Spots news

မန်ယူနိုက်တက်ကို ပြောင်း‌ရွေ့ချင်လို့ ဝိန်းရွန်းနီ ကို ပြောခဲ့ကြောင်း ဝန်ခံခဲ့တဲ့ ကာဗာနီ

Unicode Version

မန်ချက် စတာ ယူနိုက်တက် တိုက်စစ်မှူး ကာဗာနီက သူဟာ မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွေ့ဖို့ အချိန် အကြာကြီး စောင့်ခဲ့ ရကြောင်း ပြောကြား လိုက် ပါတယ်။ အောက်တိုဘာ လကမှ ယူနိုက်တက်ကို တစ်နှစ် စာချုပ် နဲ့ ပီအက်စ်ဂျီ ကနေ ရောက်ရှိ လာခဲ့တဲ့ တိုက်စစ်မှူး ကာဗာနီဟာ ပီအက်စ်ဂျီ အသင်းမှာ ၇ နှစ် ကာလကို ဖြတ်သန်း ခဲ့ပြီး အသင်းနဲ့ အတူ ဆုဖလား အောင်မြင်မှုတွေ အပြင် အသင်းရဲ့ သွင်းဂိုး အများဆုံး ကစားသမားပါ ဖြစ်လာ ခဲ့ပါတယ်။

ဒါပေမဲ့ ကာဗာနီဟာ တိုက်စစ်မှူး အီဘရာဟီမိုဗစ် ရှိ နေချိန်မှာ ဒုတိယ ဦးစားပေး ကစားသမားအဖြစ်သာ ပွဲထွက်ခွင့် ရရှိ ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် ရဲ့ နည်းပြ မိုယက် လက်ထက်မှာ တိုက်စစ် အင်အား ဖြည့်တင်းဖို့ ကာဗာနီကို ကမ်းလှမ်းခဲ့ ပါတယ် ။

The Sun က အင်တာဗျူး တစ်ခုမှာ ကာဗာနီဟာ ပရီးမီးယား လိဂ်ကို ယခင် ကတည်းက ပြောင်းရွေ့ချင် ခဲ့တာဖြစ်‌‌ ကြောင်း ပြောကြား ခဲ့ပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလား တုန်းက အင်္ဂလန်အသင်း နဲ့ ပွဲအပြီး ဝိန်းရွန်းနီ နဲ့ အကျီချင်း လဲချိန်မှာ ဝိန်းရွန်းနီ  နဲ့  စကားပြော ဖြစ်ကြ ပြီး နောက် ဝိန်းရွန်းနီ ကို ယူနိုက်တက်ကို ပြောင်းရွေ့ ကစားချင် ကြောင်း ပြောကြား ခဲ့ပြီး ယူနိုက်တက်ကို သူ့ရဲ့ အေးဂျင့်နဲ့ ဆွေးနွေး စေချင်‌ ကြောင်း ကွင်း အတွင်း အကျီ လဲလှယ်ရင်း ပြောခဲ့ကြောင်း ဝန်ခံ ခဲ့ပါတယ်။ ဝိန်းရွန်းနီလို တိုက်စစ်မှူး မျိုးနဲ့ တွဲဖက် ကစားရင် အောင်မြင်မှု တွေ ရယူ နိုင်လိမ့်မယ်လို့ ယုံကြည် ကြောင်း ကိုလဲ ပြောကြား ခဲ့ပါတယ်။

သို့ပေမယ့် ကာဗာနီရဲ့အေးဂျင့်က တစ်ပတ်  လုပ်ခပေါင် ၃ သိန်းခွဲ အထိ တောင်းဆိုခဲ့ တာကြောင့် ယူနိုက်တက်နဲ့ အပြောင်း အရွှေ့က ပျက်ပြယ် ခဲ့ရပါတယ်။ လက်ရှိ ပွဲပယ် ပြစ်ဒဏ်ကျခံ နေရတဲ့ ကာဗာနီဟာ ယူနိုက်တက်ကို ပြောင်းရွှေ့ လာပြီးနောက် ၁၂ ပွဲမှာ ၄ ဂိုးအထိ သွင်းယူ နိုင်ခဲ့ကာ ခြေစွမ်းကောင်း တွေပြသ နိုင်ခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္ စတာ ယူနိုက္တက္ တိုက္စစ္မႉး ကာဗာနီက သူဟာ မန္ခ်က္စတာ ယူနိုက္တက္ကို ေျပာင္းေ႐ြ႕ဖို႔ အခ်ိန္ အၾကာႀကီး ေစာင့္ခဲ့ ရေၾကာင္း ေျပာၾကားလိုက္ ပါတယ္။ ေအာက္တိုဘာ လကမွ ယူနိုက္တက္ကို တစ္ႏွစ္စာခ်ဳပ္ နဲ႕ ပီအက္စ္ဂ်ီကေန ေရာက္ရွိ လာခဲ့တဲ့ တိုက္စစ္မႉး ကာဗာနီဟာ ပီအက္စ္ဂ်ီ အသင္းမွာ ၇ ႏွစ္တာ ကာလကို ျဖတ္သန္းခဲ့ၿပီး အသင္းနဲ႕အတူ ဆုဖလား ေအာင္ျမင္မႈေတြ အျပင္ အသင္းရဲ႕ သြင္းဂိုး အမ်ားဆုံး ကစားသမားပါ ျဖစ္လာခဲ့ပါတယ္။

ဒါေပမဲ့ ကာဗာနီဟာ တိုက္စစ္မႉး အီဘရာဟီမိုဗစ္ ရွိေနခ်ိန္မွာ ဒုတိယ ဦးစားေပး ကစားသမားအျဖစ္သာ ပြဲထြက္ခြင့္ ရရွိခဲ့တာ ျဖစ္ပါတယ္။ ယူနိုက္တက္ ရဲ႕ နည္းျပ မိုယက္ လက္ထက္မွာ တိုက္စစ္ အင္အား ျဖည့္တင္းဖို႔ ကာဗာနီကို ကမ္းလွမ္းခဲ့ ပါတယ္ ။

The Sun က အင္တာဗ်ဴး တစ္ခုမွာ ကာဗာနီဟာ ပရီးမီးယားလိဂ္ကို ယခင္ ကတည္းက ေျပာင္းေ႐ြ႕ခ်င္ ခဲ့တာျဖစ္‌‌ ေၾကာင္း ေျပာၾကား ခဲ့ပါတယ္။ ၂၀၁၄ ကမာၻ႔ဖလားတုန္းက အဂၤလန္အသင္း နဲ႕ ပြဲအၿပီး ဝိန္း႐ြန္းနီ နဲ႕ အက်ီခ်င္း လဲခ်ိန္မွာ ဝိန္း႐ြန္းနီ နဲ႕ စကားေျပာ ျဖစ္ၾက ၿပီး ေနာက္ ဝိန္း႐ြန္းနီကို ယူနိုက္တက္ကို ေျပာင္းေ႐ြ႕ ကစားခ်င္ေၾကာင္း ေျပာၾကားခဲ့ၿပီး ယူနိုက္တက္ကို သူ႕ရဲ႕ ေအးဂ်င့္နဲ႕ ေဆြးေႏြးေစခ်င္‌ ေၾကာင္း ကြင္း အတြင္း အက်ီလဲလွယ္ရင္း ေျပာခဲ့ေၾကာင္း ဝန္ခံခဲ့ပါတယ္။ ဝိန္း႐ြန္းနီလို တိုက္စစ္မႉး မ်ိဳးနဲ႕ တြဲဖက္ ကစားရင္ ေအာင္ျမင္မႈေတြ ရယူ နိုင္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း ကိုလဲ ေျပာၾကား ခဲ့ပါတယ္။

သို႔ေပမယ့္ ကာဗာနီရဲ႕ေအးဂ်င့္က တစ္ပတ္လုပ္ခေပါင္ ၃ သိန္းခြဲ အထိ ေတာင္းဆိုခဲ့ တာေၾကာင့္ ယူနိုက္တက္နဲ႕ အေျပာင္းအေ႐ႊ႕က ပ်က္ျပယ္ ခဲ့ရပါတယ္။ လက္ရွိ ပြဲပယ္ ျပစ္ဒဏ္က်ခံ ေနရတဲ့ ကာဗာနီဟာ ယူနိုက္တက္ကို ေျပာင္းေ႐ႊ႕လာၿပီးေနာက္ ၁၂ ပြဲမွာ ၄ ဂိုးအထိ သြင္းယူ နိုင္ခဲ့ကာ ေျခစြမ္းေကာင္းေတြျပသနိုင္ခဲ့ပါတယ္။