Spots news

ခြေစွမ်းပြနေတဲ့ လုခ်ရှောကြောင့် မန်ယူနဲ့ အင်္ဂလန်ပရိတ်သတ်တွေ လှောင်တာခံနေရတဲ့ မော်ရင်ဟို

Unicode Version

လုခ်ရှောဟာ ယမန်နေ့ည ယူကရိန်းကို ၄ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အထူးခြေစွမ်းပြခဲ့တာကြောင့် ဝေဖန်ခဲ့တဲ့ မော်ရင်ဟိုတစ်ယောက် အင်္ဂလန်ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်း ခံနေခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီကတည်းက ခြေစွမ်းကောင်းတွေ ပြသခဲ့တဲ့ ရှောဟာ အခုယူရိုပြိုင်ပွဲ မှာလည်း အကောင်းဆုံးပုံစံ ဆက်ပြနေဆဲဖြစ်သလို ယူကရိန်းနဲ့ပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ရှောဟာ ယမန်နေ့ညက ပွဲစဉ်မှာ ထင်မထားလောက်အောင် ခြေစွမ်းကောင်းရခဲ့ပြီး မက်ဂွါရီနဲ့ ဟယ်ရီကိန်းတို့ရဲ့ သွင်းဂိုးတွေကို ဖန်တီးပေးခဲ့ပါတယ်။

အဆိုပါ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှာ အင်္ဂလန်က အထူးခြေစွမ်းပြခဲ့သလို မော်ရင်ဟိုရဲ့ ဝေဖန်ခြင်း ခံနေရတဲ့ လုခ်ရှောလည်း ပရိသတ်တွေရဲ့ ချီးကျူးခြင်းခံခဲ့ရပါတယ်။

မော်ရင်ဟိုက ချက်နဲ့ပွဲစဉ်အပြီး တပည့်ဟောင်း လုခ်ရှောရဲ့ ခြေစွမ်းဟာ တော်တော်လေး ညံ့တယ်ဆိုပြီး ဝေဖန်သွားခဲ့တာ ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ ပရိသတ်တွေက စပယ်ရှယ်ဝမ်းကို ယူကရိန်းနဲ့ ပွဲအပြီး ပြန်ပြီး ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက “မော်ရင်ဟိုကို နောက်ဖေးမှာ ထားခဲ့မယ့် လုခ်ရှောရဲ့ ခြေစွမ်းကွ”လို့ ရေးခဲ့ပါတယ်။

နောက်တစ်ဦးက “လုခ်ရှောက မော်ရင်ဟို ဝေဖန်နေတဲ့ကြားထဲ အင်္ဂလန်အတွက် ဒီလိုပွဲကြီးမှာ ခြေစွမ်းပြသွားပါတယ်။ ဒါမျိုး မင်းမြင်ချင်မှာပါ”လို့ ဆိုခဲ့ပါတယ်။

နောက်တစ်ယောက်က “လုခ်ရှောရဲ့ ဖြတ်တင်ဘောတွေက တော်တော်ဆိုးတယ်လို့ မော်ရင်ဟို ပြောခဲ့တာကို ပြန်သတိပေးတာပါ။

သူ ဒီနေ့ တည်ကန်ဘောကနေ မက်ဂွါရီရဲ့ဂိုးကို ဖန်တီးပေးသွားတာနော်”လို့ ရေးခဲ့ပါတယ်။

နောက်တစ်ဦးက “လုခ်ရှောက မော်ရင်ဟို နည်းပြလုပ်မယ့် ကွင်းထဲမှာ ပွဲကို စိုးမိုးပြသွားတယ်။ ဒါမျိုး ဖြစ်လာမယ်လို့ ဘယ်သူထင်မှာလဲ” ဆိုပြီး ပြောခဲ့ပါတယ်။

Zawgyi Version

လုခ္ေရွာဟာ ယမန္ေန႕ည ယူကရိန္းကို ၄ဂိုးျပတ္ အနိုင္ရခဲ့တဲ့ ပြဲစဥ္မွာ အထူးေျခစြမ္းျပခဲ့တာေၾကာင့္ ေဝဖန္ခဲ့တဲ့ ေမာ္ရင္ဟိုတစ္ေယာက္ အဂၤလန္ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္ျခင္း ခံေနခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ရာသီကတည္းက ေျခစြမ္းေကာင္းေတြ ျပသခဲ့တဲ့ ေရွာဟာ အခုယူရိုၿပိဳင္ပြဲ မွာလည္း အေကာင္းဆုံးပုံစံ ဆက္ျပေနဆဲျဖစ္သလို ယူကရိန္းနဲ႕ပြဲမွာ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္နိုင္ခဲ့ပါတယ္။

ေရွာဟာ ယမန္ေန႕ညက ပြဲစဥ္မွာ ထင္မထားေလာက္ေအာင္ ေျခစြမ္းေကာင္းရခဲ့ၿပီး မက္ဂြါရီနဲ႕ ဟယ္ရီကိန္းတို႔ရဲ႕ သြင္းဂိုးေတြကို ဖန္တီးေပးခဲ့ပါတယ္။

အဆိုပါ ဂိုးျပတ္ အနိုင္ရခဲ့တဲ့ ပြဲမွာ အဂၤလန္က အထူးေျခစြမ္းျပခဲ့သလို ေမာ္ရင္ဟိုရဲ႕ ေဝဖန္ျခင္း ခံေနရတဲ့ လုခ္ေရွာလည္း ပရိသတ္ေတြရဲ႕ ခ်ီးက်ဴးျခင္းခံခဲ့ရပါတယ္။

ေမာ္ရင္ဟိုက ခ်က္နဲ႕ပြဲစဥ္အၿပီး တပည့္ေဟာင္း လုခ္ေရွာရဲ႕ ေျခစြမ္းဟာ ေတာ္ေတာ္ေလး ညံ့တယ္ဆိုၿပီး ေဝဖန္သြားခဲ့တာ ျဖစ္ပါတယ္။

ယခုအခ်ိန္မွာေတာ့ ပရိသတ္ေတြက စပယ္ရွယ္ဝမ္းကို ယူကရိန္းနဲ႕ ပြဲအၿပီး ျပန္ၿပီး ေဝဖန္ခဲ့ၾကတာ ျဖစ္ပါတယ္။ ပရိသတ္တစ္ဦးက “ေမာ္ရင္ဟိုကို ေနာက္ေဖးမွာ ထားခဲ့မယ့္ လုခ္ေရွာရဲ႕ ေျခစြမ္းကြ”လို႔ ေရးခဲ့ပါတယ္။

ေနာက္တစ္ဦးက “လုခ္ေရွာက ေမာ္ရင္ဟို ေဝဖန္ေနတဲ့ၾကားထဲ အဂၤလန္အတြက္ ဒီလိုပြဲႀကီးမွာ ေျခစြမ္းျပသြားပါတယ္။ ဒါမ်ိဳး မင္းျမင္ခ်င္မွာပါ”လို႔ ဆိုခဲ့ပါတယ္။

ေနာက္တစ္ေယာက္က “လုခ္ေရွာရဲ႕ ျဖတ္တင္ေဘာေတြက ေတာ္ေတာ္ဆိုးတယ္လို႔ ေမာ္ရင္ဟို ေျပာခဲ့တာကို ျပန္သတိေပးတာပါ။ သူ ဒီေန႕ တည္ကန္ေဘာကေန မက္ဂြါရီရဲ႕ဂိုးကို ဖန္တီးေပးသြားတာေနာ္”လို႔ ေရးခဲ့ပါတယ္။

ေနာက္တစ္ဦးက “လုခ္ေရွာက ေမာ္ရင္ဟို နည္းျပလုပ္မယ့္ ကြင္းထဲမွာ ပြဲကို စိုးမိုးျပသြားတယ္။ ဒါမ်ိဳး ျဖစ္လာမယ္လို႔ ဘယ္သူထင္မွာလဲ” ဆိုၿပီး ေျပာခဲ့ပါတယ္။