ထားကြောင်း အီတလီ သတင်းစာများက ဖော်ပြသွားပါတယ်။

ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကာလရှည် အဓိက ပစ်မှတ်ဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တာကြောင့် အသင်းရဲ့ ကစားသမားသစ် ခေါ်ယူမှုကို ပိုမို အာရုံစိုက်လာနေပြီ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အသက် ၃၆နှစ် အရွယ် ရှိနေပေမယ့် လက်ရှိအချိန်အထိ ခြေစွမ်းပြနေပြီး ယူရို၂၀၂၀ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည်နိုင်နေသလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ဂျူဗင်တပ်အသင်း အတွက် သွင်းဂိုး ၃၆ဂိုး ၊ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ် ပေးထားပါတယ်။

ထို့ကြောင့် ယူနိုက်တက်ဟာ ရော်နယ်ဒိုကို ခေါ်ယူဖို့ ကြိုးစားနေပြီး ရော်နယ်ဒိုကလည်း နည်းပြသစ် အယ်လီဂရီနီ နဲ့ဆက်ဆံရေး မပြေလည်တဲ့ အတွက် အသင်းပြောင်းဖို့ စဉ်းစားနေကာ ယခုတပတ် အတွင်းမှာပဲ သူ့ရဲ့ အေးဂျင့်နဲ့ ဂျူဗင်တပ် အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ အတွက် ဂျူဗင်တပ်အသင်းနဲ့ မဆွေးနွေးမီ ရော်နယ်ဒိုကို ချဉ်းကပ်မှုတွေ ပြုလုပ်နေပြီး ရော်နယ်ဒို အနေနဲ့ သူတို့အသင်းထံ လာရောက် ကစားလိုပါက

ဂျူဗင်တပ်အသင်းမှာ ရရှိနေတဲ့ လုပ်ခလစာရဲ့ တဝက်ကိုသာ ယူရမှာ ဖြစ်ကြောင်း အသိပေးထားတယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ တနှစ်လုပ်ခ ယူရို ၃၁သန်း အထိ ရရှိနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ လက္ရွိအခ်ိန္မွာ စီးရီးေအ ကလပ္ ဂ်ဴဗင္တပ္အသင္းမွယ ကစားေနတဲ့ အသင္းရဲ႕ ကစားသမားေဟာင္းျဖစ္တဲ့ ေပၚတူဂီတိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္ဒို ဆီသို႔ ကမ္းလွမ္းမႈမ်ား ျပဳလုပ္ထားေၾကာင္း အီတလီ သတင္းစာမ်ားက ေဖာ္ျပသြားပါတယ္။

ယူနိုက္တက္အသင္းဟာ အသင္းရဲ႕ ကာလရွည္ အဓိက ပစ္မွတ္ျဖစ္တဲ့ ေဒါ့မြန္အသင္းရဲ႕ အဂၤလန္ လူငယ္ ေတာင္ပံ ကစားသမား ဆန္ခ်ိဳကို ေခၚယူဖို႔ သေဘာတူညီမႈ ရယူနိုင္ခဲ့တာေၾကာင့္ အသင္းရဲ႕ ကစားသမားသစ္ ေခၚယူမႈကို ပိုမို အာ႐ုံစိုက္လာေနၿပီ ျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ အသက္ ၃၆ႏွစ္ အ႐ြယ္ ရွိေနေပမယ့္ လက္ရွိအခ်ိန္အထိ ေျခစြမ္းျပေနၿပီး ယူရို၂၀၂၀ၿပိဳင္ပြဲရဲ႕ ဂိုးသြင္း အမ်ားဆုံး ကစားသမား အျဖစ္ ရပ္တည္နိုင္ေနသလို ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာလည္း ဂ်ဴဗင္တပ္အသင္း အတြက္ သြင္းဂိုး ၃၆ဂိုး ၊ ဂိုးဖန္တီးမႈ ၄ႀကိမ္ ျပဳလုပ္ ေပးထားပါတယ္။

ထို႔ေၾကာင့္ ယူနိုက္တက္ဟာ ေရာ္နယ္ဒိုကို ေခၚယူဖို႔ ႀကိဳးစားေနၿပီး ေရာ္နယ္ဒိုကလည္း နည္းျပသစ္ အယ္လီဂရီနီ နဲ႕ဆက္ဆံေရး မေျပလည္တဲ့ အတြက္ အသင္းေျပာင္းဖို႔ စဥ္းစားေနကာ ယခုတပတ္ အတြင္းမွာပဲ သူ႕ရဲ႕ ေအးဂ်င့္နဲ႕ ဂ်ဴဗင္တပ္ အသင္းရဲ႕ တာဝန္ရွိသူေတြနဲ႕ ေတြ႕ဆုံေဆြးေႏြးသြားမွာပဲ ျဖစ္ပါတယ္။

ယူနိုက္တက္ဟာ ေရာ္နယ္ဒိုရဲ႕ အေျပာင္းအေ႐ႊ႕ အတြက္ ဂ်ဴဗင္တပ္အသင္းနဲ႕ မေဆြးေႏြးမီ ေရာ္နယ္ဒိုကို ခ်ဥ္းကပ္မႈေတြ ျပဳလုပ္ေနၿပီး ေရာ္နယ္ဒို အေနနဲ႕ သူတို႔အသင္းထံ လာေရာက္ ကစားလိုပါက

ဂ်ဴဗင္တပ္အသင္းမွာ ရရွိေနတဲ့ လုပ္ခလစာရဲ႕ တဝက္ကိုသာ ယူရမွာ ျဖစ္ေၾကာင္း အသိေပးထားတယ္လို႔ သိရပါတယ္။ ေရာ္နယ္ဒိုဟာ တႏွစ္လုပ္ခ ယူရို ၃၁သန္း အထိ ရရွိေနတဲ့ ကစားသမားလည္း ျဖစ္ပါတယ္။