Spots news

မက်ဆီကို ခေါ်ယူပြီး ဥရောပရဲ့ ထိပ်သီး တိုက်စစ် ၃ယောက်အတွဲကို တည်ဆောက်မယ့် ပီအက်စ်ဂျီ

Unicode Version

ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး ကလပ်အသင်းလက်မဲ့ဖြစ်နေတဲ့ တိုက်စစ်မှူး မက်ဆီကို

ခေါ်ယူရန်အတွက် ကမ်းလှမ်းမှု ပြုလုပ်ရန် ပြင်ဆင်လျက်ရှိနေကြောင်း ပြင်သစ်အခြေစိုက် သတင်းမီဒီယာများက ဖော်ပြသွားပါတယ်။

ဘာစီလိုနာအသင်းနဲ့ ယမန်နေ့ကပဲ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့မက်ဆီဟာ ယခုအချိန်မှာ ကလပ်အသင်းလက်မဲ့ ဖြစ်နေသလို

အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူရရှိမှာ ဖြစ်တဲ့အတွက် ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ပြင်သစ်ကလပ် အသင်းက ကြိုးစားလိုက်ခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ ပီအက်စ်ဂျီအသင်းဟာ ရီးရဲမက်ဒရစ်အသင်းမှ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့ ရာမို့စ်ကို ၂ နှစ်စာချုပ်ဖြင့် ကမ်းလှမ်းပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့်

ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ရာမို့စ်ရဲ့ အပြောင်းအရွှေ့ကို မကြာမီရက်ပိုင်းအတွင်း ကြေညာသွား ဖွယ်ရာ ရှိနေပါတယ်။

ဘာစီလိုနာအသင်းဟာ အသင်းခေါင်းဆောင် မက်ဆီနှင့် စာချုပ်သက်တမ်းတိုးရေးကို အပူတပြင်း ဆွေးနွေးခဲ့သော်လည်း အချိန်မီ အပြီးမသတ်နိုင်ခဲ့ဘဲ ဇွန်လ ၃၀ ရက်နေ့တွင် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ခြင်း ဖြစ်ပါတယ်။

မက်ဆီအ‌နေနဲ့လဲ ကစားသမားဘဝ တစ်လျှောက်လုံး ကစားခဲ့တဲ့ ဘာစီလိုနာမှာ ဆက်ရှိလိုသော်လည်း လာလီဂါဘောလုံးအဖွဲ့ချုပ်ရဲ့

စည်းကမ်းအရ ဘာစီလိုနာဟာ စုစုပေါင်း လစာငွေပမာဏကို လျှော့ချနိုင်မှသာလျှင် မက်ဆီရဲ့ စာချုပ်သစ် တရားဝင်မှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ ဝင့်နယ်ဒန်၊ ဒွန်နာရမ်မာစသည့် ကစားသမားများကိုလည်း ခေါ်ယူအားဖြည့်ထားပြီး ချန်ပီယံလိဂ်ဖလား ရရှိရန် အပြင်းအထန် ပြင်ဆင်နေပါတယ်။

လက်ရှိ အသင်းမှာ ဥရောပရှိ အကောင်းဆုံး တိုက်စစ်ကစားသမားများဖြစ်တဲ့ အမ်ဘာပေနှင့် မက်ဆီရဲ့ အသင်းဖော်ဟောင်း နေမာတို့ရှိ‌ နေတာလဲ ဖြစ်ပါတယ်။

ဒါ့အပြင် ပီအက်စ်ဂျီအသင်းမှာ မက်ဆီရဲ့ အာဂျင်တီးနားအသင်းမှ ကစားသမားများဖြစ်ကြတဲ့ တောင်ပံကစားသမား ဒီမာရီယာ၊ ပါရာဒက်စ်နှင့် အီကာဒီတို့ရှိပြီး

အသင်ရဲ့မန်နေဂျာမှာ အာဂျင်တီးနားလူမျိုး ပိုချက်တီနိုဖြစ်‌နေတာကြောင့် မက်ဆီအနေနဲ့ ပီအက်စ်ဂျီဟာ လက်ရှိမှာ အသင့်တော်ဆုံးကလပ် ဖြစ်လို့နေပါတယ်။

Zawgyi Version

ျပင္သစ္ ထိပ္သီးကလပ္ ပီအက္စ္ဂ်ီအသင္းဟာ ဘာစီလိုနာအသင္းနဲ႕ စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီး ကလပ္အသင္းလက္မဲ့ျဖစ္ေနတဲ့ တိုက္စစ္မႉး မက္ဆီကို

ေခၚယူရန္အတြက္ ကမ္းလွမ္းမႈ ျပဳလုပ္ရန္ ျပင္ဆင္လ်က္ရွိေနေၾကာင္း ျပင္သစ္အေျခစိုက္ သတင္းမီဒီယာမ်ားက ေဖာ္ျပသြားပါတယ္။

ဘာစီလိုနာအသင္းနဲ႕ ယမန္ေန႕ကပဲ စာခ်ဳပ္သက္တမ္း ကုန္ဆုံးသြားတဲ့မက္ဆီဟာ ယခုအခ်ိန္မွာ ကလပ္အသင္းလက္မဲ့ ျဖစ္ေနသလို

အလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႕ ေခၚယူရရွိမွာ ျဖစ္တဲ့အတြက္ ထိုအေျခအေနကို အခြင့္ေကာင္းယူ၍ ျပင္သစ္ကလပ္ အသင္းက ႀကိဳးစားလိုက္ျခင္းျဖစ္ေၾကာင္း သတင္းမ်ားက ေဖာ္ျပထားပါတယ္။

လက္ရွိအခ်ိန္မွာ ပီအက္စ္ဂ်ီအသင္းဟာ ရီးရဲမက္ဒရစ္အသင္းမွ စာခ်ဳပ္သက္တမ္း ကုန္ဆုံးတဲ့ ရာမို႔စ္ကို ၂ ႏွစ္စာခ်ဳပ္ျဖင့္ ကမ္းလွမ္းၿပီး အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္

ေခၚယူရန္ သေဘာတူညီမႈ ရရွိခဲ့ၿပီ ျဖစ္ပါတယ္။ ရာမို႔စ္ရဲ႕ အေျပာင္းအေ႐ႊ႕ကို မၾကာမီရက္ပိုင္းအတြင္း ေၾကညာသြား ဖြယ္ရာ ရွိေနပါတယ္။

ဘာစီလိုနာအသင္းဟာ အသင္းေခါင္းေဆာင္ မက္ဆီႏွင့္ စာခ်ဳပ္သက္တမ္းတိုးေရးကို အပူတျပင္း ေဆြးေႏြးခဲ့ေသာ္လည္း အခ်ိန္မီ အၿပီးမသတ္နိုင္ခဲ့ဘဲ ဇြန္လ ၃၀ ရက္ေန႕တြင္ စာခ်ဳပ္သက္တမ္း ကုန္ဆုံးခဲ့ျခင္း ျဖစ္ပါတယ္။

မက္ဆီအ‌ေနနဲ႕လဲ ကစားသမားဘဝ တစ္ေလွ်ာက္လုံး ကစားခဲ့တဲ့ ဘာစီလိုနာမွာ ဆက္ရွိလိုေသာ္လည္း လာလီဂါေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕

စည္းကမ္းအရ ဘာစီလိုနာဟာ စုစုေပါင္း လစာေငြပမာဏကို ေလွ်ာ့ခ်နိဳင္မွသာလွ်င္ မက္ဆီရဲ႕ စာခ်ဳပ္သစ္ တရားဝင္မွာ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဟာ ဝင့္နယ္ဒန္၊ ဒြန္နာရမ္မာစသည့္ ကစားသမားမ်ားကိုလည္း ေခၚယူအားျဖည့္ထားၿပီး ခ်န္ပီယံလိဂ္ဖလား ရရွိရန္ အျပင္းအထန္ ျပင္ဆင္ေနပါတယ္။

လက္ရွိ အသင္းမွာ ဥေရာပရွိ အေကာင္းဆုံး တိုက္စစ္ကစားသမားမ်ားျဖစ္တဲ့ အမ္ဘာေပႏွင့္ မက္ဆီရဲ႕ အသင္းေဖာ္ေဟာင္း ေနမာတို႔ရွိ‌ ေနတာလဲ ျဖစ္ပါတယ္။

ဒါ့အျပင္ ပီအက္စ္ဂ်ီအသင္းမွာ မက္ဆီရဲ႕ အာဂ်င္တီးနားအသင္းမွ ကစားသမားမ်ားျဖစ္ၾကတဲ့ ေတာင္ပံကစားသမား ဒီမာရီယာ၊ ပါရာဒက္စ္ႏွင့္ အီကာဒီတို႔ရွိၿပီး

အသင္ရဲ႕မန္ေနဂ်ာမွာ အာဂ်င္တီးနားလူမ်ိဳး ပိုခ်က္တီနိုျဖစ္‌ေနတာေၾကာင့္ မက္ဆီအေနနဲ႕ ပီအက္စ္ဂ်ီဟာ လက္ရွိမွာ အသင့္ေတာ္ဆုံးကလပ္ ျဖစ္လို႔ေနပါတယ္။