Spots news

မိုင်ယာမီမှာ ဒီဘားလားနဲ့ တွေ့ဆုံခဲ့ပြီး ဂျူဗင်တပ်စ် နဲ့ သတင်းတွေပိုမို ထွက်လာခဲ့တဲ့ ပေါ့ဘာ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ သူနဲ့ပတ်သက်တဲ့ အပြောင်းအရွှေ့ ကောလဟာလတွေ ထွက်ပေါ်နေတဲ့ကြားထဲက သူရဲ့ ဂျုဗင်တပ်စ်အသင်းဖော် ဒီဘားလားနဲ့ အမေရိကန်နိုင်ငံ မိုင်ယာမီမှာ တွေ့ဆုံခဲ့ပြီးနောက် သူရဲ့အနာဂတ်က ပိုမိုလှုပ်ခတ်သွားခဲ့ရပါတယ်။

ပေါ့ဘာနဲ့ ဒီဘားလားတို့ဟာ တွဲဖက်ညီညီနဲ့ ဂျုဗီအတွက်အကောင်းဆုံး ကစားနိုင်ခဲ့သူတွေလည်း ဖြစ်ခဲ့ကြပြီး ပေါ့ဘာဟာ ၂၀၁၆ခုနှစ်မှာ ဂျုဗင်တပ်စ်ကနေ ယူနိုက်တက်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။

နှစ်အနည်းငယ်အကြာမှာပဲ အသင်းဟောင်း ဂျုဗင်တပ်စ်နဲ့ ကောလဟာလတွေ မကြာမကြာ ပြန်လည်ထွက်ပေါ်လျက်ရှိနေသလို ဂျုဗင်တပ်စ်ဘက်ကလည်း သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို ပြန်လည်အလိုရှိနေတယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေခဲ့ရပါတယ်။

လက်ရှိအချိန်မှာ အသက်(၂၈)နှစ်အရွှယ်ရှိ ကွင်းလယ်ကစားသမား ပေါ့ဘာက ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိနေတော့ပြီး သူ့ကို ယူနိုက်တက်ဘက်ကနေ သက်တမ်းတိုးဖို့ ကမ်းလှမ်းထားသလို

ပီအက်စ်ဂျီ ဂျုဗင်တပ်စ်အသင်းတွေနဲ့လည်း သတင်းတွေ ထွက်နေချိန်မှာ ပေါ့ဘာက သူရဲ့ဂျုဗင်တပ်စ်အသင်းဖော်ဟောင်း ဒီဘားလားနဲ့ မိုင်ယာမီမှာ တွေ့ဆုံမိခဲ့တာကြောင့် ပေါ့ဘာရဲ့အနာဂတ်က ပိုပြီး လှုပ်ခတ်သွားခဲ့ရပါတယ်။

လက်ရှိမှာလည်း ဂျုဗင်တပ်စ်အသင်းက ပီယာလိုရဲ့နေရာမှာ နည်းပြဟောင်း အယ်လီဂရီကို ပြန်လည်ခန့်အပ်လို့ထားပြီး အယ်လီဂရီမှာလည်း ပေါ့ဘာနဲ့အတူ ဂျုဗင်တပ်စ်မှာ (၂)ရာသီလောက် ဖြတ်သန်းခဲ့ဖူးကာ အောင်မြင်မှုတွေလည်း ရယူခဲ့ဖူးတာကြောင့် အယ်လီဂရီကိုယ်တိုင် ပေါ့ဘာကို အသင်းအတွက် ပြန်လည်အလိုရှိနေပါတယ်။

ယူနိုက်တက်ကလည်း ပေါ့ဘာကို သက်တမ်းတိုးချင်နေပေမယ့် ပေါ့ဘာဘက်ကသာ ဒီကမ်းလှမ်းမှုကို လက်မခံခဲ့ရင် ဒီစျေးကွက်အတွင်းမှာပဲ ရောင်းချသွားရနိုင်တာကြောင့် သူရဲ့အခြေအနေကို ပီအက်စ်ဂျီနဲ့ ဂျုဗင်တပ်စ်အသင်းဘက်ကနေ စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

ယူနိုက်တက်ဘက်ကတော့ ပေါ့ဘာကို အသင်းကနေ ရောင်းချဖြစ်မယ်ဆိုရင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၆၀)ဝန်းကျင်လောက်အထိ ပြန်လည်အလိုရှိနေပြီး သူ့နေရာမှာ ဂျာမန်ကွင်းလယ်လူ ဂေါ့ရက်ဇ်ကာနဲ့ အစားထိုးဖွယ် ရှိနေပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ကြင္းလယ္လူ ေပါလ္ေပါ့ဘာဟာ သူနဲ႕ပတ္သက္တဲ့ အေျပာင္းအေ႐ႊ႕ ေကာလဟာလေတြ ထြက္ေပၚေနတဲ့ၾကားထဲက သူရဲ႕ ဂ်ဳဗင္တပ္စ္အသင္းေဖာ္ ဒီဘားလားနဲ႕ အေမရိကန္နိုင္ငံ မိုင္ယာမီမွာ ေတြ႕ဆုံခဲ့ၿပီးေနာက္ သူရဲ႕အနာဂတ္က ပိုမိုလႈပ္ခတ္သြားခဲ့ရပါတယ္။

ေပါ့ဘာနဲ႕ ဒီဘားလားတို႔ဟာ တြဲဖက္ညီညီနဲ႕ ဂ်ဳဗီအတြက္အေကာင္းဆုံး ကစားနိုင္ခဲ့သူေတြလည္း ျဖစ္ခဲ့ၾကၿပီး ေပါ့ဘာဟာ ၂၀၁၆ခုႏွစ္မွာ ဂ်ဳဗင္တပ္စ္ကေန ယူနိုက္တက္အသင္းဆီ ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

ႏွစ္အနည္းငယ္အၾကာမွာပဲ အသင္းေဟာင္း ဂ်ဳဗင္တပ္စ္နဲ႕ ေကာလဟာလေတြ မၾကာမၾကာ ျပန္လည္ထြက္ေပၚလ်က္ရွိေနသလို ဂ်ဳဗင္တပ္စ္ဘက္ကလည္း သူတို႔ရဲ႕ ၾကယ္ပြင့္ကစားသမားကို ျပန္လည္အလိုရွိေနတယ္ဆိုတဲ့ သတင္းေတြ ဆက္တိုက္ထြက္ေပၚေနခဲ့ရပါတယ္။

လက္ရွိအခ်ိန္မွာ အသက္(၂၈)ႏွစ္အ႐ႊယ္ရွိ ကြင္းလယ္ကစားသမား ေပါ့ဘာက ယူနိုက္တက္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း (၁)ႏွစ္သာ က်န္ရွိေနေတာ့ၿပီး သူ႕ကို ယူနိုက္တက္ဘက္ကေန သက္တမ္းတိုးဖို႔ ကမ္းလွမ္းထားသလို

ပီအက္စ္ဂ်ီ ဂ်ဳဗင္တပ္စ္အသင္းေတြနဲ႕လည္း သတင္းေတြ ထြက္ေနခ်ိန္မွာ ေပါ့ဘာက သူရဲ႕ဂ်ဳဗင္တပ္စ္အသင္းေဖာ္ေဟာင္း ဒီဘားလားနဲ႕ မိုင္ယာမီမွာ ေတြ႕ဆုံမိခဲ့တာေၾကာင့္ ေပါ့ဘာရဲ႕အနာဂတ္က ပိုၿပီး လႈပ္ခတ္သြားခဲ့ရပါတယ္။

လက္ရွိမွာလည္း ဂ်ဳဗင္တပ္စ္အသင္းက ပီယာလိုရဲ႕ေနရာမွာ နည္းျပေဟာင္း အယ္လီဂရီကို ျပန္လည္ခန႔္အပ္လို႔ထားၿပီး အယ္လီဂရီမွာလည္း ေပါ့ဘာနဲ႕အတူ ဂ်ဳဗင္တပ္စ္မွာ (၂)ရာသီေလာက္ ျဖတ္သန္းခဲ့ဖူးကာ ေအာင္ျမင္မႈေတြလည္း ရယူခဲ့ဖူးတာေၾကာင့္ အယ္လီဂရီကိုယ္တိုင္ ေပါ့ဘာကို အသင္းအတြက္ ျပန္လည္အလိုရွိေနပါတယ္။

ယူနိုက္တက္ကလည္း ေပါ့ဘာကို သက္တမ္းတိုးခ်င္ေနေပမယ့္ ေပါ့ဘာဘက္ကသာ ဒီကမ္းလွမ္းမႈကို လက္မခံခဲ့ရင္ ဒီေစ်းကြက္အတြင္းမွာပဲ ေရာင္းခ်သြားရနိုင္တာေၾကာင့္ သူရဲ႕အေျခအေနကို ပီအက္စ္ဂ်ီနဲ႕ ဂ်ဳဗင္တပ္စ္အသင္းဘက္ကေန ေစာင့္ၾကည့္ေနၾကတာျဖစ္ပါတယ္။

ယူနိုက္တက္ဘက္ကေတာ့ ေပါ့ဘာကို အသင္းကေန ေရာင္းခ်ျဖစ္မယ္ဆိုရင္ ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ေပါင္သန္း(၆၀)ဝန္းက်င္ေလာက္အထိ ျပန္လည္အလိုရွိေနၿပီး သူ႕ေနရာမွာ ဂ်ာမန္ကြင္းလယ္လူ ေဂါ့ရက္ဇ္ကာနဲ႕ အစားထိုးဖြယ္ ရွိေနပါတယ္။