Spots news

အသင်းကြီးတွေကို အရှက်ခွဲ ခဲ့တဲ့ ဗီလာကို ဆုံးမပေးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

Unicode Version

ယခုနှစ် ဘောလုံး ရာသီ မှာ အသင်းကြီး တွေကို ဒုက္ခ‌ပေး ရုံသာ မက အရှက်ပါ ခွဲ ခွဲခဲ့တဲ့ ဗီလာကို
အိမ်ကွင်း အိုးထရက် ဖိုဒ့်မှာ 2-1 ဆိုသည့် ရလဒ်ဖြင့် အနိုင် ယူပြီး 2021 ကို စတင် ဖွင့်လှစ် ခဲ့ပါတယ်။

တိုက်စစ် အသားပေး ကစား သွားခဲ့တဲ့ အသင်းနှစ်သင်းရဲ့ အားပြိုင်မှု ဖြစ်လို့ ပွဲက နောက်ဆုံးမိနစ် အထိကို ကြည့်ကောင်း ခဲ့ပြီး နိုင်ပွဲ ရယူ နိုင်ခဲ့တဲ့ ယူနိုက်တက် ကတော့ ထိပ်ဆုံး နေရာက လီဗာပူးလ် ကို အကောင်းဆုံး ဖိအားပေး ထားနိုင်  ခဲ့ပါတယ် ။ နှစ်သင်း စလုံးရဲ့ ကွင်းလယ် ပြိုင်ဆိုင်မှု တွေကို မြင်တွေ့  ခဲ့ ရပြီး ပီးခဲ့တဲ့ ရာသီ က တန်းဆင်းဇုန် ရုန်းကန် ခဲ့ရတဲ့ ဗီလာ ကတော့ ယခု ရာသီ မှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသကာ ယခု အချိန်မှာ အဆင့် ၆ နေရာ မှာ ရပ်တည်  နေဆဲပါ။

မာရှယ် က ပထမပိုင်း မိနစ် ၄၀ မှာ ဘစ်ဆာကာ ရဲ့ ဖြတ်တင်ဘော က‌နေ အဖွင့်ဂိုး သွင်းယူ သွားခဲ့တာ ဖြစ်ပါတယ်။ ဖြတ်တင်ဘော တွေနဲ့ ပတ်သက်ပြီး ဝေဖန် ခံရလေ့ ရှိတဲ့ ဘစ်ဆာကာ တစ်ယောက် ယနေ့ပွဲမှာ သူ မဟုတ်သည့် အတိုင်း ပြုလုပ် သွားနိုင် ခဲ့ပြီး သူ့ရဲ့ အကောင်းဆုံး အပိုင်း ဖြစ်တဲ့ ကြုံသလို ဖျက်ထုတ် နိုင်မှု တွေကလဲ ယူနိုက်တက်ရဲ့ နိုင်ပွဲကို ကူညီပေး ခဲ့ပါတယ်။ အဖွင့်ဂိုး ရှင် မာရှယ်ဟာ ယူနိုက်တက်ရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၆ပွဲမှာ ၇ဂိုးအထိ ပါဝင် ပတ်သက် ထားခဲ့ပြီ ဖြစ်ပါတယ်။

ဒေါက်ဂလပ်စ် လူးဝစ်ဇ် နဲ့ မက်ဂင်း Vs ဖရက်ဒ် နဲ့ မက်တော်မီနေး တို့ရဲ့ ကွင်းလယ် ပြိုင်ဆိုင် မှုက နှစ်သင်း စလုံးရဲ့ ကစားအား ကို တွေ့ခဲ့ရပြီး မြိုင်ဆိုင်ပြီး ကြည့်ကောင်း ခဲ့ပါတယ်။ ယနေ့ပွဲ မှာတော့ ဂိုးသမား ဒီဂီယာ က အက်စတွန် ဗီလာရဲ့ ကန်သွင်းချက် တော်တော် များများကို ကာကွယ်  သွားခဲ့ပြီး အသင်း အတွက် နိုင်ပွဲ ရအောင် ကူညီပေး ခဲ့ပါတယ် ။ ယူနိုက်တက် နောက်ခံလူ အဲရစ် ဘိုင်လီ သည် ယနေ့ပွဲတွင် ဘောလုံး ရှင်းထုတ်မှု ၆ ကြိမ်ထိ ပြုလုပ်ခဲ့ပြီး အခြား အသင်းဖော် အားလုံး ထက် ၂ ဆ ပိုများသော ပမာဏ ဖြစ်ခဲ့ပါတယ်။

ဗီလာ အတွက် ချေပ ဂိုးကို ထရာအိုရေးက ၅၈ မိနစ်မှာ သွင်းယူ ခဲ့ တာပါ။ ဗီလာရဲ့ ဖရီးကစ် ကို ကာကွယ်ဖို့ ပြင်ဆင် နေတဲ့ ယူနိုက်တက်ကို အငိုက် ဖမ်းပြီး ဂရီလစ်ချ်က ဘစ်ဆာကာကို ကျော်ပြီး ထရာအိုရေးကို ပေးပို့ နိုင်ခဲ့တာ ကြောင့် ထရာ အိုရေးက အမှား အယွင်း မရှိ အဆုံးသတ် ခဲ့တာပါ။ ဂရီလစ်ခ်ျ ဟာ ယနေ့ည ပွဲမှာ အထူးပင် ခြေစွမ်း ပြခဲ့ပြီး သူ့ရဲ့ ဖြတ်တင်ဘော တွေက ကြောက်မခန်း လိလိ ကောင်းမွန် ခဲ့ပါတယ်။ အနာဂတ် မသေချာနေတဲ့ ပေါ့ဘာ နေရာကို အစားထိုးဖို့ သရဲနီတို့ဟာ ဂရီလစ်ခ်ျကို မျက်စိကျ နေခဲ့တာပါ။

ပွဲချိန် ၆၁ မိနစ် ယူနိုက်တက်တို့ ပင်နယ်တီ ရရှိခဲ့ပြီး ပေါ့ဘာကို ဗီလာ နောက်တန်း လူးဝစ် က ဧရိယာထဲ ဆွဲလှဲ ခဲ့လို့ ဖြစ်ပါတယ်။ ထုံးစံ အတိုင်း စစ်သည် လေးသိန်း ဘရူနိုကပဲ အမှား အယွင်းမရှိ သွင်းယူ ပေးနိုင်ခဲ့ကာ ယူနိုက်တက်ကို ဦးဆောင် စေခဲ့ပါတယ်။ ယူနိုက်တက် ခံစစ်ဟာ  ပုံစံကောင်း ပြခဲ့ပြီး ဝမ်ဘစ်ဆာကာ ၊ ဒီဂီယာ နဲ့ ပေ့ါဘာတို့က အဓိက ကျခဲ့ပါတယ်။ ဝမ်ဘစ်ဆာကာ က ပထမဂိုး ဖန်တီး ပေးခဲ့သလို အရေးပါတဲ့ ဖျက်ထုတ်မှု တစ်ကြိမ် ကိုပါ ပြုလုပ် ခဲ့ပြီး ပေါ့ဘာ ဟာ ယူနိုက်တက် ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်း ပေးနိုင် ခဲ့ပါတယ်။ ပွဲအစပိုင်း မိနစ်တွေမှာ ယူနိုက်တက်က ဖိကစားခဲ့ သလို ပွဲပြီးခါနီး မိနစ် တွေမှာ ဗီလာကဆက်တိုက် ဖိကစားခဲ့ပြီး ယူနိုက်တက်တို့ ခက်ခဲတဲ့ နိုင်ပွဲ တစ်ခု ရယူ နိုင်ခဲ့ပါတယ် ။

Man of the match ကိုတစ်ပွဲလုံး အပိုင် အခွင့်အရေး တွေကို ဒီဂီယာ ဖမ်းစရာ မလိုအောင် ရှေ့ကနေ ကာကွယ် ပေးခဲ့တဲ့ အဲရစ် ဘိုင်လီက ရရှိ ခဲ့ပါတယ်။ ယခု နိုင်ပွဲ  ကြောင့် ယူနိုက်တက်ဟာ အဆင့်၁ နေရာက လီဗာပူးနဲ့ အမှတ်တူ အခြေအနေ ရောက်လာ ခဲ့ကာ ဆုဖလား ပြိုင်ဆိုင်မှု အတွက် အကောင်းဆုံး ဖိအား ပေးလာ ခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ နောက်ပွဲအဖြစ် ဘန်လေနဲ့ အဝေးကွင်း ပွဲစဉ် ကစား ရမှာဖြစ်ပြီး ၅ရက် အကြာမှာ လီဗာပူး ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ရမှာပါ။ ယူနိုက်တက်က နောက်ဆုံး ၅ပွဲမှာ ၄ပွဲ နိုင်နေချိန် လီဗာပူးကတော့ နောက်ဆုံး ၂ပွဲဆက် သရေကျ ခဲ့တာကြောင့် အန်ဖီးလ် ပွဲစဉ်က အရေးပါတဲ့ ပွဲ ဖြစ်လာ နိုင်ပါတယ်။

Zawgyi Version

ယခုႏွစ္ ေဘာလုံး ရာသီ မွာ အသင္းႀကီး ေတြကို ဒုကၡ‌ေပး ႐ုံသာ မက အရွက္ပါ ခြဲ ခြဲခဲ့တဲ့ ဗီလာကို
အိမ္ကြင္း အိုးထရက္ဖိုဒ့္မွာ 2-1 ဆိုသည့္ ရလဒ္ျဖင့္ အနိုင္ယူၿပီး 2021 ကို အနိုင္နဲ႕ စတင္ ဖြင့္လွစ္ ခဲ့ပါတယ္။

တိုက္စစ္ အသားေပး ကစား သြားခဲ့တဲ့ အသင္းႏွစ္သင္းရဲ႕ အားၿပိဳင္မႈ ျဖစ္လို႔ ပြဲက ေနာက္ဆုံးမိနစ္ အထိကို ၾကည့္ေကာင္း ခဲ့ၿပီး နိုင္ပြဲ ရယူ နိုင္ခဲ့တဲ့ ယူနိုက္တက္ ကေတာ့ ထိပ္ဆုံးေနရာက လီဗာပူးလ္ကို အေကာင္းဆုံး ဖိအားေပး ထားနိုင္ ခဲ့ပါတယ္ ။ ႏွစ္သင္း စလုံးရဲ႕ ကြင္းလယ္ ၿပိဳင္ဆိုင္မႈ ေတြကို ျမင္ေတြ႕ ခဲ့ ရၿပီး ပီးခဲ့တဲ့ ရာသီ က တန္းဆင္းဇုန္ ႐ုန္းကန္ ခဲ့ရတဲ့ ဗီလာ ကေတာ့ ယခုရာသီ မွာ အေကာင္းဆုံး ေျခစြမ္းေတြ ျပသကာ ယခု အခ်ိန္မွာ အဆင့္ ၆ ေနရာ မွာ ရပ္တည္ ေနဆဲပါ။

မာရွယ္ က ပထမပိုင္း မိနစ္ ၄၀ မွာ ဘစ္ဆာကာ ရဲ႕ ျဖတ္တင္ေဘာ က‌ေန အဖြင့္ဂိုး သြင္းယူ သြားခဲ့တာ ျဖစ္ပါတယ္။ ျဖတ္တင္ေဘာ ေတြနဲ႕ ပတ္သက္ၿပီး ေဝဖန္ ခံရေလ့ ရွိတဲ့ ဘစ္ဆာကာ တစ္ေယာက္ ယေန႕ပြဲမွာ သူမဟုတ္သည့္ အတိုင္း ျပဳလုပ္ သြားနိုင္ ခဲ့ၿပီး သူ႕ရဲ႕ အေကာင္းဆုံး အပိုင္းျဖစ္တဲ့ ႀကဳံသလို ဖ်က္ထုတ္ နိုင္မႈ ေတြကလဲ ယူနိုက္တက္ရဲ႕ နိုင္ပြဲကို ကူညီေပး ခဲ့ပါတယ္။ အဖြင့္ဂိုးရွင္ ရွယ္ဟာ ယူနိုက္တက္ရဲ႕ ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၆ပြဲမွာ ၇ဂိုးအထိ ပါဝင္ ပတ္သက္ ထားခဲ့ၿပီ ျဖစ္ပါတယ္။

ကြင္းလယ္ရဲ႕ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ နဲ႕ မက္ဂင္း Vs ဖရက္ဒ္ နဲ႕ မက္ေတာ္မီေနး တို႔ရဲ႕ ကြင္းလယ္ ၿပိဳင္ဆိုင္မႈက ႏွစ္သင္း စလုံးရဲ႕ ကစားအားကို ေတြ႕ခဲ့ရၿပီး ၿမိဳင္ဆိုင္ၿပီး ၾကည့္ေကာင္း ခဲ့ပါတယ္။ ယေန႕ပြဲ မွာေတာ့ ဂိုးသမား ဒီဂီယာ က အက္စတြန္ ဗီလာရဲ႕ ကန္သြင္းခ်က္ ေတာ္ေတာ္ မ်ားမ်ားကို ကာကြယ္ သြားခဲ့ၿပီး အသင္း အတြက္ နိုင္ပြဲ ရေအာင္ ကူညီေပး ခဲ့ပါတယ္ ။ ယူနိုက္တက္ ေနာက္ခံလူ အဲရစ္ ဘိုင္လီ သည္ ယေန႕ပြဲတြင္ ေဘာလုံးရွင္းထုတ္မႈ ၆ ႀကိမ္ထိျပဳလုပ္ခဲ့ၿပီး အျခား အသင္းေဖာ္ အားလုံးထက္ ၂ ဆ ပိုမ်ားေသာ ပမာဏ ျဖစ္ခဲ့ပါတယ္။

ဗီလာ အတြက္ ေခ်ပ ဂိုးကို ထရာအိုေရးက ၅၈ မိနစ္မွာ သြင္းယူခဲ့ တာပါ။ ဗီလာရဲ႕ ဖရီးကစ္ ကို ကာကြယ္ဖို႔ ျပင္ဆင္ေနတဲ့ ယူနိုက္တက္ကို အငိုက္ဖမ္းၿပီး ဂရီလစ္ခ်္က ဘစ္ဆာကာကို ေက်ာ္ၿပီး ထရာအိုေရးကို ေပးပို႔ နိုင္ခဲ့တာ ေၾကာင့္ ထရာ အိုေရးက အမွားအယြင္း မရွိ အဆုံးသတ္ ခဲ့တာပါ။ ဂရီလစ္ခ္် ဟာ ယေန႕ည ပြဲမွာ အထူးပင္ ေျခစြမ္း ျပခဲ့ၿပီး သူ႕ရဲ႕ ျဖတ္တင္ေဘာေတြက ေၾကာက္မခန္းလိလိ ေကာင္းမြန္ ခဲ့ပါတယ္။ အနာဂတ္ မေသခ်ာေနတဲ့ ေပါ့ဘာ ေနရာကို အစားထိုးဖို႔ သရဲနီတို႔ဟာ ဂရီလစ္ခ္်ကိဳ မ်က္စိက် ေနခဲ့တာပါ။

ပြဲခ်ိန္ ၆၁ မိနစ္ ယူနိုက္တက္တို႔ ပင္နယ္တီ ရရွိခဲ့ၿပီး ေပါ့ဘာကို ဗီလာ ေနာက္တန္း လူးဝစ္ က ဧရိယာထဲ ဆြဲလွဲခဲ့လို႔ ျဖစ္ပါတယ္။ ထုံးစံအတိုင္း စစ္သည္ ေလးသိန္း ဘ႐ူနိုကပဲ အမွား အယြင္းမရွိ သြင္းယူ ေပးနိုင္ခဲ့ကာ ယူနိုက္တက္ကို ဦးေဆာင္ ေစခဲ့ပါတယ္။ ယူနိုက္တက္မွာ ခံစစ္တန္းတစ္တန္းလုံး ပုံစံေကာင္းျပခဲ့ၿပီး ဝမ္ဘစ္ဆာကာ ၊ ဒီဂီယာ နဲ႕ ေပ့ါဘာတို႔က အဓိက က်ခဲ့ပါတယ္။ ဝမ္ဘစ္ဆာကာက ပထမဂိုးဖန္တီးေပးခဲ့သလို အေရးပါတဲ့ဖ်က္ထုတ္မႈတစ္ႀကိမ္ကိုပါ ျပဳလုပ္ ခဲ့ၿပီး ေပါ့ဘာ ဟာ ယူနိုက္တက္ ကြင္းလယ္ကို အေကာင္းဆုံးထိန္းေက်ာင္း ေပးနိုင္ခဲ့ပါတယ္။ ပြဲအစပိုင္းမိနစ္ေတြမွာ ယူနိုက္တက္က ဖိကစားခဲ့ သလို ပြဲၿပီးခါနီး မိနစ္ေတြမွာ ဗီလာကဆက္တိုက္ ဖိကစားခဲ့ၿပီး ယူနိုက္တက္တို႔ ခက္ခဲတဲ့ နိုင္ပြဲ တစ္ခု ရယူ နိုင္ခဲ့ပါတယ္ ။

Man of the match ကိုတစ္ပြဲလုံး အပိုင္ အခြင့္အေရး ေတြကို ကာကြယ္ ေပးသြား နိုင္ခဲ့တဲ့ ဒီဂီယာ ဖမ္းစရာ မလိုေအာင္ ေရွ႕ကေန ကာကြယ္ ေပးခဲ့တဲ့ အဲရစ္ ဘိုင္လီက ရရွိခဲ့ပါတယ္။ ယခု နိုင္ပြဲေၾကာင့္ ယူနိုက္တက္ဟာ အဆင့္၁ ေနရာက လီဗာပူးနဲ႕ အမွတ္တူ အေျခအေန ေရာက္လာခဲ့ကာ ဆုဖလား ၿပိဳင္ဆိုင္မႈ အတြက္ အေကာင္းဆုံး ဖိအား ေပးလာ ခဲ့ၿပီ ျဖစ္ပါတယ္။
ယူနိုက္တက္ဟာ ေနာက္ပြဲအျဖစ္ ဘန္ေလနဲ႕ အေဝးကြင္းပြဲစဥ္ ကစား ရမွာျဖစ္ၿပီး ၅ရက္အၾကာမွာ လီဗာပူး ကို အေဝးကြင္းမွာ သြားေရာက္ ယွဥ္ၿပိဳင္ ရမွာပါ။ ယူနိုက္တက္က ေနာက္ဆုံး ၅ပြဲမွာ ၄ပြဲ နိုင္ေနခ်ိန္ လီဗာပူးကေတာ့ ေနာက္ဆုံး ၂ပြဲဆက္ သေရက် ခဲ့တာေၾကာင့္ အန္ဖီးလ္ ပြဲစဥ္က အေရးပါတဲ့ ပြဲ ျဖစ္လာ နိုင္ပါတယ္။