Spots news

တိုက်စစ်အတွက် ကယ်လ်ဗက်လူဝင်ကို ပစ်မှတ်ထားပြင်ဆင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဲဗာတန်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးကယ်လ်ဗတ်လူဝင် ကို ခေါ်ယူဖို့အတွက် ပစ်မှတ်ထား ပြင်ဆင်လျက်ရှိနေကြောင်း ဥရောပအ‌ခြေစိုက်

သတင်းမီဒီယာ များက ရေးသားဖော်ပြထားပါတယ်။ ကယ်လ်ဗက်လူဝင်ကို မန်ချက်စတာယူနိုက်တက် အပြင် အာဆင်နယ်နဲ့ ရီးရဲလ်အသင်းတို့ကပါ အပြိုင်အဆိုင်စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

အသက်(၂၄)နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်ဟာ ယူရို-၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်လက်ရွေးစင် အသင်းတွင် ပါဝင်ကစားလျက်ရှိနေပြီး ဥရောပ ထိပ်သီးအသင်းများက ကစားသမားရဲ့ ခြေစွမ်းအား စောင့်ကြည့်လေ့လာလျက်ရှိကြောင်း သိရပါတယ်။

ကယ်လ်ဗတ်လူဝင်ဟာ ပြီးခဲ့သည့် ဘောလုံးရာသီက အဲဗာတန်အသင်းအတွက် ပြိုင်ပွဲစုံ(၃၉)ပွဲကစားကာ(၂၁)ဂိုးသွင်းယူပေးခဲ့ပြီး၊ အဲဗာတန်အသင်း တွင်ကစားခဲ့သည့် (၅)ရာသီအတွင်း ပြိုင်ပွဲစုံ (၅၃)ဂိုး သွင်းယူပေးထားနိုင်တဲ့ ခြေစွမ်းထက်မြတ်တဲ့ လူငယ်တိုက်စစ်မှူးလဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ဥရုဂွေးလက်ရွေးစင် တိုက်စစ်မှူး ကာဗာနီကို စာချုပ်သက်တမ်း တိုးထားနိုင်ခဲ့သလို အသင်းမှာ လူငယ်တိုက်စစ်မှူးတွေလဲ ရှိနေပေမယ့်

နည်းပြဆိုးလ်ရှားက တိုက်စစ်အင်အား ဆက်လက်ဖြည့်တင်းမှာ ဖြစ်ကြောင်း ပြောကြားထားပြီး အဲဗာတန်က ကယ်လ်ဗက်လူဝင်က ယူနိုက်တက်ရဲ့ ပစ်မှတ်များထဲက တစ်ဦးဖြစ်ပါတယ်။

ယူနိုက်တက်အပြင် ကယ်လ်ဗက်လူဝင်ကို အဲဗာတန် အသင်းကနေ ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ နည်းပြအန်ဆယ်လော့တီကလည်း သူ့တပည့်ဟောင်းနဲ့

ပြန်လည်လက်တွဲဖို့ ဆန္ဒရှိနေပြီး အာဆင်နယ်အသင်းကလဲ ခြေစွမ်းကျဆင်းနေတဲ့ အူဘာမီးယန်းကြောင့် ဒီနှစ်သင်းနဲ့အပြိုင် ကစားသမားကို ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

အသက်(၂၄)နှစ် အရွယ်ရှိပြီဖြစ်သူ ကယ်လ်ဗတ်လူအင်ဟာ လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေထဲမှာတစ်ဦးအပါအဝင်ဖြစ်ပြီး သူ့ရဲ့တန်ကြေးက ပေါင်သန်း(၅၀)အထိရှိနိုင်ကြောင်း သတင်းများက ဖော်ပြသွားပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ အဲဗာတန္အသင္းရဲ႕ အဂၤလန္လက္ေ႐ြးစင္ တိုက္စစ္မႉးကယ္လ္ဗတ္လူဝင္ ကို ေခၚယူဖို႔အတြက္ ပစ္မွတ္ထား ျပင္ဆင္လ်က္ရွိေနေၾကာင္း ဥေရာပအ‌ေျခစိုက္

သတင္းမီဒီယာ မ်ားက ေရးသားေဖာ္ျပထားပါတယ္။ ကယ္လ္ဗက္လူဝင္ကို မန္ခ်က္စတာယူနိုက္တက္ အျပင္ အာဆင္နယ္နဲ႕ ရီးရဲလ္အသင္းတို႔ကပါ အၿပိဳင္အဆိုင္စိတ္ဝင္စားေနၾကတာ ျဖစ္ပါတယ္။

အသက္(၂၄)ႏွစ္အ႐ြယ္ အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉး ကယ္လ္ဗတ္လူဝင္ဟာ ယူရို-၂၀၂၀ ၿပိဳင္ပြဲဝင္ အဂၤလန္လက္ေ႐ြးစင္ အသင္းတြင္ ပါဝင္ကစားလ်က္ရွိေနၿပီး ဥေရာပ ထိပ္သီးအသင္းမ်ားက ကစားသမားရဲ႕ ေျခစြမ္းအား ေစာင့္ၾကည့္ေလ့လာလ်က္ရွိေၾကာင္း သိရပါတယ္။

ကယ္လ္ဗတ္လူဝင္ဟာ ၿပီးခဲ့သည့္ ေဘာလုံးရာသီက အဲဗာတန္အသင္းအတြက္ ၿပိဳင္ပြဲစုံ(၃၉)ပြဲကစားကာ(၂၁)ဂိုးသြင္းယူေပးခဲ့ၿပီး၊ အဲဗာတန္အသင္း တြင္ကစားခဲ့သည့္ (၅)ရာသီအတြင္း ၿပိဳင္ပြဲစုံ (၅၃)ဂိုး သြင္းယူေပးထားနိုင္တဲ့ ေျခစြမ္းထက္ျမတ္တဲ့ လူငယ္တိုက္စစ္မႉးလဲ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အသင္းရဲ႕ ဥ႐ုေဂြးလက္ေ႐ြးစင္ တိုက္စစ္မႉး ကာဗာနီကို စာခ်ဳပ္သက္တမ္း တိုးထားနိုင္ခဲ့သလို အသင္းမွာ လူငယ္တိုက္စစ္မႉးေတြလဲ ရွိေနေပမယ့္

နည္းျပဆိုးလ္ရွားက တိုက္စစ္အင္အား ဆက္လက္ျဖည့္တင္းမွာ ျဖစ္ေၾကာင္း ေျပာၾကားထားၿပီး အဲဗာတန္က ကယ္လ္ဗက္လူဝင္က ယူနိုက္တက္ရဲ႕ ပစ္မွတ္မ်ားထဲက တစ္ဦးျဖစ္ပါတယ္။

ယူနိုက္တက္အျပင္ ကယ္လ္ဗက္လူဝင္ကို အဲဗာတန္ အသင္းကေန ရီးရဲလ္မက္ဒရစ္ အသင္းကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ နည္းျပအန္ဆယ္ေလာ့တီကလည္း သူ႕တပည့္ေဟာင္းနဲ႕

ျပန္လည္လက္တြဲဖို႔ ဆႏၵရွိေနၿပီး အာဆင္နယ္အသင္းကလဲ ေျခစြမ္းက်ဆင္းေနတဲ့ အူဘာမီးယန္းေၾကာင့္ ဒီႏွစ္သင္းနဲ႕အၿပိဳင္ ကစားသမားကို ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

အသက္(၂၄)ႏွစ္ အ႐ြယ္ရွိၿပီျဖစ္သူ ကယ္လ္ဗတ္လူအင္ဟာ လက္ရွိပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးတိုက္စစ္မႉးေတြထဲမွာတစ္ဦးအပါအဝင္ျဖစ္ၿပီး သူ႕ရဲ႕တန္ေၾကးက ေပါင္သန္း(၅၀)အထိရွိနိုင္ေၾကာင္း သတင္းမ်ားက ေဖာ္ျပသြားပါတယ္။