Spots news

လင်ဂတ်ကို အလိုက်ပေးပြီး ဒီကလန်ရိုက်စ်ကို ခေါ်ယူဖွယ်ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ညာတောင်ပံ ၊ ဗဟိုခံစစ် ၊ ကွင်းလယ် နဲ့ တိုက်စစ်မှူး တဦး တို့ကို ခေါ်ယူဖို့ စီစဉ်ထားပြီး ညာတောင်ပံနေရာ အတွက် ဆန်ချိုကို ရရှိပြီးနောက် ကျန်ရှိနေသေးတဲ့ အခြားသော ကစားသမားတွေကို ခေါ်ယူဖို့ ပြင်ဆင်လျက် ရှိနေပါတယ်။

ယူနိုက်တက်ဟု ကွင်းလယ်နေရာအတွက် ဝက်စ်ဟမ်းအသင်း ကွင်းလယ်ဘူ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ ယူ အဓိက ပစ်မှတ်ထားနေတာ ဖြစ်ပြီး ရိုက်စ်ဟာလဲ လက်ရှိယှဉ်ပြိုင်နေတဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ခြေစွမ်းပြ ကစားထားနိုင်ပါတယ်။

ဝက်စ်ဟမ်းကတော့ ရိုက်စ် ကို အသင်းမှာ ဆက်ထိန်း ထားချင်နေပေမယ့် ကစားသမားကိုယ်တိုင်က ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားချင်တယ်လို့ ဖွင့်ဟထားပြီး လက်ရှိအချိန်မှာ ဝက်စ်ဟမ်းအသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို (၂) ကြိမ်တိုင်တိုင် ပယ်ချထားကြောင်း သတင်းများက ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း ဝက်စ်ဟမ်းအသင်းဟာ ယူနိုက်တက် ကနေ အငှားလာကစားတဲ့ လင်ဂတ်ရဲ့ ခြေစွမ်းကို နှစ်သက်နေပြီး လာမယ့် ရာသီမှာအပြီးသတ် ခေါ်ယူလိုတာကြောင့် ယူနိုက်တက်အနေနဲ့ ရိုက်စ် ကို ခေါ်ယူဖို့အတွက် လင်ဂတ်ကို အလိုက်ပေး ကမ်းလှမ်းသွားဖွယ်ရှိတယ်လို့ သတင်းထွက်နေပါတယ်။

လင်ဂတ် ဟာ ဝက်စ်ဟမ်း အသင်းကို ရောက်တဲ့ အချိန်မှာ အကောင်းဆုံး ခြေစွမ်းကို ပြန်လည် ပြသနိုင်ခဲ့ပြီး သူပါဝင် ကစားခဲ့တဲ့ (၁၆)ပွဲမှာ
(၉)ဂိုးသွင်းယူပြီး (၅)ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ဒါ့အပြင် အသင်း ယူရိုပါလိဂ် ဝင်ခွင့်ရရှိအောင် လည်း စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ ကာလမှာကတည်းက ရိုက်စ် ဟာ ယူနိုက်တက်နဲ့ သတင်းထွက်ခဲ့ပေမယ့် ကစားသမားကတော့ ယူနိုက်တက်ဘက်က သူ့ကိုကမ်းလှမ်းလာရင်တောင် ပြောင်းရွှေ့ဖို့ စိတ်မဝင်စားဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။

ရိုက်စ်ကို လက်ရှိမှာ ယူနိုက်တက်အပြင် ချယ်လ်ဆီးအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချထားတဲ့ ရိုက်စ်ဟာလဲ ယူနိုက်တက် နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ တရားဝင် ကမ်းလှမ်းမှုကို စောင့်နေတယ်လို့ သိပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ညာေတာင္ပံ ၊ ဗဟိုခံစစ္ ၊ ကြင္းလယ္ နဲ႕ တိုက္စစ္မႉး တဦး တို႔ကို ေခၚယူဖို႔ စီစဥ္ထားၿပီး ညာေတာင္ပံေနရာ အတြက္ ဆန္ခ်ိဳကို ရရွိၿပီးေနာက္ က်န္ရွိေနေသးတဲ့ အျခားေသာ ကစားသမားေတြကို ေခၚယူဖို႔ ျပင္ဆင္လ်က္ ရွိေနပါတယ္။

ယူနိုက္တက္ဟု ကြင္းလယ္ေနရာအတြက္ ဝက္စ္ဟမ္းအသင္း ကြင္းလယ္ဘူ ဒီကလန္ရိုက္စ္ကို ေခၚယူဖို႔ ယူ အဓိက ပစ္မွတ္ထားေနတာ ျဖစ္ၿပီး ရိုက္စ္ဟာလဲ လက္ရွိယွဥ္ၿပိဳင္ေနတဲ့ ယူရို ၂၀၂၀ ၿပိဳင္ပြဲမွာ ေျခစြမ္းျပ ကစားထားနိုင္ပါတယ္။

ဝက္စ္ဟမ္းကေတာ့ ရိုက္စ္ ကို အသင္းမွာ ဆက္ထိန္း ထားခ်င္ေနေပမယ့္ ကစားသမားကိုယ္တိုင္က ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲမွာ ကစားခ်င္တယ္လို႔ ဖြင့္ဟထားၿပီး လက္ရွိအခ်ိန္မွာ ဝက္စ္ဟမ္းအသင္းရဲ႕ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကို (၂) ႀကိမ္တိုင္တိုင္ ပယ္ခ်ထားေၾကာင္း သတင္းမ်ားက ေဖာ္ျပထားပါတယ္။

တစ္ဖက္မွာလည္း ဝက္စ္ဟမ္းအသင္းဟာ ယူနိုက္တက္ ကေန အငွားလာကစားတဲ့ လင္ဂတ္ရဲ႕ ေျခစြမ္းကို ႏွစ္သက္ေနၿပီး လာမယ့္ ရာသီမွာအၿပီးသတ္ ေခၚယူလိုတာေၾကာင့္ ယူနိုက္တက္အေနနဲ႕ ရိုက္စ္ ကို ေခၚယူဖို႔အတြက္ လင္ဂတ္ကို အလိုက္ေပး ကမ္းလွမ္းသြားဖြယ္ရွိတယ္လို႔ သတင္းထြက္ေနပါတယ္။

လင္ဂတ္ ဟာ ဝက္စ္ဟမ္း အသင္းကို ေရာက္တဲ့ အခ်ိန္မွာ အေကာင္းဆုံး ေျခစြမ္းကို ျပန္လည္ ျပသနိုင္ခဲ့ၿပီး သူပါဝင္ ကစားခဲ့တဲ့ (၁၆)ပြဲမွာ
(၉)ဂိုးသြင္းယူၿပီး (၅)ဂိုး ဖန္တီးနိုင္ခဲ့ပါတယ္။ဒါ့အျပင္ အသင္း ယူရိုပါလိဂ္ ဝင္ခြင့္ရရွိေအာင္ လည္း စြမ္းေဆာင္ ေပးနိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ ကာလမွာကတည္းက ရိုက္စ္ ဟာ ယူနိုက္တက္နဲ႕ သတင္းထြက္ခဲ့ေပမယ့္ ကစားသမားကေတာ့ ယူနိုက္တက္ဘက္က သူ႕ကိုကမ္းလွမ္းလာရင္ေတာင္ ေျပာင္းေ႐ႊ႕ဖို႔ စိတ္မဝင္စားဘူးလို႔ ေျပာဆိုခဲ့ဖူးပါတယ္။

ရိုက္စ္ကို လက္ရွိမွာ ယူနိုက္တက္အျပင္ ခ်ယ္လ္ဆီးအသင္းကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနတာ ျဖစ္ၿပီး စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ပယ္ခ်ထားတဲ့ ရိုက္စ္ဟာလဲ ယူနိုက္တက္ နဲ႕ ခ်ယ္လ္ဆီးအသင္းတို႔ရဲ႕ တရားဝင္ ကမ္းလွမ္းမႈကို ေစာင့္ေနတယ္လို႔ သိပါတယ္။