Spots news

အင်္ဂလန်အသင်းရဲ့ ဂိုးပြတ်နိုင်ပွဲမှာ ခြေစွမ်းပြသခဲ့တဲ့ သရဲနီကစားသမားနှစ်ဦး

Unicode Version

နာမည်ကျော် အင်္ဂလန်အသင်းကတော့ လက်ရှိ ကျင်းပနေတဲ့ ယူရို-၂၀၂၀ ကွာတားဖိုင်နယ်မှာ ယူကရိန်းအသင်းကို

(၄)ဂိုးပြတ်အနိုင်ယူပြီး ယူရို-၁၉၉၆ နောက်ပိုင်းဝေးကွာနေတဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ပြန်လည် တက်ရောက်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားသစ် ဖြစ်လာခဲ့တဲ့ ဆန်ချိုဟာ ယူကရိန်း နဲ့ပွဲမှာ ပွဲထွက်ကစားသမား အဖြစ်

ပါဝင်ကစားခွင့်ရခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့သလို ယူကရိန်းခံစစ် ကစားသမား တွေကိုလဲ ဒုက္ခပေးနိုင် ခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ထူးခြားတာက အင်္ဂလန်အသင်းသွင်းယူခဲ့တဲ့ (၄)ဂိုးထဲက (၃)ဂိုးက ခေါင်းတိုက်သွင်းခဲ့တာဖြစ်ပြီး ယူနိုက်တက် ခံစစ်ကစားသမားတွေဖြစ်တဲ့

လုရှောနဲ့မက်ဂွိုင်းယားတို့က အင်္ဂလန်အသင်းရဲ့ဂိုးပြတ်နိုင်ပွဲမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ကာ ခြေစွမ်းပြ ကစားပေးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီကတည်းက ခြေးစွမ်းကောင်းတွေ ပြသခဲ့တဲ့ လုရှောဟာ အခုယူရိုပြိုင်ပွဲ မှာလည်း အကောင်းဆုံးပုံစံ ဆက်ပြနေဆဲဖြစ်သလို ယူကရိန်းနဲ့ပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းစလို့ (၄၆)မိနစ်မှာ မက်ဂွိုင်းယားရဲ့ ခေါင်းတိုက်သွင်းဂိုးက လုရှောဖန်တီးပေးခဲ့တာဖြစ်လို့ ယူနိုက်တက်ကစားသမားနှစ်ဦးရဲ့အချိတ်အဆက် ကနေ အင်္ဂလန်အသင်း ဂိုးရခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် လုရှောဟာ မိနစ်(၅၀)မှာလည်း ဟယ်ရီကိန်း ခေါင်းတိုက်သွင်းနိုင်အောင် ဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။ မကြာသေးခင်က လုရှောရဲ့ Set Piece ကန်တင်တဲ့အရည်အသွေးကို

ဝေဖန်ခဲ့သူ ယူနိုက်တက်နည်းပြဟောင်းမော်ရင်ဟိုကတော့ ဒီပွဲကြည့်ပြီးရင် လုရှောကို ဝေဖန်မိတဲ့အပေါ် မှားယွင်းကြောင်း လုရှောက သက်သေပြခဲ့ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ လုခ်ရှော၊ မက်ဂွိုင်းယား၊ ယူနိုက်တက်ကစားသမားသစ် ဆန်ချိုတို့အားလုံး ခြေစွမ်းပြခဲ့ပြီး ဒုတိယပိုင်းမှ လူစားဝင်ကစားတဲ့ ရပ်ရ်ှဖို့ဒ်လည်း ထိုက်သင့်တဲ့စွမ်းဆောင်ရည်မျိုးပြသခဲ့ပါတယ်။

အင်္ဂလန်အသင်းမှာ ယူနိုက်တက်အသင်းက ကစားသမား(၃)ဦး(ဆန်ချိုအပါအဝင်ဆို ၄ဦး)ပါဝင်ကစားနေပြီး ဒီကစားသမားတွေဟာ အင်္ဂလန်အသင်းရဲ့

ပထမဆုံးအကြိမ် ယူရိုချန်ပီယံ ဖြစ်ရေး မျှော်လင့်ချက်ကို အကောင်အထည်ဖော်နိုင်အောင် စွမ်းဆောင်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ

Zawgyi Version

နာမည္ေက်ာ္အဂၤလန္အသင္းကေတာ့ လက္ရွိ က်င္းပေနတဲ့ ယူရို-၂၀၂၀ ကြာတားဖိုင္နယ္မွာ ယူကရိန္းအသင္းကို

(၄)ဂိုးျပတ္အနိုင္ယူၿပီး ယူရို-၁၉၉၆ ေနာက္ပိုင္းေဝးကြာေနတဲ့ ဆီမီးဖိုင္နယ္အဆင့္ကို ျပန္လည္ တက္ေရာက္နိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက မန္ခ်က္စတာယူနိုက္တက္အသင္းရဲ႕ ကစားသမားသစ္ ျဖစ္လာခဲ့တဲ့ ဆန္ခ်ိဳဟာ ယူကရိန္း နဲ႕ပြဲမွာ ပြဲထြက္ကစားသမား အျဖစ္

ပါဝင္ကစားခြင့္ရခဲ့ၿပီး ေျခစြမ္းျပကစားနိုင္ခဲ့သလို ယူကရိန္းခံစစ္ ကစားသမား ေတြကိုလဲ ဒုကၡေပးနိုင္ ခဲ့ပါတယ္။

ဒီပြဲစဥ္မွာ ထူးျခားတာက အဂၤလန္အသင္းသြင္းယူခဲ့တဲ့ (၄)ဂိုးထဲက (၃)ဂိုးက ေခါင္းတိုက္သြင္းခဲ့တာျဖစ္ၿပီး ယူနိုက္တက္ ခံစစ္ကစားသမားေတြျဖစ္တဲ့

လုေရွာနဲ႕မက္ဂြိုင္းယားတို႔က အဂၤလန္အသင္းရဲ႕ဂိုးျပတ္နိုင္ပြဲမွာ တစ္ေထာင့္တစ္ေနရာကေန ပါဝင္ကာ ေျခစြမ္းျပ ကစားေပးနိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီကတည္းက ေျခးစြမ္းေကာင္းေတြ ျပသခဲ့တဲ့ လုေရွာဟာ အခုယူရိုၿပိဳင္ပြဲ မွာလည္း အေကာင္းဆုံးပုံစံ ဆက္ျပေနဆဲျဖစ္သလို ယူကရိန္းနဲ႕ပြဲမွာ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္နိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းစလို႔ (၄၆)မိနစ္မွာ မက္ဂြိုင္းယားရဲ႕ ေခါင္းတိုက္သြင္းဂိုးက လုေရွာဖန္တီးေပးခဲ့တာျဖစ္လို႔ ယူနိုက္တက္ကစားသမားႏွစ္ဦးရဲ႕အခ်ိတ္အဆက္ ကေန အဂၤလန္အသင္း ဂိုးရခဲ့တာပဲျဖစ္ပါတယ္။

ဒါ့အျပင္ လုေရွာဟာ မိနစ္(၅၀)မွာလည္း ဟယ္ရီကိန္း ေခါင္းတိုက္သြင္းနိုင္ေအာင္ ဖန္တီးေပးနိုင္ခဲ့ပါေသးတယ္။ မၾကာေသးခင္က လုေရွာရဲ႕ Set Piece ကန္တင္တဲ့အရည္အေသြးကို

ေဝဖန္ခဲ့သူ ယူနိုက္တက္နည္းျပေဟာင္းေမာ္ရင္ဟိုကေတာ့ ဒီပြဲၾကည့္ၿပီးရင္ လုေရွာကို ေဝဖန္မိတဲ့အေပၚ မွားယြင္းေၾကာင္း လုေရွာက သက္ေသျပခဲ့ပါတယ္။

ဒီပြဲမွာ ယူနိုက္တက္ကစားသမားေတြျဖစ္တဲ့ လုခ္ေရွာ၊ မက္ဂြိုင္းယား၊ ယူနိုက္တက္ကစားသမားသစ္ ဆန္ခ်ိဳတို႔အားလုံး ေျခစြမ္းျပခဲ့ၿပီး ဒုတိယပိုင္းမွ လူစားဝင္ကစားတဲ့ ရပ္ရ္ွဖို႔ဒ္လည္း ထိုက္သင့္တဲ့စြမ္းေဆာင္ရည္မ်ိဳးျပသခဲ့ပါတယ္။

အဂၤလန္အသင္းမွာ ယူနိုက္တက္အသင္းက ကစားသမား(၃)ဦး(ဆန္ခ်ိဳအပါအဝင္ဆို ၄ဦး)ပါဝင္ကစားေနၿပီး ဒီကစားသမားေတြဟာ အဂၤလန္အသင္းရဲ႕

ပထမဆုံးအႀကိမ္ ယူရိုခ်န္ပီယံ ျဖစ္ေရး ေမွ်ာ္လင့္ခ်က္ကို အေကာင္အထည္ေဖာ္နိုင္ေအာင္ စြမ္းေဆာင္ျပနိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ