Spots news
အင်္ဂလန်နဲ့ ယူကရိန်းပွဲစဉ်မှာ ပြောစမှတ်တွင်အောင်ခြေစွမ်းပြခဲ့တဲ့ အင်္ဂလန်သား (၅) ယောက်
Unicode Version
နာမည်ကျော် အင်္ဂလန်အသင်းကတော့ လက်ရှိ ကျင်းပနေတဲ့ ယူရို-၂၀၂၀ ကွာတားဖိုင်နယ်မှာ ယူကရိန်းအသင်းကို (၄)ဂိုးပြတ်အနိုင်ယူပြီး ယူရို-၁၉၉၆ နောက်ပိုင်းဝေးကွာနေတဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ပြန်လည် တက်ရောက်နိုင်ခဲ့ပါတယ်။
အင်္ဂလန် အတွက် အသင်းခေါင်းဆောင် ဟယ်ရီကိန်း က ပွဲအစ မှာတင် အဖွင့်ဂိုး သွင်းပေး ခဲ့သလို ဒုတိယပိုင်း မှာလည်း နောက်ထပ် ၁ ဂိုး သွင်းယူ ပေးခဲ့ ပါတယ် ။ ကျန် ၂ ဂိုး ကိုတော့ ဟယ်ရီ မက်ဂွဲယား နဲ့ ဟန်ဒါဆင် တို့က သွင်းယူ ပေးခဲ့ကြ ပါတယ် ။
ဒီပွဲမှာ အင်္ဂလန် ကစားသမား အားလုံးနီးပါး ပုံစံကောင်း ရခဲ့ကြပြီး အချို့ ကတော့ သိသိသာသာ ထင်ပေါ် ခဲ့ကြပါတယ် ။ အကောင်းဆုံး ခြေစွမ်းပြ ခဲ့ကြတဲ့ ကစားသမား ၅ ယောက် ကတော့ –
၅ ။ မေဆင်မောင့် ( အင်္ဂလန် ) – ၇.၅
ပွဲထွက် လူစာရင်းထဲကို ပြန်လည် ပါ၀င်ခွင့် ရရှိ လာခဲ့တဲ့ ပွဲမှာ မေဆင်မောင့် တစ်ယောက် ပုံစံကောင်း ရခဲ့ ပါတယ် ။ ဟန်ဒါဆင် ရဲ့ သွင်းဂိုးကို ဖန်တီး ပေးခဲ့သလို ပွဲချိန် တစ်လျောက် မှာလည်း သွက်လက်စွာ ကစား သွားနိုင်ခဲ့ ပါတယ် ။
၄ ။ ဟယ်ရီ မက်ဂွဲယား ( အင်္ဂလန် ) – ၈
ဒဏ်ရာကြောင့် ၈ ပတ် နီးပါး နားနေရ အပြီးမှာ အင်္ဂလန် အတွက် ၃ ပွဲ ဆက်တိုက် ကစားပြီး ပွဲတိုင်း ပုံစံကောင်း ရခဲ့ ပါတယ် ။ ဒီပွဲကတော့ ဟယ်ရီ မက်ဂွဲယား ရဲ့
ယူရို ပြိုင်ပွဲ တစ်လျောက် အကောင်းဆုံးလို့ ဆိုရမှာပါ ။ အရေးပါတဲ့ ဒုတိယဂိုး ကို ခေါင်းတိုက် သွင်းယူ ပေးခဲ့ပြီး အင်္ဂလန် ကို စိတ်ဓါတ် အသာစီး ရယူ စေခဲ့ ပါတယ် ။
၃ ။ ရာဟင်း စတာလင် ( အင်္ဂလန် ) – ၈.၅
အင်္ဂလန် အတွက် ဂိုးတွေ ဆက်တိုက် သွင်းပေး နေတဲ့ စတာလင် တစ်ယောက် ဒီညမှာတော့ ဂိုးမရခဲ့ ပါဘူး ။ ဒါပေမယ့် သူ့ရဲ့ နေရာမှာ အကောင်းဆုံး ကစားခဲ့ပြီး
ယူကရိန်း ခံစစ် ကို အလုပ် များစေခဲ့ ပါတယ် ။ ဒီနှစ် ပြိုင်ပွဲမှာ ဂါရတ် ဆောက်ဂိတ် ရဲ့ ယုံကြည်မှု အခံရဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ် နဲ့ ထိုက်တန်အောင် ခြေစွမ်းပြ ကစား သွားခဲ့တာပါ ။
၂ ။ လုခ်ရှော ( အင်္ဂလန် ) – ၉
တိုက်စစ်လိုက်ပါမှု အထူးကောင်းမွန် ခဲ့ပြီး ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ် နိုင်ခဲ့ ပါတယ် ။ ဒီနှစ် ပြိုင်ပွဲရဲ့ အကောင်းဆုံး ဘယ်နောက်ခံလူ အဖြစ် သတ်မှတ်ရလောက်တဲ့ ခြေစွမ်းကိုလည်း ပြသ ခဲ့တာပါ ။ ဆီမီး ဖိုင်နယ် မှာလည်း ဆက်ပြီး နေရာပေးခံရဖို့ ၁၀၀% သေချာ နေပါတယ် ။
၁ ။ ဟယ်ရီကိန်း ( အင်္ဂလန် ) – ၉
အရေးပါတဲ့ သွင်းဂိုး ၂ ဂိုးကို ပွဲချိန် တစ်ပိုင်းစီမှာ သွင်းယူကာ အင်္ဂလန် ရဲ့ တိုက်စစ်ကို ဦးဆောင် ခဲ့ ပါတယ် ။ ယူရို ရဲ့ Star of the Match ဆုကိုလည်း ရခဲ့ပြီး ဒီနှစ် ပြိုင်ပွဲမှာ ဂိုးမသွင်း နိုင်လို့
ဝေဖန် ခံနေရမှုတွေ ကိုလည်း ကောင်းစွာ ချေဖျက် နိုင်ခဲ့ ပါပြီ ။ လက်ရှိ မှာတော့ ဟယ်ရီကိန်း ဟာ သွင်းဂိုး ၃ ဂိုးနဲ့ ရွှေဖိနပ်ဆုကို မျှော်မှန်း နိုင်ဖို့ အလားအလာ ရှိလာခဲ့ ပါပြီ ။
Zawgyi Version
၂ ။ လုခ်ရှော ( အင်္ဂလန် ) – ၉
၁ ။ ဟယ်ရီကိန်း ( အင်္ဂလန် ) – ၉