Spots news

မန်ယူနိုက်တက် နဲ့ လီဗာပူး တစ်သင်းကို ရောက်နိုင်ချေရှိနေတဲ့ အေတီကိုကွင်းလယ်လူ ဆာအူး

Unicode Version

စပိန်ကွင်းလယ်ကစားသမား ဆာအူးနီဟက်ဇ်ဟာ အက်သလက်တီကို အသင်းကနေ ထွက်ခွာကာ အင်္ဂလန် ပရီးမီးယားလိဂ် ဆီကို သွားရောက်ကစားချင်နေပြီး သူ့ကို စိတ်ဝင်စားနေတဲ့

အင်္ဂလန်ကလပ် အသင်းတွေထဲကမှ လီဗာပူးအသင်းဆီကို ပြောင်းရွှေ့ချင်နေတယ်လို့ စပိန် အခြေစိုက် သတင်းဌာနများက တင်ပြသွားပါတယ်။

ဆာအူးဟာ အသက်လက်တီကိုအသင်းမှာ ၂၀၁၂ခုနှစ်ကတည်းက စတင်ပါဝင်ကစားလာခဲ့တဲ့ အသင်းရဲ့ငယ်မွေးခြံပေါက် ကစားသမားတစ်ယောက်ဖြစ်သလို

အရည်အသွေးမြင့် ကွင်းလယ်လူတစ်ဦးလည်း ဖြစ်တာကြောင့် သူ့ကို ဥရောပထိပ်တန်း ကလပ်အသင်းတွေကနေ အမြဲလိုလို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

အခုလည်း အနာဂတ် မရေမရာ ဖြစ်လို့နေတဲ့ ဆာအူးကို ဘိုင်ယန်မြူးနစ် မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးအသင်းတွေကနေ အပြိုင်စိတ်ဝင်စားလျက်

ရှိနေကြပြီး စပိန်ကနေ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ကစားသမားကိုယ်တိုင်က လီဗာပူးအသင်းမှာ ကစားချင်နေတယ်လို့ သိရှိရပါတယ်။

လီဗာပူးအသင်းဟာလည်း အခုနှစ် နွေစျေးကွက်အတွင်းမှာ အသင်းရဲ့နယ်သာလန်ကွင်းလယ်ကစားသမားဖြစ်သူ ဝိုင်နယ်ဒမ်းကို ပီအက်စ်ဂျီအသင်းဆီ

လက်လွတ်ထားခဲ့ရတာကြောင့် ကွင်းလယ်လူတစ်ဦးကို ပြန်လည်အလိုရှိလို့နေပြီး ဆာအူးကိုလည်း ပစ်မှတ်ထားလို့နေပါတယ်။

လက်ရှိ လီဗာပူးအသင်းရဲ့ကွင်းလယ်ပိုင်းမှာ ကီတာ ချိန်ဘာလိန်တို့ရဲ့ အနာဂတ်က မရေမရာ ဖြစ်နေသလို မီနာကလည်း အသက်(၃၅)နှစ် အရွှယ်တောင်

ရှိနေပြီဖြစ်လို့ ကွင်းလယ်ပိုင်းအတွက် အင်အားဖြည့်တင်းမှုကို လုပ်ဆောင်ရဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ဒီလို ကွင်းလယ်လူတစ်ယောက် အလိုရှိနေတဲ့ လီဗာပူးအသင်းဟာ ဆာအူးကို ပစ်မှတ်ထားနေရတာဖြစ်ပေမယ့် အသက်လက်တီကိုအသင်းဘက်ကနေ ဆာအူးအတွက် ပြောင်းရွှေ့ကြေးများစွာ သတ်မှတ်ထားမယ်ဆိုရင် လီဗာပူးအတွက် ခက်ခဲသွားနိုင်ပါတယ်။

လက်ရှိမှာတော့ ကွင်းလယ်ကစားသမား ဆာအူးကို လီဗာပူးနဲ့အပြိုင် ယူနိုက်တက်အသင်းကလည်း ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်ဖို့ရှိနေပြီး ဆာအူးကိုလည်း လာမယ့်ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ မြင်တွေ့ရဖွယ် ရှိနေပါတယ်။

Zawgyi Version

စပိန္ကြင္းလယ္ကစားသမား ဆာအူးနီဟက္ဇ္ဟာ အက္သလက္တီကို အသင္းကေန ထြက္ခြာကာ အဂၤလန္ ပရီးမီးယားလိဂ္ ဆီကို သြားေရာက္ကစားခ်င္ေနၿပီး သူ႕ကို စိတ္ဝင္စားေနတဲ့

အဂၤလန္ကလပ္ အသင္းေတြထဲကမွ လီဗာပူးအသင္းဆီကို ေျပာင္းေ႐ႊ႕ခ်င္ေနတယ္လို႔ စပိန္ အေျခစိုက္ သတင္းဌာနမ်ားက တင္ျပသြားပါတယ္။

ဆာအူးဟာ အသက္လက္တီကိုအသင္းမွာ ၂၀၁၂ခုႏွစ္ကတည္းက စတင္ပါဝင္ကစားလာခဲ့တဲ့ အသင္းရဲ႕ငယ္ေမြးၿခံေပါက္ ကစားသမားတစ္ေယာက္ျဖစ္သလို

အရည္အေသြးျမင့္ ကြင္းလယ္လူတစ္ဦးလည္း ျဖစ္တာေၾကာင့္ သူ႕ကို ဥေရာပထိပ္တန္း ကလပ္အသင္းေတြကေန အၿမဲလိုလို ပစ္မွတ္ထားေနတာျဖစ္ပါတယ္။

အခုလည္း အနာဂတ္ မေရမရာ ျဖစ္လို႔ေနတဲ့ ဆာအူးကို ဘိုင္ယန္ျမဴးနစ္ မန္ခ်က္စတာယူနိုက္တက္နဲ႕ လီဗာပူးအသင္းေတြကေန အၿပိဳင္စိတ္ဝင္စားလ်က္ ရွိေနၾကၿပီး စပိန္ကေန ထြက္ေပၚေနတဲ့ သတင္းေတြအရ ကစားသမားကိုယ္တိုင္က လီဗာပူးအသင္းမွာ ကစားခ်င္ေနတယ္လို႔ သိရွိရပါတယ္။

လီဗာပူးအသင္းဟာလည္း အခုႏွစ္ ေႏြေစ်းကြက္အတြင္းမွာ အသင္းရဲ႕နယ္သာလန္ကြင္းလယ္ကစားသမားျဖစ္သူ ဝိုင္နယ္ဒမ္းကို ပီအက္စ္ဂ်ီအသင္းဆီ လက္လြတ္ထားခဲ့ရတာေၾကာင့္ ကြင္းလယ္လူတစ္ဦးကို ျပန္လည္အလိုရွိလို႔ေနၿပီး ဆာအူးကိုလည္း ပစ္မွတ္ထားလို႔ေနပါတယ္။

လက္ရွိ လီဗာပူးအသင္းရဲ႕ကြင္းလယ္ပိုင္းမွာ ကီတာ ခ်ိန္ဘာလိန္တို႔ရဲ႕ အနာဂတ္က မေရမရာ ျဖစ္ေနသလို မီနာကလည္း အသက္(၃၅)ႏွစ္အ႐ႊယ္ေတာင္ ရွိေနၿပီျဖစ္လို႔ ကြင္းလယ္ပိုင္းအတြက္ အင္အားျဖည့္တင္းမႈကို လုပ္ေဆာင္ရဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

ဒီလို ကြင္းလယ္လူတစ္ေယာက္ အလိုရွိေနတဲ့ လီဗာပူးအသင္းဟာ ဆာအူးကို ပစ္မွတ္ထားေနရတာျဖစ္ေပမယ့္ အသက္လက္တီကိုအသင္းဘက္ကေန ဆာအူးအတြက္ ေျပာင္းေ႐ႊ႕ေၾကးမ်ားစြာ သတ္မွတ္ထားမယ္ဆိုရင္ လီဗာပူးအတြက္ ခက္ခဲသြားနိုင္ပါတယ္။

လက္ရွိမွာေတာ့ ကြင္းလယ္ကစားသမား ဆာအူးကို လီဗာပူးနဲ႕အၿပိဳင္ ယူနိုက္တက္အသင္းကလည္း ကမ္းလွမ္းမႈေတြ စတင္လုပ္ေဆာင္ဖို႔ရွိေနၿပီး ဆာအူးကိုလည္း လာမယ့္ေဘာလုံးရာသီ ပရီးမီးယားလိဂ္မွာ ျမင္ေတြ႕ရဖြယ္ ရွိေနပါတယ္။