Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယား ကတော့ ကစားသမားသစ် ဆန်ချိုဟာ ယူနိုက်တက်မှာ အောင်မြင်မှု ရရှိလိမ့်မယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒေါ့မွန် တောင်ပံကစားသမား ဆန်ချိုဟာ ယူရို ၂၀၂၀ ပြီးတာနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ကစားသမားတစ်ယောက် ဖြစ်လာတော့မှာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဆန်ချိုကိုရဖို့ အတော်လေး ကြိုးစား ခေါ်ယူခဲ့ရတာဖြစ်ပြီး
အခုလို အသင်းကိုရောက်ရှိလာချိန်မှာလည်း ဆန်ချိုက ယူနိုက်တက် အတွက် အရေးပါတဲ့ ကစားသမား တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားက ယုံကြည်နေပါတယ်။
ယူနိုက်တက်အသင်းခေါင်းဆောင်က “သူကျွန်တော်တို့နဲ့ စာချုပ်ချုပ်လိုက်တော့ သူ့ရဲ့ယူနိုက်တက် ကစားသမားဘဝက အောင်မြင်မယ်လို့ ယုံကြည်တယ်၊ သူက အနာဂတ်မှာလည်း ကျွန်တော် တို့အတွက် အရမ်းကို အရေးပါတဲ့သူ ဖြစ်လာမှာပါ။ ဂျေဒန်က ထိပ်တန်းကစားသမား တစ်ယောက်ပါ။
အသက်အရမ်းငယ်သေးပေမယ့် ပွဲတွေလည်း အများကြီး ကစားထားပြီး မယုံနိုင်စရာတွေကိုပဲ လုပ်ပြနိုင်ခဲ့တယ်။ လက်ရှိသူ့နေရာမှာတော့ သူကအင်္ဂလန်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်တာကြောင့် သူကအခုချိန်မှာတော့ အကောင်းဆုံး ပါရမီရှင်တစ်ယောက်ပါပဲ။
သူကစိတ်ရှည်သည်းခံတတ်ပြီး အခွင့်အရေးတွေကိုလည်း စောင့်နိုင်တဲ့သူပါ။ ထရိန်နင်မှာ သူလုပ်ပြခဲ့တာတွေကို မြင်ရုံနဲ့တင် အရမ်းကိုနှစ်သက်မိခဲ့ပါတယ်။ နေ့စဉ်နေ့တိုင်းအရမ်းကို ကြိုးစားတဲ့သူပါ။ ပါရမီလည်းကောင်းတော့ ဂိုးသွင်းတဲ့နေရာမှာရော၊ ဂိုးဖန်တီးတဲ့နေရာမှာပါ အရမ်းတော်တယ်”လို့ ပြောခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆန်ချို ၁၇ နှစ်အရွယ်က မန်စီးတီးကနေ ထွက်ခွာဖို့ ကြိုးစားကတည်းက ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့သလို ပြီးခဲ့တဲ့ရာသီကလည်း ဒေါ့မွန်ကို တရားဝင် ကမ်းလှမ်းခဲ့ပေမယ့်
ပယ်ချခံခဲ့ရပြန်ပါတယ်။ ဒီနွေရာသီမှာတော့ ယူနိုက်တက်တို့ ဆန်ချိုကို အမှန်တကယ်ခေါ်ယူနိုင်ခဲ့သလို ပေါင် ၇၃ သန်းဆိုတဲ့ ပြီးခဲ့တဲ့နှစ်ကထက် ပိုနည်းပါးတဲ့ ပမာဏသာ ပေးချေခဲ့ပါတယ်။
Zawgyi Version