Spots news

ဗာရန်းကို ဒါးလော့နဲ့ အလိုက်ပေးပြီး ခေါ်ယူဖို့ စီစဉ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ရာဖယ် ဗာရန်းကို ခေါ်ယူဖို့ အတွက် အသင်းရဲ့ လူငယ် ညာနောက်ခံလူ ဒါးလော့ကို အသုံးချဖို့ စဉ်းစားနေကြောင်း နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် နောက်ခံလူ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမား တဦး ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အသင်းက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် ဗာရန်းကတော့ စိန်ခေါ်မှုအသစ်တွေနဲ့သာ ရင်ဆိုင်ချင်နေပါတယ်။

ယူနိုက်တက်အသင်းဟာ ဒေါ့မွန်အသင်းရဲ့ ဂျေဒန် ဆန်ချိုကို ပြောင်းရွှေ့ကြေး ပေါင် ၇၃သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူအပြီးမှာ ဗဟိုနောက်ခံလူ တဦးကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးစားလာပြီး ရီးရဲလ် ကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ ဗာရန်းဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းက ဗာရန်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူဖို့ဟာ အခက်အခဲ တခု မဟုတ်ကြောင်း ၊ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဗာရန်းရဲ့ ပြောင်းရွှေ့ကြေးကို ညှိနှိုင်းရန်သာ လိုအပ်ကြောင်း နာမည်ကြီး သတင်းထောက်ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အတည်ပြု ထားပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ ဗာရန်းကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားမှုတွေ ပြုလုပ်နေပေမယ့် ဗာရန်းကသာ စာချုပ်သစ် မချုပ်ဆိုတော့ရင် ဗာရန်းကို ယခုနှစ် အပြောင်းအရွှေ့မှာပဲ ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ဗာရန်း အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် အထိ လိုချင်နေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ ဗာရန်းအတွက် ပြောင်းရွှေ့ကြေးကို အတတ်နိုင်ဆုံး လျှော့ချချင်နေပြီး ရီးရဲလ် မက်ဒရစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းရဲ့ ပေါ်တူဂီ လူငယ် ညာနောက်ခံလူ ဒါးလော့ကို အလိုက်ပေးကာ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း

မန်ချက်စတာ ညနေခင်း သတင်းဌာနက ဆိုပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းအတွက် ဒါးလော့ + ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင်နဲ့ စတင် ကမ်းလှမ်းဖွယ် ရှိကြောင်း သိရှိရပါတယ်

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ သူတို႔အသင္းရဲ႕ နံပါတ္တစ္ ပစ္မွတ္ ကစားသမား တဦး ျဖစ္သူ ရာဖယ္ ဗာရန္းကို ေခၚယူဖို႔ အတြက္ အသင္းရဲ႕ လူငယ္ ညာေနာက္ခံလူ ဒါးေလာ့ကို အသုံးခ်ဖိဳ႕ စဥ္းစားေနေၾကာင္း နာမည္ႀကီး သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။

အသက္ ၂၈ႏွစ္ အ႐ြယ္ ေနာက္ခံလူ ဗာရန္းဟာ ရီးရဲလ္မက္ဒရစ္ အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ရွိေတာ့တဲ့ ကစားသမား တဦး ျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ အသင္းက သူ႕ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ႀကိဳးစားေနေပမယ့္ ဗာရန္းကေတာ့ စိန္ေခၚမႈအသစ္ေတြနဲ႕သာ ရင္ဆိုင္ခ်င္ေနပါတယ္။

ယူနိုက္တက္အသင္းဟာ ေဒါ့မြန္အသင္းရဲ႕ ေဂ်ဒန္ ဆန္ခ်ိဳကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၇၃သန္းနဲ႕ ေခၚယူဖို႔ သေဘာတူညီမႈ ရယူအၿပီးမွာ ဗဟိုေနာက္ခံလူ တဦးကို ေခၚယူဖို႔ အရွိန္ျမႇင့္ ႀကိဳးစားလာၿပီး ရီးရဲလ္ ကေန ထြက္ခြာဖို႔ စဥ္းစားေနတဲ့ ဗာရန္းဟာ သူတို႔ရဲ႕ နံပါတ္တစ္ ပစ္မွတ္ ကစားသမားပဲ ျဖစ္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းက ဗာရန္းနဲ႕ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရယူဖို႔ဟာ အခက္အခဲ တခု မဟုတ္ေၾကာင္း ၊ ရီးရဲလ္မက္ဒရစ္အသင္းနဲ႕ ဗာရန္းရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကို ညွိႏွိုင္းရန္သာ လိုအပ္ေၾကာင္း နာမည္ႀကီး သတင္းေထာက္ျဖစ္သူ ဖာဘရီဇီယို ရိုမာနိုက အတည္ျပဳ ထားပါတယ္။

ရီးရဲလ္မက္ဒရစ္ အသင္းဟာ ဗာရန္းကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ႀကိဳးစားမႈေတြ ျပဳလုပ္ေနေပမယ့္ ဗာရန္းကသာ စာခ်ဳပ္သစ္ မခ်ဳပ္ဆိုေတာ့ရင္ ဗာရန္းကို ယခုႏွစ္ အေျပာင္းအေ႐ႊ႕မွာပဲ ေရာင္းခ်ဖိဳ႕ ဆုံးျဖတ္ထားၿပီး ဗာရန္း အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၆၀သန္း ဝန္းက်င္ အထိ လိုခ်င္ေနေၾကာင္း သိရပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္း ကေတာ့ ဗာရန္းအတြက္ ေျပာင္းေ႐ႊ႕ေၾကးကို အတတ္နိုင္ဆုံး ေလွ်ာ့ခ်ခ်င္ေနၿပီး ရီးရဲလ္ မက္ဒရစ္အသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ အသင္းရဲ႕ ေပၚတူဂီ လူငယ္ ညာေနာက္ခံလူ ဒါးေလာ့ကို အလိုက္ေပးကာ ကမ္းလွမ္းဖို႔ စီစဥ္ေနေၾကာင္း

မန္ခ်က္စတာ ညေနခင္း သတင္းဌာနက ဆိုပါတယ္။ ထြက္ေပၚလာတဲ့ သတင္းေတြအရ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဗာရန္းအတြက္ ဒါးေလာ့ + ေျပာင္းေ႐ႊ႕ေၾကး ယူရို ၃၀သန္း ဝန္းက်င္နဲ႕ စတင္ ကမ္းလွမ္းဖြယ္ ရွိေၾကာင္း သိရွိရပါတယ္