Spots news

ဇီဒန်းနဲ့ အဆင်မပြေမှုများ ရှိခဲ့ကြောင်း ပြောကြားလိုက်တဲ့ ကော်တိုရစ်

Unicode Version

ရီးရဲလ် မက်ဒရစ် ဂိုးသမား သီဘာရပ် ကော်တိုရစ်က မက်ဒရစ်မှာ ဇီဒန်း နဲ့ အဆင် မပြေမှု များရှိခဲ့ ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ်။ ဘယ်ဂျီယံသားက ၂၀၁၈ ခုနှစ်မှာ ချဲလ်ဆီး ကနေ မက်ဒရစ်ရဲ့ ကာဆီးလက်စ် နေရာမှာ အစား ထိုးဖို့ ရောက်ရှိ လာသူ ဖြစ်ပါတယ်။

ကော်တိုရစ် ရဲ့ မက်ဒရစ် ခရီးအစ မှာ ရုန်းကုန်ခဲ့ ရပြီး အမှား များစွာ ကနေ သွင်းဂိုးများ ပေးခဲ့ ရပါတယ်။ ဂိုးသမား နာဗက်စ်နဲ့ အပြိုင် အလှည့်ကျ ပါဝင်ခဲ့ ရပြီး ယမန်နှစ် ရာသီ မှာတော့ ဇီဒန်းရဲ့ ပထမ ဂိုးသမား ဖြစ်လာ ခဲ့ကာ ဘာစီလိုနာ ကို ကျော်ဖြတ်ပြီး လာလီဂါ အမှတ်ပေး ဖလား ရယူ နိုင်ခဲ့ ပါတယ်။

ကော်တိုရစ်က “ အဓိက ကတော့ သူ နဲ့ ကျွန်တော် အရင်က ပေါင်းသင်း ဆက်ဆံဖူး တဲ့ အတွေ့ အကြုံ မရှိထား ခဲ့လို့ပါ။ ဇီဒန်းက အလှည့်ကျ ကစား ရတာကို ကြိုက်တဲ့ နည်းပြပါ။ အစမှာ သူနဲ့ ကျွန်တော် ဆက်ဆံရေး အေးစက်မှု များ ရှိခဲ့ ပါတယ် ။ ဒါပေမဲ့ တခြား သူတွေလို သူ နဲ့ ကျွန်တော် အရင်က ရင်းနှီးမှု မရှိခဲ့တာ  ကြောင့်လည်း ဖြစ်ပါတယ်။ နောက်တော့ သူကိုယ်တိုင် နားလည် ခဲ့တယ် ၂၀၁၉ခုနှစ် နွေရာသီ ကာလမှာ ကျွန်တော်တို့ ကောင်းမွန်တဲ့ ဆွေးနွေးမှု များ ရှိခဲ့ပြီး နောက်ပိုင်း ကျွန်တော်တို့ ဆက်ဆံရေး ကောင်းမွန် လာခဲ့ ပါတယ်။ သူက တည်ငြိမ်တဲ့ ပုဂ္ဂိုလ် ဖြစ်ပြီး စိတ်ဓာတ် လှုံဆော်မှု ပေးသူ တစ်ယောက်ပါပဲ” ဟု ပြောကြား ခဲ့ပါတယ်။

လက်ရှိ အချိန်မှာ မက်ဒရစ်တွင် ပုံမှန်လက်စွမ်း ဖြင့် ပွဲထွက်ခွင့် များ ရနေပြီး မက်ဒရစ်ရဲ့ ဂိုးပေါက်ကို ကာကွယ် နေသူပါ။ ကမ္ဘာ့ အကောင်းဆုံး ကလပ် အသင်းများ ထဲက တစ်သင်းမှာ နေရာ တစ်ခု အခိုင် အမာ ရနေ ပေမယ့် သူကိုယ်တိုင် လက်စွမ်း ကောင်းတဲ့ ထိပ်တန်း ဂိုးသမားလို့ သတ်မှတ် ထားခြင်း မရှိပါဘူး။

ကော်တိုရစ်က “ကျွန်တော် ကိုယ်ကိုကိုယ် ကမ္ဘာ့အကောင်းဆုံး ဂိုးသမား တစ်ဦး လို့ပြောရတာ မကြိုက်ပါဘူး ကျွန်တော်က ကမ္ဘာ့ အကောင်းဆုံး ဂိုးသမားတွေ ဖြစ်တဲ့ နူအာ၊ အော့ဘလတ်၊ တာစတီဂန်၊ အလီဆင် ဘက်ကာ တို့ နဲ့ အတူ အကောင်းဆုံး ဂိုးသမား တစ်ဦး အဖြစ် ရှိနေတယ် လို့ဘဲ မြင်ပါတယ်။ မည့်သည် အခြေ အနေမှာ မဆို ဂိုးသမား တစ်ဦး ဆိုတာ မကျော်ဖြတ်နိုင်တဲ့ သူ ဖြစ်ရမှာပါ ကျွန်တော်တို့ မှာတော့ မတူညီတဲ့ အရည် အသွေးတွေ ရှိပါတယ်”ဟု ပြောကြား ခဲ့ပါတယ်။

Zawgyi Version

ရီးရဲလ္ မက္ဒရစ္ ဂိုးသမား သီဘာရပ္ ေကာ္တိုရစ္က မက္ဒရစ္မွာ ဇီဒန္း နဲ႕ အဆင္ မေျပမႈ မ်ားရွိခဲ့ ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား လိုက္ပါတယ္။ ဘယ္ဂ်ီယံသားက ၂၀၁၈ ခုႏွစ္မွာ ခ်ဲလ္ဆီး ကေန မက္ဒရစ္ရဲ႕ ကာဆီးလက္စ္ ေနရာမွာ အစား ထိုးဖို႔ ေရာက္ရွိ လာသူ ျဖစ္ပါတယ္။

ေကာ္တိုရစ္ရဲ႕ မက္ဒရစ္ ခရီးအစ မွာ ႐ုန္းကုန္ခဲ့ ရၿပီး အမွားမ်ားစြာ ကေန သြင္းဂိုးမ်ား ေပးခဲ့ ရပါတယ္။ ဂိုးသမား နာဗက္စ္နဲ႕ အၿပိဳင္ အလွည့္က် ပါဝင္ခဲ့ ရၿပီး ယမန္ႏွစ္ ရာသီမွာေတာ့ ဇီဒန္းရဲ႕ ပထမ ဂိုးသမား ျဖစ္လာခဲ့ကာ ဘာစီလိုနာကို ေက်ာ္ျဖတ္ၿပီး လာလီဂါအမွတ္ေပးဖလား ရယူနိုင္ခဲ့ပါတယ္။

ေကာ္တိုရစ္က “ အဓိက ကေတာ့ သူ နဲ႕ ကြၽန္ေတာ္ အရင္က ေပါင္းသင္း ဆက္ဆံဖူး တဲ့ အေတြ႕အႀကဳံ မရွိထား ခဲ့လို႔ပါ။ ဇီဒန္းက အလွည့္က် ကစား ရတာကို ႀကိဳက္တဲ့ နည္းျပပါ။ အစမွာ သူနဲ႕ ကြၽန္ေတာ္ ဆက္ဆံေရး ေအးစက္မႈ မ်ား ရွိခဲ့ ပါတယ္ ။ ဒါေပမဲ့ တျခား သူေတြလို သူ နဲ႕ ကြၽန္ေတာ္ အရင္က ရင္းႏွီးမႈ မရွိခဲ့တာ ေၾကာင့္လည္း ျဖစ္ပါတယ္။ ေနာက္ေတာ့ သူကိုယ္တိုင္ နားလည္ ခဲ့တယ္ ၂၀၁၉ခုႏွစ္ ေႏြရာသီ ကာလမွာ ကြၽန္ေတာ္တို႔ ေကာင္းမြန္တဲ့ ေဆြးေႏြးမႈ မ်ား ရွိခဲ့ၿပီး ေနာက္ပိုင္း ကြၽန္ေတာ္တို႔ဆက္ဆံေရး ေကာင္းမြန္ လာခဲ့ ပါတယ္။ သူက တည္ၿငိမ္တဲ့ ပုဂၢိဳလ္ ျဖစ္ၿပီး စိတ္ဓာတ္ လႈံေဆာ္မႈ ေပးသူ တစ္ေယာက္ပါပဲ” ဟု ေျပာၾကား ခဲ့ပါတယ္။

လက္ရွိ အခ်ိန္မွာ မက္ဒရစ္တြင္ ပုံမွန္လက္စြမ္း ျဖင့္ ပြဲထြက္ခြင့္ မ်ား ရေနၿပီး မက္ဒရစ္ရဲ႕ ဂိုးေပါက္ကို ကာကြယ္ ေနသူပါ။ ကမာၻ႔ အေကာင္းဆုံး ကလပ္ အသင္းမ်ား ထဲက တစ္သင္းမွာ ေနရာတစ္ခု အခိုင္အမာ ရေန ေပမယ့္ သူကိုယ္တိုင္ လက္စြမ္း ေကာင္းတဲ့ ထိပ္တန္း ဂိုးသမားလို႔ သတ္မွတ္ ထားျခင္း မရွိပါဘူး။

ေကာ္တိုရစ္က “ကြၽန္ေတာ္ ကိုယ္ကိုကိုယ္ ကမာၻ႔အေကာင္းဆုံး ဂိုးသမား တစ္ဦး လို႔ေျပာရတာ မႀကိဳက္ပါဘူး ကြၽန္ေတာ္က ကမာၻ႔ အေကာင္းဆုံး ဂိုးသမားေတြ ျဖစ္တဲ့ ႏူအာ၊ ေအာ့ဘလတ္၊ တာစတီဂန္၊ အလီဆင္ ဘက္ကာ တို႔ နဲ႕ အတူ အေကာင္းဆုံး ဂိုးသမား တစ္ဦး အျဖစ္ ရွိေနတယ္ လို႔ဘဲ ျမင္ပါတယ္။ မည့္သည္ အေျခ အေနမွာ မဆို ဂိုးသမား တစ္ဦး ဆိုတာ မေက်ာ္ျဖတ္နိုင္တဲ့ သူ ျဖစ္ရမွာပါ ကြၽန္ေတာ္တို႔ မွာေတာ့ မတူညီတဲ့ အရည္ အေသြးေတြ ရွိပါတယ္”ဟု ေျပာၾကား ခဲ့ပါတယ္။