Spots news

အက်ဝုဒ်ရဲ့ ဈေးဆစ်နိုင်မှုကြောင့် ဗာရန်းကို ဈေးချိုချိုနဲ့ ရဖို့ မျှော်လင့်နေတဲ့ ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ အနာဂတ် မသေမချာဖြစ်နေတဲ့ ပြင်သစ် လက်ရွေးစင် နောက်ခံလူဗာရန်းကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း နာမည်ကျော် ESPN အားကစား သတင်းဌာနကဖော်ပြခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့ရဲ့နံပါတ်(၁) ပစ်မှတ်ဖြစ်တဲ့ ဒေ့ါမွန်တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူနိုင် ခဲ့တဲ့ အတွက် ဗာရန်းရဲ့အပြောင်းအရွှေ့အတွက် အာရုံစိုက်ကြိုးပမ်းခွင့် ရသွားပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီနွေရာသီမှာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ တွဲကစားနိုင်မယ့် ခံစစ် ကစားသမားသစ် တစ်ဦးကို ရှာဖွေနေပြီး ဗီလာရီးရဲလ်က ပါအူတောရက်စ်နဲ့ ရီးရဲလ်မက်ဒရစ်က ရာဖေးလ်ဗာရာနီတို့ကို အဓိက ပစ်မှတ်ထား နေတာပဲ ဖြစ်ပါတယ်။

ပြင်သစ် လက်ရွေးစင်အသင်းရဲ့ အဓိက နောက်ခံလူ ဗာရန်းရဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်က ၂၀၂၂၊ ဇွန်လကျရင်ကုန်ဆုံးမှာဖြစ်လို့ ရီးရဲလ်အသင်းဟာ ဗာရန်းကို စာချုပ် သက်တမ်းတိုးဖို့ ကြိုးစားနေပေမယ့်

ကစားသမားက စိန်ခေါ်မှုအသစ် တွေရင်ဆိုင်ဖို့အတွက် အသင်းကနေ ထွက်ခွာချင်နေတာကြောင့် ရီးရဲလ် အသင်းအနေနဲ့ လာမယ့် ရာသီမှာ အလွတ်နဲ့ မထွက်ခွာရအောင် လက်ရှိနွေရာသီမှာ ရောင်းချဖွယ် ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ နောက်ခံလူ နေရာအတွက် လက်ရှိ နွေရာသီ အပြောင်းအရွေ့ကာလမှာ ရီးရဲလ်က ဗာရန်းကို ခေါ်ယူဖို့ချိတ်ဆက်နေပြီး ယူရို-၂၀၂၀ ပြိုင်ပွဲကနေ ပြင်သစ်အသင်း ထွက်ခဲ့ရပြီးတဲ့နောက် ပိုမို ကြိုးပမ်းလာနေတာပဲ ဖြစ်ပါတယ်။

ရီးရဲလ်အသင်းက သူတို့နောက်ခံလူအတွက် ပေါင်သန်း(၆၀)အထိ ပေး‌ ချေမှယူလက်လွတ်ဖွယ် ရှိနေပေမယ့် မန်ယူနိုက်တက် အသင်းက တော့ ဗာရန်းကို ပေါင်(၄၃)သန်းလောက်နဲ့ ခေါ်ယူနိုင်မယ်ဆိုတာ ယုံကြည်မှု အပြည့်ရှိနေတယ်လို့ ESPN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာကို အလွတ်နဲ့ခေါ်ယူထားပြီး ဗာရန်းကို လက်လွတ် လိုက်ရမယ်ဆိုရင် အစားထိုးနိုင်အောင် လက်စတာ အသင်းက ဖိုဖာနာ၊ ဗီလာရီးယဲလ်နောက်ခံလူ ပေါတောရက်စ်တို့ကို ကြိုးပမ်းသွားဖွယ် ရှိပါတယ်။

Zawgyi Version


မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့ရဲ့နံပါတ်(၁) ပစ်မှတ်ဖြစ်တဲ့ ဒေါ့မွန်တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူနိုင် ခဲ့တဲ့ အတွက် ဗာရန်းရဲ့အပြောင်းအရွှေ့အတွက် အာရုံစိုက်ကြိုးပမ်းခွင့် ရသွားပြီ ဖြစ်ပါတယ်။


ပြင်သစ် လက်ရွေးစင်အသင်းရဲ့ အဓိက နောက်ခံလူ ဗာရန်းရဲ့ ရီးရဲလ်မက် အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်က ၂၀၂၂၊ ဇွန်လကျရင်ကုန်ဆုံးမှာဖြစ်လို့ ရီးရဲလ်အသင်းဟာ ဗာရန်းကို စာချုပ်သက်တမ်းတိုးဖို့ကြိုးစားနေပေမယ့်



