Spots news

ဗာရန်းကို ခေါ်ယူနိုင်မယ့်အပြင် နောက်ထပ်အကျိုးရှိတော့မယ့် မန်ချက်စတာ ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရီးရဲလ်နောက်ခံလူ ဗာရန်းကို ခေါ်ယူဖို့ နီးစပ်နေပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေချိန်မှာ ရီးရဲလ်ရဲ့ကမ်းလှမ်းမှုကြောင့်

 

ယူနိုက်တက်အနေနဲ့ ဗာရန်းကိုခေါ်ယူနိုင်မယ့်အပြင် နောက်ထပ် အကျိုးရှိမှုတွေကိုပါ ရရှိတော့မယ်လို့ သတင်းတွေကရေးသားဖော်ပြခဲ့ကြပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ နောက်ခံလူ ဗာရန်းကို ပေါင်သန်း ၅၀ နဲ့ ယူနိုက်တက်ကို ရောင်းချဖို့ ရှိနေပေမယ့် အပြောင်းအရွှေ့ အစိတ်အပိုင်း

တစ်ခုအဖြစ် ကွင်းလယ်လူဖြစ်တဲ့ ဗန်ဒီဘိတ်ခ် ကို အဌားပြန်ပေးဖို့ တောင်းဆိုမှု ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ရီးရဲလ်ဟာ ဗန်ဒီဘိတ်ခ်ကို ယူနိုက်တက်ကို မရောက်ခင် အေဂျက်အသင်းမှာ ကစားခဲ့စဉ်ကတည်းက ခေါ်ယူဖို့ စီစဉ်ခဲ့တာဖြစ်ပြီး

အခုလိုယူနိုက်တက်ကနေ တစ်နှစ်အဌားနဲ့ ခေါ်ယူပြီးရင် အပြီးသတ် ခေါ်ယူခွင့်အတွက်ပါ စာချုပ်ချုပ်ဆိုဖို့ အလိုရှိနေပါတယ်။

ပြီးခဲ့တဲ့ရာသီက မန်ချက်စတာ ယူနိုက်တက်အတွက် ပွဲထွက်ကစားခွင့် ၄ ပွဲသာရခဲ့တဲ့ နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဗန်ဒီဘိတ်ခ်

အနေနဲ့ အသင်းပြောင်းရွှေ့ချင်နေကြောင်း ကစားသမားရဲ့အကြံပေးက ပြောဆိုမှုပြုလုပ်သွားခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ ကွင်းလယ်ကစားသမား တစ်ဦးခေါ်ယူရန် ပြင်ဆင်နေချိန်မှာ ဗန်ဒီဘိတ်ခ်ကို ရီးရဲလ်ထံ တစ်နှစ်အဌားချပြီး ကစားသမားနေရာထပ် နေမှုအတွက်

ပြေလည်သွားမှာ ဖြစ်ပြီး ကစားသမားရဲ့လစာကြေးဖြစ်တဲ့ ပေါင် ၂ သန်း သက်သာသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ရီးရဲလ္ေနာက္ခံလူ ဗာရန္းကို ေခၚယူဖို႔ နီးစပ္ေနၿပီဆိုတဲ့ သတင္းေတြထြက္ေပၚေနခ်ိန္မွာ ရီးရဲလ္ရဲ႕ကမ္းလွမ္းမႈေၾကာင့္

ယူနိုက္တက္အေနနဲ႕ ဗာရန္းကိုေခၚယူနိုင္မယ့္အျပင္ ေနာက္ထပ္ အက်ိဳးရွိမႈေတြကိုပါ ရရွိေတာ့မယ္လို႔ သတင္းေတြကေရးသားေဖာ္ျပခဲ့ၾကပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ေနာက္ခံလူ ဗာရန္းကို ေပါင္သန္း ၅၀ နဲ႕ ယူနိုက္တက္ကို ေရာင္းခ်ဖိဳ႕ ရွိေနေပမယ့္ အေျပာင္းအေ႐ႊ႕ အစိတ္အပိုင္း

တစ္ခုအျဖစ္ ကြင္းလယ္လူျဖစ္တဲ့ ဗန္ဒီဘိတ္ခ္ ကို အဌားျပန္ေပးဖို႔ ေတာင္းဆိုမႈ ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။

ရီးရဲလ္ဟာ ဗန္ဒီဘိတ္ခ္ကို ယူနိုက္တက္ကို မေရာက္ခင္ ေအဂ်က္အသင္းမွာ ကစားခဲ့စဥ္ကတည္းက ေခၚယူဖို႔ စီစဥ္ခဲ့တာျဖစ္ၿပီး

အခုလိုယူနိုက္တက္ကေန တစ္ႏွစ္အဌားနဲ႕ ေခၚယူၿပီးရင္ အၿပီးသတ္ ေခၚယူခြင့္အတြက္ပါ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ အလိုရွိေနပါတယ္။

ၿပီးခဲ့တဲ့ရာသီက မန္ခ်က္စတာ ယူနိုက္တက္အတြက္ ပြဲထြက္ကစားခြင့္ ၄ ပြဲသာရခဲ့တဲ့ နယ္သာလန္ လက္ေ႐ြးစင္ ကြင္းလယ္လူ ဗန္ဒီဘိတ္ခ္

အေနနဲ႕ အသင္းေျပာင္းေ႐ႊ႕ခ်င္ေနေၾကာင္း ကစားသမားရဲ႕အႀကံေပးက ေျပာဆိုမႈျပဳလုပ္သြားခဲ့ပါတယ္။

ယူနိုက္တက္အေနနဲ႕ ကြင္းလယ္ကစားသမား တစ္ဦးေခၚယူရန္ ျပင္ဆင္ေနခ်ိန္မွာ ဗန္ဒီဘိတ္ခ္ကို ရီးရဲလ္ထံ တစ္ႏွစ္အဌားခ်ၿပီး ကစားသမားေနရာထပ္ ေနမႈအတြက္

ေျပလည္သြားမွာ ျဖစ္ၿပီး ကစားသမားရဲ႕လစာေၾကးျဖစ္တဲ့ ေပါင္ ၂ သန္း သက္သာသြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။