Spots news

အိုးထရတ်ဖို့ဒ်ကို ရောက်ရှိလာဖို့ အခြေအနေကောင်းနေတဲ့ နောက်ခံလူ ဗာရန်း

Unicode Version

ရီးရဲလ် မက်ဒရစ် အသင်းရဲ့ ပြင်သစ်လက်ရွေးစင် နောက်ခံလူ ရာဖေးလ် ဗာရန်းရဲ့ အေးဂျင့်တွေဟာ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အိုးထရတ်ဖို့ဒ်ကို

ပြောင်းရွေ့နိုင်ဖို့ ယခုအပတ်အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ပြင်ဆင်နေကြောင်း သတင်းများက ဖော်ပြထားပါတယ်။

မန်ယူနိုက်တက်ဟာ ခံစစ်မှာ ဟယ်ရီမက်ဂွိုင်းယား တစ်ဦးသာ ခြေစွမ်းပုံမှန် ထိန်းထားနိုင်တာ ဖြစ်ပြီး မက်ဂွိုင်းယား ဒဏ်ရာ ရရှိချိန်မှာ အသင်းရဲ့ ခံစစ်ပြသနာဟာ

သိသာစွာ ပေါ်လွင်လာခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းမှ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ပြင်သစ် နောက်ခံလူ ဗာရန်း ကို ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ပြင်သစ် လက်ရွေးစင် ဗဟိုခံစစ် ကစားသမားဟာ ရီးရဲမက်ဒရစ်နဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၁၂ လအတွင်း ရောက်ရှိလာပြီး

လက်ရှိမှာ ဘာနေဗျူးရဲ့ ၂ နှစ် စာချုပ်သက်တမ်းတိုးနိုင်မယ့် ကမ်းလှမ်းမှုကို ဗာရန်းက ငြင်းပယ်ထားကြောင်း သိရပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ တိုက်စစ်အင်အား ဖြည့်တင်းဖို့ အမ်ဘာပေ ( သို့ ) ဟာလန်းတို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပြီး ငွေကြေးအထောက်အပံံ့

ဖြစ်စေဖို့ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ် ကစားသမားရဲ့ ပြောင်းရွေ့ကြေးကို ယူရို သန်း ၅၀ ဝန်းကျင်အလိုရှိနေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်း ကလည်း ဗာရန်းကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ကစားသမားက အင်္ဂလန်ကို ပြောင်းရွေ့ဖို့ ပိုပြီး ဆန္ဒရှိ‌နေတာပါ ။

ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်မှာ ဘောလုံးရာသီ ၁၀ ခုအတွင်း ပွဲပေါင်း ၃၆၀ ပါဝင်ကစားခဲ့ ပြီး အသင်းနှင့်အတူ လာလီဂါ ချန်ပီယံ ၃ ကြိမ်နှင့် ချန်ပီယံလိဂ် ဖလား ၄ ကြိမ်ရရှိထားပါတယ်။

ပြင်သစ်လက်ရွေးစင် နောက်ခံလူ ဗာရန်းဟာလက်ရှိ လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တဦး ဖြစ်တာကြောင့်

မန်ချက်စတာ ယူနိုက်တက်အသင်းကသာ သူ့ကို ခေါ်ယူနိုင်ခဲ့ရင် သူတို့အသင်းရဲ့ ခံစစ်ပိုင်းဟာ အတော်လေးကို ကောင်းမွန်လာမှာ အသေအချာပါပဲ။

Zawgyi Version

ရီးရဲလ္ မက္ဒရစ္ အသင္းရဲ႕ ျပင္သစ္လက္ေ႐ြးစင္ ေနာက္ခံလူ ရာေဖးလ္ ဗာရန္းရဲ႕ ေအးဂ်င့္ေတြဟာ အဂၤလန္ ပရီးမီးယားလိဂ္ရဲ႕ အိုးထရတ္ဖို႔ဒ္ကို

ေျပာင္းေ႐ြ႕နိုင္ဖို႔ ယခုအပတ္အတြင္းမွာ မန္ခ်က္စတာ ယူနိုက္တက္တာဝန္ရွိသူေတြနဲ႕ ေတြ႕ဆုံဖို႔ ျပင္ဆင္ေနေၾကာင္း သတင္းမ်ားက ေဖာ္ျပထားပါတယ္။

မန္ယူနိုက္တက္ဟာ ခံစစ္မွာ ဟယ္ရီမက္ဂြိုင္းယား တစ္ဦးသာ ေျခစြမ္းပုံမွန္ ထိန္းထားနိုင္တာ ျဖစ္ၿပီး မက္ဂြိုင္းယား ဒဏ္ရာ ရရွိခ်ိန္မွာ အသင္းရဲ႕ ခံစစ္ျပသနာဟာ

သိသာစြာ ေပၚလြင္လာခဲ့တာေၾကာင့္ ရီးရဲလ္မက္ဒရစ္ အသင္းမွ ထြက္ခြာဖို႔ ျပင္ဆင္ေနတဲ့ ျပင္သစ္ ေနာက္ခံလူ ဗာရန္း ကို ကမ္းလွမ္းမႈ ျပဳလုပ္ဖို႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။

ျပင္သစ္ လက္ေ႐ြးစင္ ဗဟိုခံစစ္ ကစားသမားဟာ ရီးရဲမက္ဒရစ္နဲ႕ စာခ်ဳပ္သက္တမ္း ေနာက္ဆုံး ၁၂ လအတြင္း ေရာက္ရွိလာၿပီး

လက္ရွိမွာ ဘာေနဗ်ဴးရဲ႕ ၂ ႏွစ္ စာခ်ဳပ္သက္တမ္းတိုးနိုင္မယ့္ ကမ္းလွမ္းမႈကို ဗာရန္းက ျငင္းပယ္ထားေၾကာင္း သိရပါတယ္။

ရီးရဲမက္ဒရစ္အသင္းဟာ တိုက္စစ္အင္အား ျဖည့္တင္းဖို႔ အမ္ဘာေပ ( သို႔ ) ဟာလန္းတို႔ကို ေခၚယူဖို႔ ပစ္မွတ္ထားေနတာ ျဖစ္ၿပီး ေငြေၾကးအေထာက္အပံံ့

ျဖစ္ေစဖို႔ ကမာၻ႔ဖလားခ်န္ပီယံ ျပင္သစ္ ကစားသမားရဲ႕ ေျပာင္းေ႐ြ႕ေၾကးကို ယူရို သန္း ၅၀ ဝန္းက်င္အလိုရွိေနတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီ အသင္း ကလည္း ဗာရန္းကို စိတ္ဝင္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနေပမယ့္ ကစားသမားက အဂၤလန္ကို ေျပာင္းေ႐ြ႕ဖို႔ ပိုၿပီး ဆႏၵရွိ‌ေနတာပါ ။

ဗာရန္းဟာ ရီးရဲလ္မက္ဒရစ္မွာ ေဘာလုံးရာသီ ၁၀ ခုအတြင္း ပြဲေပါင္း ၃၆၀ ပါဝင္ကစားခဲ့ ၿပီး အသင္းႏွင့္အတူ လာလီဂါ ခ်န္ပီယံ ၃ ႀကိမ္ႏွင့္ ခ်န္ပီယံလိဂ္ ဖလား ၄ ႀကိမ္ရရွိထားပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ ေနာက္ခံလူ ဗာရန္းဟာလက္ရွိ လာလီဂါၿပိဳင္ပြဲရဲ႕ အေကာင္းဆုံး ေနာက္ခံလူေတြထဲက တဦး ျဖစ္တာေၾကာင့္

မန္ခ်က္စတာ ယူနိုက္တက္အသင္းကသာ သူ႕ကို ေခၚယူနိုင္ခဲ့ရင္ သူတို႔အသင္းရဲ႕ ခံစစ္ပိုင္းဟာ အေတာ္ေလးကို ေကာင္းမြန္လာမွာ အေသအခ်ာပါပဲ။