Spots news
မက်ဆီပါဝင်နေဆဲ ဖြစ်တဲ့ ရွှေဘောလုံးဆုကိုရဖို့အကောင်းဆုံး ကစားသမား ၅ ယောက်
Unicode Version
ရွှေဘောလုံး ဆုရှင်ဟာ နှစ်တစ်နှစ် ရဲ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်လေ့ ရှိကြပါတယ် ။ ပုံမှန်အားဖြင့်တော့ နိုင်ငံ အသင်း ပြိုင်ပွဲတွေ မရှိတဲ့ ကာလမှာ ချန်ပီယံလိဂ် ဟာ ရွှေဘောလုံးဆု အတွက် အဆုံးအဖြတ် အပေးနိုင်ဆုံး ပြိုင်ပွဲ အဖြစ် ရှိနေခဲ့ ပါတယ် ။
ကမ္ဘာ့ဖလား ၊ ယူရို နဲ့ ကိုပါအမေရိက ပြိုင်ပွဲတွေ ရှိတဲ့ ကာလ မှာတော့ ကလပ် နဲ့ နိုင်ငံက စွမ်းဆောင်ရည်တွေကို ကြည့်ပြီး မဲပေးခဲ့ကြပါတယ် ။ ဒီနှစ် မှာတော့ ကလပ် အသင်းဘက်မှာ ချန်ပီယံလိဂ် ရှိခဲ့သလို နိုင်ငံ အသင်းဘက်မှာလည်း ယူရို နဲ့ ကိုပါအမေရိက ပြိုင်ပွဲတွေ ရှိနေခဲ့ ပါတယ် ။
အောက်ပါ ကစားသမား ၅ ယောက်ဟာ ၂၀၂၀ ခုနှစ် ရဲ့ ရွှေဘောလုံးဆု ကို ရဖို့ အလားအလာ အကောင်းဆုံး ကစားသမားတွေ အဖြစ် ရှိနေကြပါတယ် ။
၅ ။ ကယ်ဗင် ဒီဘရိုင်းနား ( ဘယ်လ်ဂျီယံ ၊ မန်စီးတီး )
PFA Player of the Year ဆု ကို ၂ နှစ်ဆက်တိုက် ရခဲ့တဲ့ ဒီဘရိုင်နား ဟာ ယူရို ပြိုင်ပွဲ မစတင်မီက ရေပန်း အစားဆုံး နံပါတ် ၂ နေရာမှာ ရှိနေခဲ့ ပါတယ် ။ ဒါပေမယ့် ဘယ်လ်ဂျီယံ ရဲ့ ယူရို ပြိုင်ပွဲကနေ
စောစီးစွာ ထွက်ခွာ ခဲ့ရမှုဟာ ဒီဘရိုင်းနား ရဲ့ ရွှေဘောလုံး အိပ်မက် ကို ပျက်ဆီး စေခဲ့ပါပြီ ။ စကာတင် ၃ ယောက်ထဲတော့ ပါကောင်းပါ နိုင်ပါတယ် ၊ ဆုရဖို့ကတော့ မလွယ်တော့ပါဘူး ။
၄ ။ ဂျော်ဂျင်ဟို ( အီတလီ ၊ ချဲလ်ဆီး )
ယူရို ပြိုင်ပွဲကစားနေစဉ် အတွင်းမှာ ရွှေဘောလုံးဆု အတွက် မထင်မှတ်ဘဲ နာမည်ကြီးလာသူ ဖြစ်ပါတယ် ။ Holding Midfielder တစ်ယောက် ဖြစ်နေတာကြောင့် ရှေ့တန်း ကစားသမားတွေလို ထင်ပေါ်ခြင်း မရှိပေမယ့် ဂျော်ဂျင်ဟို ရဲ့ အခန်းကဏ္ဍ ဟာ ချဲလ်ဆီး ရဲ့ ချန်ပီယံလိဂ် အောင်ပွဲမှာရော
အီတလီ ရဲ့ ယူရို ပြိုင်ပွဲ တစ်လျောက်မှာပါ အရေးပါခဲ့ ပါတယ် ။ ဒါပေမယ့် ဂိုးသွင်းသူတွေသာ အောင်ပွဲခံလေ့ ရှိတဲ့ ဘောလုံးကမ္ဘာကြီး မှာတော့ ဂျော်ဂျင်ဟို တို့လို အသံတိတ် သူရဲကောင်းတွေ များများစားစား ချီးမြှောက်ခံရလေ့ မရှိတတ်ပါဘူး ။
၃ ။ ဟယ်ရီကိန်း ( အင်္ဂလန် ၊ တော့တင်ဟမ်ဟော့စပါး )
မနှစ် ပရီးမီးယားလိဂ် ရဲ့ ဂိုးသွင်းဘုရင် ဆုကိုရော ဖန်တီးရှင် ဆုကိုရ သိမ်းပိုက် နိုင်ခဲ့တဲ့ ကိန်း ဟာ PFA နဲ့ EPL တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုတွေနဲ့ လွဲခဲ့တာကြောင့် ဆုရွေးချယ်သူတွေဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင် ခဲ့ရ ပါတယ် ။
ယူရိုမှာလည်း အုပ်စုအဆင့်မှာ ဂိုးပေါက်ပျောက်ခဲ့ပေမယ့် အခုအချိန်မှာတော့ ၃ ဂိုး နဲ့ ရွှေဖိနပ်ဆု ကို မျှော်လင့်လို့ ရလာခဲ့ပါပြီ ။ ယူရိုမှာ အင်္ဂလန် ဗိုလ်စွဲပြီး ၊ ရွှေဖိနပ်ဆု ရခဲ့မယ်ဆိုရင်တော့ ရွှေဘောလုံးကို မျှော်မှန်းလို့ ရနိုင်မှာပါ ။ အဲ့ဒိလိုမှ မဟုတ်ရင်တော့ မဖြစ်နိုင်ပါဘူး ။
၂ ။ ရောဘတ် လီဝန်ဒေါ့စကီး ( ပိုလန် ၊ ဘိုင်ယန်မြုးနစ် )
ဒီနှစ် ရဲ့ ဥရောပ ရွှေဖိနပ်ဆုရှင် လီဝန်ဒေါ့စကီး ဟာ မနှစ်က ရွှေဘောလုံးဆု နဲ့ အကြွင်းမဲ့ ထိုက်တန်သူ ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် ဆုမချီးမြှင့်ဘူးလို့ ဆုံးဖြတ်ခဲ့တာကြောင့် ကံဆိုးခဲ့ ပါတယ် ။ အဲ့ဒါရဲ့ အရှိန်ဟာ ဒီနှစ် ဆုပေးပွဲ ကို ရိုက်ခတ် လာနိုင်ပြီး
ပိုလန်သားကြီးဟာ ပရိသတ်တွေ ၊ အသင်းခေါင်းဆောင်တွေ ၊ နည်းပြတွေရဲ့ မေတ္တာမဲတွေကို ရနိုင်ချေ ရှိပါတယ် ။ ချန်ပီယံလိဂ် နဲ့ ယူရို ပြိုင်ပွဲတွေကနေ စောစော ထွက်ခဲ့ရတာကတော့ လီဝန်ဒေါ့စကီး အတွက် အမှတ်တွေ ဆုံးရှုံး စေခဲ့မှာ အမှန်ပါပဲ ။
၁ ။ လီယွန်နယ် မက်ဆီ ( အာဂျင်တီးနား ၊ ဘာစီလိုနာ )
မက်ဆီ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ပြည်တွင်း ရှုံးထွက် ဖလား တစ်ခု နဲ့ ပြည်တွင်း ရွှေဖိနပ်ဆုတွေပဲ ရခဲ့ ပါတယ် ။ ဒါပေမယ့် ကိုပါ အမေရိက ဟာ မက်ဆီ အတွက် ရွှေဘောလုံးဆု ပြိုင်ပွဲမှာ အမှတ်များများ ရစေမယ့် အခွင့်အရေး တစ်ခု ဖြစ်လာစေခဲ့ ပါတယ် ။
မက်ဆီ ဟာ ကိုပါအမေရိက မှာ ကွာတားဖိုင်နယ် ပွဲစဉ်တွေ ပြီးတဲ့ အထိ သွင်းဂိုး မှာရော ဖန်တီးမှုမှာပါ အများဆုံး ကစားသမား အဖြစ် ရှိနေပါတယ် ။ ဒါတင် မကပါဘူး ၊ ကိုပါအမေရိက ၅ ပွဲ ပါဝင် ကစားရာမှာ ၄ ပွဲ အထိ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ရဖို့ အလားအလာ ကောင်းနေပါတယ် ။
တစ်ရာသီလုံး အနေနဲ့ ပြောရရင်တော့ မက်ဆီ ဟာ ၂၀၂၀-၂၁ ရာသီ + ကိုပါအမေရိက မှာ Man of the Match ဆုကို ၂၆ ကြိမ် အထိ ရရှိ ထားခဲ့ပါပြီ ။ တနည်းပြောရရင်တော့ ကစားပွဲပေါင်း ၂၆ ပွဲမှာ မက်ဆီ ဟာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တာပါပဲ ။
Zawgyi Version