Spots news

လာမယ့်ရာသီအတွက် ကြံ့ခိုင်မှု ပိုမို သန်မာအောင် ပြင်ဆင်နေတဲ့ သရဲနီလူငယ်ကြယ်ပွင့်

Unicode Version

အာမက်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ရာသီကြိုပွဲစဉ်တွေအတွက် စတင်ပြင်ဆင်နေပြီဖြစ်ပါတယ်။ ယူနိုက်တက် နည်းပြအဖွဲ့က အသင်း ကစားသမားတွေရဲ့

ကြံ့ခိုင်မှု ၊ ခံနိုင်ရည်ရှိမှုတွေ တိုးတက်လာစေဖို့ ဆုံးဖြတ်ထားတဲ့ အတွက် အာမက်ကလည်း သူ့ရဲ့ အမြန်နှုန်းနဲ့ ပတ်သက်လို့ အာရုံစိုက်သွားဖို့ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွေ့မှာ ယူနိုက်တက်ဆီသို့ ရောက်ရှ်လာတဲ့ အာမက်ဟာ
နည်းပြ ဆိုးရှားရဲ့ လက်အောက်မှာ ပွဲထွက်ခွင့်

အနည်းငယ်သာ ရရှိထားပေမယ့် ပရိသတ်တွေက လူငယ် ကစားသမားရဲ့ ခြေစွမ်းကို အများကြီး မျှော်လင့်ထားကြပါတယ်။

ဒါကြောင့် အာမက်ဟာ လာမယ့် ပွဲစဉ်တွေအတွက် အဆင်သင့်ဖြစ်နေစေဖို့ gym ထဲမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေတာ မြင်တွေ့ခဲ့ရပါတယ်။

အာမက်ဟာ ရာသီကြိုခြေစမ်းပွဲ ( ၄ ) ခုအတွက် ယူနိုက်တက်နည်းပြအဖွဲ့နဲ့အတူ အ‌နှောက်အယှက်မရှိ ကာလရှည်လက်တွဲခွင့်ရမှာဖြစ်ပါတယ်။

အသင်းရဲ့ အဓိကကစားသမားတွေအချို့က ယူရို နှင့် ကိုပါအမေရိက ပွဲစဉ်တွေ ကစားဖို့ရှိနေတာကြောင့် အာမက်တို့လို လူငယ်ကစားသမားတွေ

အတွက် လာမယ့်ရာသီမှာ အသင်းကြီးနဲ့အတူ ကစားခွင့်ရဖို့ ထိုက်တန်ကြောင်း ပြသရမယ့် အကောင်းဆုံးအခွင့်အရေးဖြစ်ပါတယ်။

Zawgyi Version







