Spots news

ဥရောပထိပ်သီးတွေက လိုချင်နေတဲ့ လူငယ်ကြယ်ပွင့်ကို ဈေးသတ်မှတ်လိုက်တဲ့ ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဥရောပထိပ်သီးကလပ်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ၊ အေစီမီလန်အသင်းတို့က

ခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့ အသင်းရဲ့ နောက်ခံလူဒါးလော့အတွက် ပြောင်းရွှေ့ကြေး သတ်မှတ်ပေး လိုက်ပြီပါတယ်။

ပေါ်တူဂီ လက်ရွေးစင်နောက်ခံလူ ဒါးလော့ဟာ ယူရို-၂၀၂၀ ရှုံးထွက်(၁၆)သင်းအဆင့်အဖြစ် ဘယ်လ်ဂျီယံ နဲ့ကစားခဲ့တဲ့ပွဲမှာ နိုင်ငံအသင်းအတွက်

ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး ပေါ်တူဂီအသင်းရှုံးပွဲကြုံခဲ့ပေမယ့် ဒါးလော့က ခြေစွမ်းပြသ ကစားနိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ညာနောက်ခံလူ အိုဒရီယိုဇိုလာ နေရာမှာအစားထိုးဖို့ ဒါးလော့ကို စိတ်ဝင်စားနေတာဖြစ်ပြီး အေစီမီလန်အသင်းကလည်း

ပြီးခဲ့တဲ့ရာသီက အသင်းမှာတစ်ရာသီအငှား နဲ့လာကစားခဲ့တဲ့ သူတို့ကစားသမားဟောင်းကို အပြီးသတ် ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေတာပါ။

အသက်(၂၂)နှစ်အရွယ်သာ ရှိသေးတဲ့ ဒါးလော‌ဟာ ခံစစ် ဘယ်၊ညာနှစ်ဖက် စလုံးမှာကစားနိုင်သူဖြစ်ပြီး ၂၀၁၈ ခုနှစ်တုန်းက ပေါ်တိုအသင်းကနေ

ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ခဲ့ပေမယ့် (၃)ရာသီအတွင်း ပုံမှန်ကစားခွင့် မရခဲ့တာကြောင့် ပြီးခဲ့တဲ့ရာသီမှာ အေစီမီလန်အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့ ကာလအတွင်းမှာ ဒါးလော့ကို ရောင်းချသွားဖို့ စီစဉ်နေပြီး

သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို(၁၅)သန်းရရင် ကမ်းလှမ်းမှုကို လက်ခံ စဉ်းစားသွားဖို့ ရှိနေပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဥေရာပထိပ္သီးကလပ္ေတြျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ ၊ ေအစီမီလန္အသင္းတို႔က

ေခၚယူဖို႔ပစ္မွတ္ထားေနတဲ့ အသင္းရဲ႕ ေနာက္ခံလူဒါးေလာ့အတြက္ ေျပာင္းေ႐ႊ႕ေၾကး သတ္မွတ္ေပး လိုက္ၿပီပါတယ္။

ေပၚတူဂီ လက္ေ႐ြးစင္ေနာက္ခံလူ ဒါးေလာ့ဟာ ယူရို-၂၀၂၀ ရႈံးထြက္(၁၆)သင္းအဆင့္အျဖစ္ ဘယ္လ္ဂ်ီယံ နဲ႕ကစားခဲ့တဲ့ပြဲမွာ နိုင္ငံအသင္းအတြက္

ပြဲခ်ိန္ျပည့္ပါဝင္ကစားခဲ့ၿပီး ေပၚတူဂီအသင္းရႈံးပြဲႀကဳံခဲ့ေပမယ့္ ဒါးေလာ့က ေျခစြမ္းျပသ ကစားနိုင္ခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ အသင္းရဲ႕ညာေနာက္ခံလူ အိုဒရီယိုဇိုလာ ေနရာမွာအစားထိုးဖို႔ ဒါးေလာ့ကို စိတ္ဝင္စားေနတာျဖစ္ၿပီး ေအစီမီလန္အသင္းကလည္း

ၿပီးခဲ့တဲ့ရာသီက အသင္းမွာတစ္ရာသီအငွား နဲ႕လာကစားခဲ့တဲ့ သူတို႔ကစားသမားေဟာင္းကို အၿပီးသတ္ ျပန္လည္ေခၚယူဖို႔ ျပင္ဆင္ေနတာပါ။

အသက္(၂၂)ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ ဒါးေလာ‌ဟာ ခံစစ္ ဘယ္၊ညာႏွစ္ဖက္ စလုံးမွာကစားနိုင္သူျဖစ္ၿပီး ၂၀၁၈ ခုႏွစ္တုန္းက ေပၚတိုအသင္းကေန

ယူနိုက္တက္ အသင္းဆီ ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္ (၃)ရာသီအတြင္း ပုံမွန္ကစားခြင့္မရခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ရာသီမွာ ေအစီမီလန္အသင္းဆီ အငွားနဲ႕ ေျပာင္းေ႐ႊ႕ခဲ့တာ ျဖစ္ပါတယ္။

ယူနိုက္တက္အသင္းဟာ အခုေႏြရာသီအေျပာင္းအေ႐ႊ႕ ကာလအတြင္းမွာ ဒါးေလာ့ကို ေရာင္းခ်သြားဖို႔စီစဥ္ေနၿပီး သူ႕အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူရို(၁၅)သန္းရရင္ ကမ္းလွမ္းမႈကို လက္ခံ စဥ္းစားသြားဖို႔ ရွိေနပါတယ္။