Spots news

ကစားသမားတွေ သာမက ယူနိုက်တက် ဂန္ဓဝင်တွေကပါ နွေးထွေးစွာ ကြိုဆိုခံရတဲ့ ဆန်ချို

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းကို လက်ရှိမှာတရားဝင် ပြောင်းရွှေ့လာပြီ ဖြစ်တဲ့ ဒေါ့မွန်ကြယ်ပွင့်ကစားသမား ဆန်ချိုဟာ ယူနိုက်တက်အသင်း အတွက်တော့ ခက်ခဲခဲ့တဲ့အပြောင်း အရွှေ့ လို့ဆိုရင်လည်း မလွဲဧကန်ပါပဲ။

(၁၉)လလောက်အပြောင်းအရွှေ့ကိုညှိနှိုင်းခဲ့ရတဲ့ ဆန်ချိုရဲ့ပြောင်းရွှေ့မှုကို အသင်းအပြင် နည်းပြနဲ့ ကစားသမားတို့ကလည်း မျှော်လင့်တကြီးစောင့်စားခဲ့ တာကိုတွေ့ရတဲ့အပြင်

တကယ်တမ်းရောက်ရှိလာတဲ့အခါမှာလည်း ယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမားဟောင်းတွေကပါ လှိုက်လှိုက်လှဲလှဲနဲ့ မျှော်လင့်တကြီးရှိနေကြတာကိုတွေ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဒင်းနစ်အာဝင်က ဆန်ချိုဟာ အသင်းအတွက် စိတ်လှုပ်ရှားစရာတွေကို ယူဆောင်ပေးလာမယ့်

သူဖြစ်သလို အိုးထရက်ဖို့ထ်ကွင်းမှာ ဆန်ချိုကစားတော့မယ့်အချိန်တွေကို မစောင့်စားနိုင်တော့ကြောင်း ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

ကစားသမားဟောင်းကြီးအာဝင်ကတော့ “သူကအရမ်းကောင်းတဲ့ ကစားသမားပါ။ အသက်ငယ်ငယ်လေးပဲ ရှိနေတာတောင်မှ သူ့မှာ အတွေ့ အကြုံ ကောင်းတွေရရှိထားပြီး ဒေါ့မွန်လိုအသင်းကြီးကို အများကြီး ကူညီပေးခဲ့ပါတယ်။

ဆိုးရှားအတွက်လည်း သူက အောင်မြင်မှုတွေ ယူဆောင်ပေးမှာအသေအချာပါ။နောက်ပြီး သူက စိတ်လှုပ်ရှားစရာတွေကို ယူဆောင်ပေးလာမယ့်သူပါ”လို့ ဝမ်းမြောက်စွာနဲ့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အသင်းရဲ့ ဂန္ဓဝင် နောက်ခံလူတစ်ဦးဖြစ်တဲ့ ရီယို ဖာဒီနန်ကလဲ သူ့ရဲ့ ဆိုရှယ် မီဒီယာ ကနေတဆင့် ဆန်ချိုကို ယူနိုက်တက်ကနေ

နွေးထွေးစွာ ကြိုဆိုတဲ့ အကြောင်း ရေးသားထားပြီ နောက်ထပ် ပါရမီရှင် တစ်ဦး ယူနိုက်တက်ကို ရောက် လာပြီဟု ပြောဆိုထားပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းကို လက္ရွိမွာတရားဝင္ ေျပာင္းေ႐ႊ႕လာၿပီ ျဖစ္တဲ့ ေဒါ့မြန္ၾကယ္ပြင့္ကစားသမား ဆန္ခ်ိဳဟာ ယူနိုက္တက္အသင္း အတြက္ေတာ့ ခက္ခဲခဲ့တဲ့အေျပာင္း အေ႐ႊ႕ လို႔ဆိုရင္လည္း မလြဲဧကန္ပါပဲ။

(၁၉)လေလာက္အေျပာင္းအေ႐ႊ႕ကိုညွိႏွိုင္းခဲ့ရတဲ့ ဆန္ခ်ိဳရဲ႕ေျပာင္းေ႐ႊ႕မႈကို အသင္းအျပင္ နည္းျပနဲ႕ ကစားသမားတို႔ကလည္း ေမွ်ာ္လင့္တႀကီးေစာင့္စားခဲ့ တာကိုေတြ႕ရတဲ့အျပင္

တကယ္တမ္းေရာက္ရွိလာတဲ့အခါမွာလည္း ယူနိုက္တက္ရဲ႕ ဂႏၲဝင္ကစားသမားေဟာင္းေတြကပါ လွိုက္လွိုက္လွဲလွဲနဲ႕ ေမွ်ာ္လင့္တႀကီးရွိေနၾကတာကိုေတြ႕ရပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းရဲ႕ ဂႏၳဝင္ကစားသမားတစ္ဦးျဖစ္တဲ့ ဒင္းနစ္အာဝင္က ဆန္ခ်ိဳဟာ အသင္းအတြက္ စိတ္လႈပ္ရွားစရာေတြကို ယူေဆာင္ေပးလာမယ့္

သူျဖစ္သလို အိုးထရက္ဖို႔ထ္ကြင္းမွာ ဆန္ခ်ိဳကစားေတာ့မယ့္အခ်ိန္ေတြကို မေစာင့္စားနိုင္ေတာ့ေၾကာင္း ဖြင့္ဟေျပာဆိုလာခဲ့ပါတယ္။

ကစားသမားေဟာင္းႀကီးအာဝင္ကေတာ့ “သူကအရမ္းေကာင္းတဲ့ ကစားသမားပါ။ အသက္ငယ္ငယ္ေလးပဲ ရွိေနတာေတာင္မွ သူ႕မွာ အေတြ႕ အႀကဳံ ေကာင္းေတြရရွိထားၿပီး ေဒါ့မြန္လိုအသင္းႀကီးကို အမ်ားႀကီး ကူညီေပးခဲ့ပါတယ္။

ဆိုးရွားအတြက္လည္း သူက ေအာင္ျမင္မႈေတြ ယူေဆာင္ေပးမွာအေသအခ်ာပါ။ေနာက္ၿပီး သူက စိတ္လႈပ္ရွားစရာေတြကို ယူေဆာင္ေပးလာမယ့္သူပါ”လို႔ ဝမ္းေျမာက္စြာနဲ႕ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ အသင္းရဲ႕ ဂႏၶဝင္ ေနာက္ခံလူတစ္ဦးျဖစ္တဲ့ ရီယို ဖာဒီနန္ကလဲ သူ႕ရဲ႕ ဆိုရွယ္ မီဒီယာ ကေနတဆင့္ ဆန္ခ်ိဳကို ယူနိုက္တက္ကေန

ေႏြးေထြးစြာ ႀကိဳဆိုတဲ့ အေၾကာင္း ေရးသားထားၿပီ ေနာက္ထပ္ ပါရမီရွင္ တစ္ဦး ယူနိုက္တက္ကို ေရာက္ လာၿပီဟု ေျပာဆိုထားပါတယ္။