Spots news

ဘရူနိုဖာနန်ဒက်စ်ရဲ့ နိုင်ငံအသင်းဖော် ရူဘင်နီးဗက်စ်ကို ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဝုဗ်အသင်းနဲ့ ပေါ်တူဂီလက်ရွေးစင် အသင်းရဲ့ ကွင်းလယ်ကစားသမား ရူဘင်နီးဗက်စ်ကို ခေါ်ယူဖို့

ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်းများ ဗြိတိန်အားကစား မီဒီယာများက ရေးသား ဖော်ပြထားပါတယ်။

နီးဗက်စ်ဟာ ပေါ်တိုအသင်းကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၁၅.၈)သန်းနဲ ဝုဗ်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ခြေစွမ်းပြသ နိုင်ခဲ့ကာ ဝုဗ်အသင်းကို ချန်ပီယံရှစ်ကနေ

ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့်ရအောင် ကူညီပေးခဲ့ပြီး အသင်းအတွက် (၁၇၆)ပွဲကစား၊ ဂိုး(၂၀)သွင်း၊ ဂိုးဖန်တီးမှု(၁၀)ကြိမ် ပြုလုပ်ထားသူဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပြသနေတဲ့ခြေစွမ်းအရ နီးဗက်စ်ကို ခေါ်ယူဖို့ ထိပ်သီးအသင်းတွေက ပစ်မှတ်ထားနေကြပြီး အဲဒီထဲမှာ ယူနိုက်တက်အပြင် အာဆင်နယ်အသင်းလည်း ပါဝင်နေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ရီးရဲလ်ကနေ အငှားနဲ့ခေါ်ယူခဲ့တဲ့ ဆီဘယ်ယို့စ်နဲ့ စာချုပ်သက်တမ်းပြည့်သွားပြီဖြစ်သလို၊ ကွင်းလယ်လူနောက်တစ်ယောက်ဖြစ်တဲ့ ချာကာကလည်း

အီတလီ စီးရီးအေ ကလပ် ရိုးမားအသင်းဆီ ပြောင်းရွှေ့ဖို့ရှိနေတာကြောင့် ကွင်းလယ် ကစားသမားတစ်ဦး အမြန်ခေါ်ယူ အားဖြည့်ဖို့ လိုအပ်နေတဲ့အတွက် နီးဗက်စ်ကို ပစ်မှတ်ထားနေတာပါ။

ယူနိုက်တက်အသင်းကတော့ အနာဂတ်မသေမချာဖြစ်နေတဲ့ ပေ့ါဘာအပြင် ခြေစွမ်းကျလာတဲ့ မာတစ်တို့ရဲ့နေရာမှာအစားထိုးဖို့ နီးဗက်စ်ကို

ကြိုးပမ်းနေတာ ဖြစ်ပြီး အခုအချိန်မှာ အပြောင်းအရွှေ့ကိစ္စအတွက် ဝုဗ်အသင်းနဲ့ဆွေးနွေးနေပြီလို့ သတင်းထွက်ပေါ် နေတာဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဝုဗ္အသင္းနဲ႕ ေပၚတူဂီလက္ေ႐ြးစင္ အသင္းရဲ႕ ကြင္းလယ္ကစားသမား ႐ူဘင္နီးဗက္စ္ကို ေခၚယူဖို႔

ေဆြးေႏြးမႈေတြ စတင္ျပဳလုပ္ေနၿပီ ျဖစ္ေၾကာင္း သတင္းမ်ား ၿဗိတိန္အားကစား မီဒီယာမ်ားက ေရးသား ေဖာ္ျပထားပါတယ္။

နီးဗက္စ္ဟာ ေပၚတိုအသင္းကေန ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၁၅.၈)သန္းနဲ ဝုဗ္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး ေျခစြမ္းျပသ နိုင္ခဲ့ကာ ဝုဗ္အသင္းကို ခ်န္ပီယံရွစ္ကေန

ပရီးမီးယားလိဂ္ဆီ တန္းတက္ခြင့္ရေအာင္ ကူညီေပးခဲ့ၿပီး အသင္းအတြက္ (၁၇၆)ပြဲကစား၊ ဂိုး(၂၀)သြင္း၊ ဂိုးဖန္တီးမႈ(၁၀)ႀကိမ္ ျပဳလုပ္ထားသူျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ျပသေနတဲ့ေျခစြမ္းအရ နီးဗက္စ္ကို ေခၚယူဖို႔ ထိပ္သီးအသင္းေတြက ပစ္မွတ္ထားေနၾကၿပီး အဲဒီထဲမွာ ယူနိုက္တက္အျပင္ အာဆင္နယ္အသင္းလည္း ပါဝင္ေနတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ရီးရဲလ္ကေန အငွားနဲ႕ေခၚယူခဲ့တဲ့ ဆီဘယ္ယို႔စ္နဲ႕ စာခ်ဳပ္သက္တမ္းျပည့္သြားၿပီျဖစ္သလို၊ ကြင္းလယ္လူေနာက္တစ္ေယာက္ျဖစ္တဲ့ ခ်ာကာကလည္း

အီတလီ စီးရီးေအ ကလပ္ ရိုးမားအသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ရွိေနတာေၾကာင့္ ကြင္းလယ္ ကစားသမားတစ္ဦး အျမန္ေခၚယူ အားျဖည့္ဖို႔ လိုအပ္ေနတဲ့အတြက္ နီးဗက္စ္ကို ပစ္မွတ္ထားေနတာပါ။

ယူနိုက္တက္အသင္းကေတာ့ အနာဂတ္မေသမခ်ာျဖစ္ေနတဲ့ ေပ့ါဘာအျပင္ ေျခစြမ္းက်လာတဲ့ မာတစ္တို႔ရဲ႕ေနရာမွာအစားထိုးဖို႔ နီးဗက္စ္ကို

ႀကိဳးပမ္းေနတာ ျဖစ္ၿပီး အခုအခ်ိန္မွာ အေျပာင္းအေ႐ႊ႕ကိစၥအတြက္ ဝုဗ္အသင္းနဲ႕ေဆြးေႏြးေနၿပီလို႔ သတင္းထြက္ေပၚ ေနတာျဖစ္ပါတယ္။