Spots news

ဆာဂျီယို ရာမို့စ်ကို ပီအက်စ်ဂျီထံမှ ကြားဖြတ်ခေါ်ယူဖို့ ကြိုးစားနေတဲ့ အာဆင်နယ်

Unicode Version

အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်း ကနေ ထွက်ခွာလာတဲ့ ဝါရင့် စပိန်ခံစစ်မှူး ရာမို့စ်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနက အတည်ပြု ဖော်ပြလာပါတယ်။

ရာမို့စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာ တချို့ကြောင့် ပွဲကစားချိန် အနည်းငယ် လျော့နည်းခဲ့ပေမယ့် သူ့ရဲ့ ခြေစွမ်းဟာ အကောင်းဆုံး အနေအထား တရပ်မှာ

ရှိနေသလို သူ့ရဲ့ အသင်းအပေါ် ဦးဆောင်နိုင်စွမ်းကလည်း မြင့်မားတာကြောင့် သူ့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပါတယ်။

လက်ရှိမှာ ရာမို့စ်ဟာ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီး ပြင်သစ် အခြေစိုက်

သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ ရာမို့စ်ကို ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း သိရပါတယ်။

ဒါပေမယ့် ယခုအချိန်မှာတော့ အာဆင်နယ်အသင်းဟာ ရာမို့စ်ကို ခေါ်ယူဖို့ ကြိုးစားမှုတွေ ပြုလုပ်လာပြီး အာဆင်နယ်အသင်းရဲ့ စပိန်လူမျိုး နည်းပြ ဖြစ်သူ အာတီတာဟာ ရာမို့စ်ကို ခေါ်ယူနိုင်ဖို့ သူကိုယ်တိုင် ဖုန်းဆက်ကာ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal ရဲ့ ဖော်ပြချက်အရ ရာမို့စ်ဟာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပေမယ့် အာဆင်နယ်အသင်းဆီ

ကနေ ကမ်းလှမ်းမှု ရလာချိန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ် ချုပ်ဆိုမယ့် အစီအစဉ်ကို ခေတ္တ ရပ်ဆိုင်ခဲ့ပြီး အာဆင်နယ်အသင်းနဲ့ ဆွေးနွေးမှု တချို့ ပြုလုပ်နေကြောင်း သိရပါတယ်။

ဒါပေမယ့် ရာမို့စ်ဟာ အာဆင်နယ်အသင်းထက် ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့သာ ပိုမို စိတ်ဝင်စားနေပြီး အာဆင်နယ်အသင်းဟာ ရာမို့စ်ကို ခေါ်ယူချင်ပါက ပီအက်စ်ဂျီအသင်းက ရာမို့စ်ကို

ကမ်းလှမ်းထားတဲ့ လုပ်ခလစာထက် ပိုမို များပြားတဲ့ လုပ်ခလစာကို ပေးချေရဖို့ ရှိပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ရာမို့စ်ကို တပတ် လုပ်ခလစာ ယူရို ၂၀၀၀၀၀ အထိ ပေးချေဖို့ ကမ်းလှမ်းထားတာပဲ ဖြစ်ပါတယ်။

Zawgyi Version

အာဆင္နယ္အသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္း ကေန ထြက္ခြာလာတဲ့ ဝါရင့္ စပိန္ခံစစ္မႉး ရာမို႔စ္ကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူဖို႔ ႀကိဳးစားေနေၾကာင္း နာမည္ႀကီး သတင္းဌာန တခု ျဖစ္တဲ့ Goal သတင္းဌာနက အတည္ျပဳ ေဖာ္ျပလာပါတယ္။

ရာမို႔စ္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ဒဏ္ရာျပႆနာ တခ်ိဳ႕ေၾကာင့္ ပြဲကစားခ်ိန္ အနည္းငယ္ ေလ်ာ့နည္းခဲ့ေပမယ့္ သူ႕ရဲ႕ ေျခစြမ္းဟာ အေကာင္းဆုံး အေနအထား တရပ္မွာ

ရွိေနသလို သူ႕ရဲ႕ အသင္းအေပၚ ဦးေဆာင္နိုင္စြမ္းကလည္း ျမင့္မားတာေၾကာင့္ သူ႕ကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ အသင္းေတြ အမ်ားအျပား ရွိေနပါတယ္။

လက္ရွိမွာ ရာမို႔စ္ဟာ ျပင္သစ္ အင္အားႀကီးကလပ္ ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ထားၿပီး ျပင္သစ္ အေျခစိုက္

သတင္းဌာနေတြရဲ႕ ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီအသင္းဟာ ရာမို႔စ္ကို ၂ႏွစ္ သက္တမ္း ရွိတဲ့ စာခ်ဳပ္တရပ္နဲ႕ ေခၚယူနိုင္ဖို႔ နီးစပ္ေနေၾကာင္း သိရပါတယ္။

ဒါေပမယ့္ ယခုအခ်ိန္မွာေတာ့ အာဆင္နယ္အသင္းဟာ ရာမို႔စ္ကို ေခၚယူဖို႔ ႀကိဳးစားမႈေတြ ျပဳလုပ္လာၿပီး အာဆင္နယ္အသင္းရဲ႕ စပိန္လူမ်ိဳး နည္းျပ ျဖစ္သူ အာတီတာဟာ ရာမို႔စ္ကို ေခၚယူနိုင္ဖို႔ သူကိုယ္တိုင္ ဖုန္းဆက္ကာ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနပါတယ္။

နာမည္ႀကီး သတင္းဌာန တခု ျဖစ္တဲ့ Goal ရဲ႕ ေဖာ္ျပခ်က္အရ ရာမို႔စ္ဟာ ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ေနေပမယ့္ အာဆင္နယ္အသင္းဆီ

ကေန ကမ္းလွမ္းမႈ ရလာခ်ိန္မွာ ပီအက္စ္ဂ်ီအသင္းနဲ႕ စာခ်ဳပ္ ခ်ဳပ္ဆိုမယ့္ အစီအစဥ္ကို ေခတၱ ရပ္ဆိုင္ခဲ့ၿပီး အာဆင္နယ္အသင္းနဲ႕ ေဆြးေႏြးမႈ တခ်ိဳ႕ ျပဳလုပ္ေနေၾကာင္း သိရပါတယ္။

ဒါေပမယ့္ ရာမို႔စ္ဟာ အာဆင္နယ္အသင္းထက္ ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေ႐ႊ႕ဖို႔သာ ပိုမို စိတ္ဝင္စားေနၿပီး အာဆင္နယ္အသင္းဟာ ရာမို႔စ္ကို ေခၚယူခ်င္ပါက ပီအက္စ္ဂ်ီအသင္းက ရာမို႔စ္ကို

ကမ္းလွမ္းထားတဲ့ လုပ္ခလစာထက္ ပိုမို မ်ားျပားတဲ့ လုပ္ခလစာကို ေပးေခ်ရဖို႔ ရွိပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ရာမို႔စ္ကို တပတ္ လုပ္ခလစာ ယူရို ၂၀၀၀၀၀ အထိ ေပးေခ်ဖိဳ႕ ကမ္းလွမ္းထားတာပဲ ျဖစ္ပါတယ္။