Spots news

(၂)ဂိုးသွင်း (၁)ဂိုးဖန်တီးပေးခဲ့ပြီး ကိုပါအမေရိကရဲ့ ရှင်ဘုရင်ဆိုတာကို သက်သေပြဆဲ မက်ဆီ

Unicode Version

ယနေ့မနက် ၇နာရီခွဲ အချိန်မှ စတင်ပြီး ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ အာဂျင်တီးနားအသင်းနဲ့ အီကွေဒေါအသင်းတို့ရဲ့ ကိုပါအမေရိကပြိုင်ပွဲ

ကွာတားဖိုင်နယ်ပွဲစဉ် မှာတော့ အာဂျင်တီးနားအသင်းက အီကွေဒေါအသင်းကို သက်တောင့်သက်သာ အနိုင်ရခဲ့ပါတယ်။

လူစာရင်း ကွာဟမှု ကြီးမားတဲ့ ဒီနှစ်သင်းရဲ့ တွေ့ဆုံမှုမှာ ပရိသတ်တွေ ခန့်မှန်းထားသလိုပဲ အာဂျင်တီးနားအသင်းဟာ ပွဲစ ပွဲဆုံး အီကွေဒေါအသင်းကို ဖိအားပေး ကစားနိုင်ခဲ့သလို

ဂိုးသွင်းခွင့်တွေလည်း အကြိမ်ရေ ၂၀ကျော် အထိ ရခဲ့ကာ အီကွေဒေါအသင်းဟာ ဂိုးသမား ဂလင်ဒက်ဇ်သာ မကောင်းရင် ၃-၀ ရလဒ်ထက် ပိုတဲ့ ဂိုးပြတ်ရလဒ်နဲ့ အရှက်တကွဲ အရေးနိမ့်ရမှာပါ။

အာဂျင်တီးနားအသင်း ကတော့ ထုံးစံအတိုင်းပဲ မက်ဆီရဲ့ ဦးဆောင်မှုနဲ့ ပွဲကို ကစားခဲ့ပြီး မက်ဆီကလည်း အသင်းက ရရှိတဲ့ သွင်းဂိုး ၃ဂိုးစလုံးနဲ့ ပါဝင် ပတ်သတ်ခဲ့ပါတယ်။ မက်ဆီဟာ ပွဲကစားချိန် ၄၀မိနစ်မှာ

သွင်းယူနိုင်ခဲ့တဲ့ ဒီပေါလ်ရဲ့ သွင်းဂိုး ၊ ပွဲကစားချိန် ၈၅မိနစ်မှာ ရရှိခဲ့တဲ့ မာတီနက်ဇ်တို့ရဲ့ သွင်းဂိုးတွေကို ဖန်တီးပေးနိုင်ခဲ့သလို အသင်းအတွက် ပွဲသိမ်းအနိုင်ဂိုးကိုလည်း ပွဲကစားချိန် ၉၃မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။

အီကွေဒေါအသင်းကို အနိုင်ရပြီးနောက် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အာဂျင်တီးနားအသင်းဟာ ဆီမီးဖိုင်နယ်အဆင့် မှာတော့ ဥရုဂွေးအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ ကိုလံဘီယာအသင်းနဲ့ ရင်ဆိုင် ကစားရတော့မှာပဲ ဖြစ်ပါတယ်။

Zawgyi Version

ယေန႕မနက္ ၇နာရီခြဲ အခ်ိန္မွ စတင္ၿပီး ယွဥ္ၿပိဳင္ ကစားခဲ့ၾကတဲ့ အာဂ်င္တီးနားအသင္းနဲ႕ အီေကြေဒါအသင္းတို႔ရဲ႕ ကိုပါအေမရိကၿပိဳင္ပြဲ ကြာတားဖိုင္နယ္ပြဲစဥ္ မွာေတာ့ အာဂ်င္တီးနားအသင္းက အီေကြေဒါအသင္းကို သက္ေတာင့္သက္သာ အနိုင္ရခဲ့ပါတယ္။

လူစာရင္း ကြာဟမႈ ႀကီးမားတဲ့ ဒီႏွစ္သင္းရဲ႕ ေတြ႕ဆုံမႈမွာ ပရိသတ္ေတြ ခန႔္မွန္းထားသလိုပဲ အာဂ်င္တီးနားအသင္းဟာ ပြဲစ ပြဲဆုံး အီေကြေဒါအသင္းကို ဖိအားေပး ကစားနိုင္ခဲ့သလို

ဂိုးသြင္းခြင့္ေတြလည္း အႀကိမ္ေရ ၂၀ေက်ာ္ အထိ ရခဲ့ကာ အီေကြေဒါအသင္းဟာ ဂိုးသမား ဂလင္ဒက္ဇ္သာ မေကာင္းရင္ ၃-၀ ရလဒ္ထက္ ပိုတဲ့ ဂိုးျပတ္ရလဒ္နဲ႕ အရွက္တကြဲ အေရးနိမ့္ရမွာပါ။

အာဂ်င္တီးနားအသင္း ကေတာ့ ထုံးစံအတိုင္းပဲ မက္ဆီရဲ႕ ဦးေဆာင္မႈနဲ႕ ပြဲကို ကစားခဲ့ၿပီး မက္ဆီကလည္း အသင္းက ရရွိတဲ့ သြင္းဂိုး ၃ဂိုးစလုံးနဲ႕ ပါဝင္ ပတ္သတ္ခဲ့ပါတယ္။ မက္ဆီဟာ ပြဲကစားခ်ိန္ ၄၀မိနစ္မွာ

သြင္းယူနိုင္ခဲ့တဲ့ ဒီေပါလ္ရဲ႕ သြင္းဂိုး ၊ ပြဲကစားခ်ိန္ ၈၅မိနစ္မွာ ရရွိခဲ့တဲ့ မာတီနက္ဇ္တို႔ရဲ႕ သြင္းဂိုးေတြကို ဖန္တီးေပးနိုင္ခဲ့သလို အသင္းအတြက္ ပြဲသိမ္းအနိုင္ဂိုးကိုလည္း ပြဲကစားခ်ိန္ ၉၃မိနစ္မွာ သြင္းယူေပးခဲ့ပါတယ္။

အီေကြေဒါအသင္းကို အနိုင္ရၿပီးေနာက္ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္နိုင္ခဲ့တဲ့ အာဂ်င္တီးနားအသင္းဟာ ဆီမီးဖိုင္နယ္အဆင့္ မွာေတာ့ ဥ႐ုေဂြးအသင္းကို ပင္နယ္တီ အဆုံးအျဖတ္နဲ႕ အနိုင္ရခဲ့တဲ့ ကိုလံဘီယာအသင္းနဲ႕ ရင္ဆိုင္ ကစားရေတာ့မွာပဲ ျဖစ္ပါတယ္။