Spots news

ပေါ့ဘာကို ပြောင်းရွေ့ကြေး အမြောက်အမြားနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ပီအက်စ်ဂျီ

Unicode Version

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို ပိုမိုအင်အား တောင့်တင်းဖို့အတွက် လက်ရှိ ယူရို ပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် ခြေစွမ်းပြသလို့နေတဲ့

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ ပြင်သစ်သတင်း မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

ပေါ့ဘာဟာ ၂၀၂၂ခုနှစ်မှာပဲ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် ယူနိုက်တက် ဘက်ကနေ သူတို့ရဲ့

ကြယ်ပွင့် ကစားသမားကို သက်တမ်းတိုးဖို့ လုပ်ဆောင်နေပေမယ့် လက်ရှိအချိန်ထိ သက်တမ်းတိုးဖို့က အဆင်မပြေနေတာပဲ ဖြစ်ပါတယ်။

ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် သူ့ရဲ့ ကစားသမား ဘဝ အမြင့်မားဆုံး အောင်မြင်မှုတွေကို အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းမှာ ရရှိခဲ့ပြီး

ဂျူဗင်တပ်အသင်း ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၀၅သန်းနဲ့ ပြန်လည် ပြောင်းရွှေ့လာအပြီးမှာ အသင်းနဲ့ ယူရိုပါလိဂ်ဖလား တလုံး ၊ ကားလင်းဖလား တလုံးနဲ့ ကွန်မြူနတီဒိုင်း တကြိမ်တို့ကိုသာ ရရှိခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ မကြာသေးခင်ကမှ နယ်သာလန် ကွင်းလယ်လူ ဝိုင်နယ်ဒမ်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပြီး ကွင်းလယ်မှာ

ဗာနက်တီ ပါရေဒက်စ် ဟာရဲရား ဂေးယီတို့လို ကစားသမားတွေ ရှိနေတာ ဖြစ်ပေမယ့်လည်း ပေါ့ဘာလို ထိပ်တန်းကွင်းလယ် ကစားသမားမျိုးကို ထပ်မံအလိုရှိ နေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာနဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိလို့နေပြီး ရွိုင်အိုလာကလည်း

အေးဂျင့်ကြေးကို မြိုးမြိုးမြက်မြက် ရနိုင်တာကြောင့် ဒီအပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ စွမ်းဆောင်ဖွယ် ရှိနေပါတယ်။

ဒါပေမယ့် ယူနိုက်တက် အသင်းနည်းပြ အိုလေဂန်နာဆိုးလ်ရှားကတော့ ပေါ့ဘာကို အသင်းကနေ လုံးဝ ရောင်းမထုတ်သွားစေချင်ပဲ အသင်းမှာပဲ ဆက်လက် ထိန်းသိမ်း ထားချင်နေတာကြောင့် အပြောင်းအရွှေ့က ခက်ခဲဖွယ်တော့ ရှိလာနိုင်ပါတယ်။

ဒါပေမယ့် ကစားသမားကသာ ယူနိုက်တက်နဲ့ သက်တမ်းမတိုးနိုင်ရင် ယူနိုက်တက်က ပေါ့ဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ပါ နောက်တစ်ကြိမ် လက်လွတ် ရနိုင်တာမို့ ပေါ့ဘာသာ သက်တမ်းတိုးဖို့ လက်မခံခဲ့ရင် ဒီနှစ်နွေမှာပဲ သူ့ကို ရောင်းထုတ် သွားနိုင်ပါတယ်။

Zawgyi Version

ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီအသင္းဟာ အသင္းရဲ႕ ကြင္းလယ္ပိုင္းကို ပိုမိုအင္အား ေတာင့္တင္းဖို႔အတြက္ လက္ရွိ ယူရို ၿပိဳင္ပြဲမွာ ျပင္သစ္အသင္းအတြက္ ေျခစြမ္းျပသလို႔ေနတဲ့

မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္ကစားသမား ေပါလ္ေပါ့ဘာကို ေခၚယူသြားဖို႔ ျပင္ဆင္ေနတယ္လို႔ ျပင္သစ္သတင္း မီဒီယာေတြကေန ေဖာ္ျပလာခဲ့ပါတယ္။

ေပါ့ဘာဟာ ၂၀၂၂ခုႏွစ္မွာပဲ ယူနိုက္တက္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္တဲ့အတြက္ ယူနိုက္တက္ ဘက္ကေန သူတို႔ရဲ႕

ၾကယ္ပြင့္ ကစားသမားကို သက္တမ္းတိုးဖို႔ လုပ္ေဆာင္ေနေပမယ့္ လက္ရွိအခ်ိန္ထိ သက္တမ္းတိုးဖို႔က အဆင္မေျပေနတာပဲ ျဖစ္ပါတယ္။

ေပါ့ဘာဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ လူငယ္ အကယ္ဒမီကေန ထြက္ေပၚလာတဲ့ ကစားသမား တဦး ျဖစ္ေပမယ့္ သူ႕ရဲ႕ ကစားသမား ဘဝ အျမင့္မားဆုံး ေအာင္ျမင္မႈေတြကို အီတလီ စီးရီးေအကလပ္ ဂ်ဴဗင္တပ္အသင္းမွာ ရရွိခဲ့ၿပီး

ဂ်ဴဗင္တပ္အသင္း ကေန မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၁၀၅သန္းနဲ႕ ျပန္လည္ ေျပာင္းေ႐ႊ႕လာအၿပီးမွာ အသင္းနဲ႕ ယူရိုပါလိဂ္ဖလား တလုံး ၊ ကားလင္းဖလား တလုံးနဲ႕ ကြန္ျမဴနတီဒိုင္း တႀကိမ္တို႔ကိုသာ ရရွိခဲ့ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ မၾကာေသးခင္ကမွ နယ္သာလန္ ကြင္းလယ္လူ ဝိုင္နယ္ဒမ္းကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူထားခဲ့တာ ျဖစ္ၿပီး ကြင္းလယ္မွာ

ဗာနက္တီ ပါေရဒက္စ္ ဟာရဲရား ေဂးယီတို႔လို ကစားသမားေတြ ရွိေနတာ ျဖစ္ေပမယ့္လည္း ေပါ့ဘာလို ထိပ္တန္းကြင္းလယ္ ကစားသမားမ်ိဳးကို ထပ္မံအလိုရွိ ေနတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီ အသင္းဟာ ေပါ့ဘာရဲ႕ ေအးဂ်င့္ျဖစ္သူ ႐ြိုင္အိုလာနဲ႕ပါ ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြ ရွိလို႔ေနၿပီး ႐ြိုင္အိုလာကလည္း

ေအးဂ်င့္ေၾကးကို ၿမိဳးၿမိဳးျမက္ျမက္ ရနိုင္တာေၾကာင့္ ဒီအေျပာင္းအေ႐ႊ႕ ျဖစ္ေပၚလာဖို႔ စြမ္းေဆာင္ဖြယ္ ရွိေနပါတယ္။

ဒါေပမယ့္ ယူနိုက္တက္ အသင္းနည္းျပ အိုေလဂန္နာဆိုးလ္ရွားကေတာ့ ေပါ့ဘာကို အသင္းကေန လုံးဝ ေရာင္းမထုတ္သြားေစခ်င္ပဲ အသင္းမွာပဲ ဆက္လက္ ထိန္းသိမ္း ထားခ်င္ေနတာေၾကာင့္ အေျပာင္းအေ႐ႊ႕က ခက္ခဲဖြယ္ေတာ့ ရွိလာနိုင္ပါတယ္။

ဒါေပမယ့္ ကစားသမားကသာ ယူနိုက္တက္နဲ႕ သက္တမ္းမတိုးနိုင္ရင္ ယူနိုက္တက္က ေပါ့ဘာကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ပါ ေနာက္တစ္ႀကိမ္ လက္လြတ္ ရနိုင္တာမို႔ ေပါ့ဘာသာ သက္တမ္းတိုးဖို႔ လက္မခံခဲ့ရင္ ဒီႏွစ္ေႏြမွာပဲ သူ႕ကို ေရာင္းထုတ္ သြားနိုင္ပါတယ္။