Spots news

ပြင်သစ်ကွင်းလယ်လူကို ခေါ်ယူမယ့် ပစ်မှတ် စားရင်းထဲ ထည့်သွင်းလိုက်တဲ့ ယူနိုက်တက်

Unicode Version

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်ရာသီအတွက် အင်အားဖြည့်တင်းမယ့်အထဲမှာ ကွင်းလယ်နေရာလည်း ပါဝင်နေပြီး အင်္ဂလန် ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို အဓိက ပစ်မှတ်ထားနေတာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ ပြင်သစ် အသင်း နဲ့ ဆွဇ်ဇာလန်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ပြင်သစ်ကွင်းလယ်လူ ရာဘီယော့ရဲ့ ခြေစွမ်းကို စောင့်ကြည့်လေ့လာခဲ့တယ်လို့ သိရပါတယ်။

ယူရို ၂၀၂၀ မှာ ခြေစွမ်းပြသခဲ့တဲ့ ရာဘီယော့ရဲ့ ခြေစွမ်းကို ယူနိုက်တက်တို့ နှစ်သက်သဘောကျနေပြီး ၎င်းတိုရဲ့ အဝယ်စာရင်းမှာ အဆိုပါ ကစားသမားကို ထည့်သွင်းထားပြီလို့သိရပါတယ်။

၂၀၁၉ ခုနှစ်မှာ ပီအက်စ်ဂျီနဲ့ လမ်းခွဲခဲ့တဲ့ အသက် (၂၆) နှစ်အရွယ် ရာဘီယော့ဟာ လက်ရှိ ဂျူဗင်တပ်စ်အသင်းမှာ ကစားနေတာဖြစ်ပါတယ်။

ပြင်သစ်အသင်းက ဆွဇ်ဇာလန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၀ ရှုံးထွက်ပွဲအပြီးမှာ ရာဘီယော့ရဲ့ မိခင် နဲ့ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာရဲ့ မိခင်တို့ ပွဲကြည့်စင်ပေါ်မှာ စကားများခဲ့ကြသေးတယ်လို့ သိရပါတယ်။

Credit to Original

Zawgyi Version






Credit to Original