Spots news

အဲဗာတန်မှာ ဆရာပျောက်နေတဲ့ ဂျိမ်းစ်ကို ခေါ်ယူဖို့ ပြင်ဆင်လာတဲ့ မီလန်

Unicode Version

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အဲဗာတန်နဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ရာသီကြာ ဖြတ်သန်းခဲ့ပြီးတဲ့နောက် လက်ရှိမှာ သူရဲ့ဆရာသမားဖြစ်သူ ကားလို့အန်စလော့တီကလည်း အဲဗာတန်နဲ့

လမ်းခွဲထားတာဖြစ်လို့ ဂျိမ်းစ်ကိုယ်တိုင်ပါ အဲဗာတန်ကနေ ပြန်လည်ထွက်ခွာသွားဖွယ် ရှိလို့နေပြီး ဒီလို အခြေအနေရှိနေတဲ့ ဂျိမ်းစ်ကို အေစီမီလန်အသင်းကနေ ခေါ်ယူသွားဖို့ စတင်ကြိုးပမ်းလာခဲ့ပါတယ်။

အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက စီးရီးအေအမှတ်ပေးဇယားမှာ အဆင့်(၂)နေရာကို ရယူနိုင်ခဲ့တာကြောင့် အသင်းနဲ့ နှစ်အတန်ကြာ ဝေးကွာလို့နေရတဲ့

ချန်ပီယံလိဂ် ဝင်ခွင့်ကို ပြန်လည်ပိုင်ဆိုင်ခဲ့တဲ့အတွက် ဘောလုံးရာသီသစ် မစတင်ခင်မှာပဲ အသင်းအတွက် ကစားသမားသစ် ဖြည့်တင်းမှုတွေကို လုပ်ဆောင်သွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ မီလန်အသင်းဟာ အဲဗာတန်အသင်းနဲ့ လက်တွဲဖြုတ်သွားဖွယ် ရှိလို့နေတဲ့ အသက်(၂၉)နှစ်အရွှယ် ကိုလံဘီယာ ကွင်းလယ်တိုက်စစ်ကစားသမား

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အလိုရှိနေပြီး ပြောင်းရွှေ့ကြေး ယူရို(၁၀)သန်းခန့်နဲ့ ကနဦးကမ်းလှမ်းသွားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်လို့နေပါတယ်။

ပေါ်တို မိုနာကို ဘိုင်ယန်မြူးနစ်နဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ရဲ့ ကစားသမားဟောင်း ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ရာသီကမှ အဲဗာတန်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးသာသာနဲ့ ရောက်ရှိလာခဲ့တာ

ဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း အဲဗာတန်အသင်းအတွက် ပြိုင်ပွဲစုံ(၂၆)ပွဲအထိ ပါဝင်ကစားခဲ့ကာ (၆)ဂိုးသွင်းယူခဲ့သလို (၉)ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဂျိမ်းစ် အဲဗာတန်အသင်းကို ပြောင်းရွှေ့လာရတဲ့ အဓိကအချက်တစ်ခုဖြစ်တဲ့ သူရဲ့ဆရာသမား နည်းပြအန်စလော့တီက လက်ရှိမှာ အဲဗာတန်ကနေ ရီးယဲလ်မက်ဒရစ်ဆီ ပြန်လည်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်သလို

ဂျိမ်းစ်ရဲ့ လက်ရွေးစင်အသင်းဖြစ်တဲ့ ကိုလံဘီယာအသင်းကလည်း ကိုပါအမေရိကပြိုင်ပွဲရဲ့လူစာရင်းမှာ ထည့်သွင်းရွေးချယ်ခြင်း မရှိခဲ့တဲ့အပေါ် စိတ်ပျက်နေရတာကြောင့် ဂျိမ်းစ်အနေနဲ့ အသင်းပြောင်းဖို့အထိပါ စဉ်းစားလာခဲ့ရတာဖြစ်ပါတယ်။

ဒီလို အနာဂတ်မရေမရာ ဖြစ်နေရတဲ့ ဂျိမ်းစ်ကို ကလပ်အသင်းများစွာကနေ ပစ်မှတ်ထားလာခဲ့ပေမယ့် မီလန်အသင်းက အခြားအသင်းတွေထက်

လက်ဦးမှုရအောင် ကြိုးပမ်းနေပြီး မီလန်ကလည်း ဥရောပဝင်ခွင့်လည်း ရရှိထားတဲ့ အသင်းဖြစ်တာကြောင့် ဂျိမ်းစ်ဘက်ကနေလည်း ကမ်းလှမ်းမှုကို လက်ခံသွားဖွယ် ရှိနေပါတယ်။

Zawgyi Version

ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ဟာ အဲဗာတန္နဲ႕အတူ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ တစ္ရာသီၾကာ ျဖတ္သန္းခဲ့ၿပီးတဲ့ေနာက္ လက္ရွိမွာ သူရဲ႕ဆရာသမားျဖစ္သူ ကားလို႔အန္စေလာ့တီကလည္း အဲဗာတန္နဲ႕

လမ္းခြဲထားတာျဖစ္လို႔ ဂ်ိမ္းစ္ကိုယ္တိုင္ပါ အဲဗာတန္ကေန ျပန္လည္ထြက္ခြာသြားဖြယ္ ရွိလို႔ေနၿပီး ဒီလို အေျခအေနရွိေနတဲ့ ဂ်ိမ္းစ္ကို ေအစီမီလန္အသင္းကေန ေခၚယူသြားဖို႔ စတင္ႀကိဳးပမ္းလာခဲ့ပါတယ္။

ေအစီမီလန္အသင္းဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက စီးရီးေအအမွတ္ေပးဇယားမွာ အဆင့္(၂)ေနရာကို ရယူနိုင္ခဲ့တာေၾကာင့္ အသင္းနဲ႕ ႏွစ္အတန္ၾကာ ေဝးကြာလို႔ေနရတဲ့

ခ်န္ပီယံလိဂ္ ဝင္ခြင့္ကို ျပန္လည္ပိုင္ဆိုင္ခဲ့တဲ့အတြက္ ေဘာလုံးရာသီသစ္ မစတင္ခင္မွာပဲ အသင္းအတြက္ ကစားသမားသစ္ ျဖည့္တင္းမႈေတြကို လုပ္ေဆာင္သြားဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ မီလန္အသင္းဟာ အဲဗာတန္အသင္းနဲ႕ လက္တြဲျဖဳတ္သြားဖြယ္ ရွိလို႔ေနတဲ့ အသက္(၂၉)ႏွစ္အ႐ႊယ္ ကိုလံဘီယာ ကြင္းလယ္တိုက္စစ္ကစားသမား

ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ကို အလိုရွိေနၿပီး ေျပာင္းေ႐ႊ႕ေၾကး ယူရို(၁၀)သန္းခန႔္နဲ႕ ကနဦးကမ္းလွမ္းသြားဖို႔အတြက္ ေဆြးေႏြးမႈေတြ လုပ္ေဆာင္လို႔ေနပါတယ္။

ေပၚတို မိုနာကို ဘိုင္ယန္ျမဴးနစ္နဲ႕ ရီးယဲလ္မက္ဒရစ္အသင္းတို႔ရဲ႕ ကစားသမားေဟာင္း ဂ်ိမ္းစ္ဟာ ၿပီးခဲ့တဲ့ရာသီကမွ အဲဗာတန္အသင္းကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးသာသာနဲ႕ ေရာက္ရွိလာခဲ့တာ

ျဖစ္ၿပီး ၿပီးခဲ့တဲ့ေဘာလုံးရာသီအတြင္း အဲဗာတန္အသင္းအတြက္ ၿပိဳင္ပြဲစုံ(၂၆)ပြဲအထိ ပါဝင္ကစားခဲ့ကာ (၆)ဂိုးသြင္းယူခဲ့သလို (၉)ဂိုးအထိ ဖန္တီးေပးနိုင္ခဲ့ပါတယ္။

ဒါေပမယ့္ ဂ်ိမ္းစ္ အဲဗာတန္အသင္းကို ေျပာင္းေ႐ႊ႕လာရတဲ့ အဓိကအခ်က္တစ္ခုျဖစ္တဲ့ သူရဲ႕ဆရာသမား နည္းျပအန္စေလာ့တီက လက္ရွိမွာ အဲဗာတန္ကေန ရီးယဲလ္မက္ဒရစ္ဆီ ျပန္လည္ေျပာင္းေ႐ႊ႕သြားခဲ့ၿပီျဖစ္သလို

ဂ်ိမ္းစ္ရဲ႕ လက္ေ႐ြးစင္အသင္းျဖစ္တဲ့ ကိုလံဘီယာအသင္းကလည္း ကိုပါအေမရိကၿပိဳင္ပြဲရဲ႕လူစာရင္းမွာ ထည့္သြင္းေ႐ြးခ်ယ္ျခင္း မရွိခဲ့တဲ့အေပၚ စိတ္ပ်က္ေနရတာေၾကာင့္ ဂ်ိမ္းစ္အေနနဲ႕ အသင္းေျပာင္းဖို႔အထိပါ စဥ္းစားလာခဲ့ရတာျဖစ္ပါတယ္။

ဒီလို အနာဂတ္မေရမရာ ျဖစ္ေနရတဲ့ ဂ်ိမ္းစ္ကို ကလပ္အသင္းမ်ားစြာကေန ပစ္မွတ္ထားလာခဲ့ေပမယ့္ မီလန္အသင္းက အျခားအသင္းေတြထက္

လက္ဦးမႈရေအာင္ ႀကိဳးပမ္းေနၿပီး မီလန္ကလည္း ဥေရာပဝင္ခြင့္လည္း ရရွိထားတဲ့ အသင္းျဖစ္တာေၾကာင့္ ဂ်ိမ္းစ္ဘက္ကေနလည္း ကမ္းလွမ္းမႈကို လက္ခံသြားဖြယ္ ရွိေနပါတယ္။