Spots news

သွေးသစ်လောင်းဖို့ လူငယ်ကြယ်ပွင့် ကာမာဗင်ဂါကို စတင်ကမ်းလှမ်းတော့မယ့် ယူနိုက်တက်

Unicode Version

သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ရန်းနက်စ် ကွင်းလယ်လူ ကာမာဗင်ဂါကို ခေါ်ယူနိုင်ဖို့ အရှိန်မြှင့်ကြိုးပမ်းလာတယ်လို့ ဖော်ပြခဲ့ပါတယ်။

ပြင်သစ်သားဟာ ရန်းနက်စ်အသင်းအတွက် ၈၂ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ကာ ၂ ဂိုးသွင်း ၅ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ပြင်သစ် လက်ရွေးစင် အသင်းကြီးအတွက် ပါဝင်ကစားခွင့် ရရှိခဲ့တဲ့ ရန်းနက်စ်အသင်းက အသက် ၁၈  နှစ်အရွယ်  လူငယ်ကြယ်ပွင့်

ကစားသမား ကာမာဗင်ဂါ ကိုခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်နဲ့ ပြင်သီထိပ်သီး ပီအက်စ်ဂျီ အသင်းတို့က စိတ်ဝင်စားနေကြပါတယ်။

ကာမာဗင်ဂါ နဲ့ ရန်းနက်စ်တို့ကြားစာချုပ်သက်တမ်းက လာမယ့်ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး ကစားသမားကတော့ အခုနွေရာသီမှာ အသင်းပြောင်းဖွယ် ရှိနေပါတယ်။

ရိုမာနိုကတော့ ယူနိုက်တက် အသင်းဟာ ပြင်သစ်သားကိုခေါ်ယူဖို့ တိုက်ရိုက်ဆက်သွယ်လာတယ်လို့ ဆိုခဲ့ပါတယ်။

ပြင်သစ်အ‌ခြေစိုက် သတင်းဌာန များရဲ့ ဖော်ပြချက်အရ ကလာတဲ့ ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့်

အပတ်အတွင်းမှာပဲ ကာမာဗင်ဂါ ရဲ့အေးဂျင့်ဖြစ်သူနဲ့ အပြောင်းအရွေ့အတွက် တွေ့ဆုံဆွေးနွေးသွားဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ယူနိုက်တက်အသင်းဟာ ကာမာဗင်ဂါ အတွက် ပြိုင်ဘက် ပီအက်စ်ဂျီအသင်းထက် လက်ဦးမှုကို ရယူဖိုလ လာမယ့်

အပတ်မှာပဲ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ စကားပြောသွားတော့မယ်လို့ ပြင်သစ်မီဒီယာ များက ဖော်ပြသွားကြပါတယ်။

ရန်းနက်စ်အသင်းကတော့ ယူရိုသန်း ၃၀ လောက်ရပါက ရောင်းချဖွယ်ရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ယူနိုက်တက်ဟာ ဆန်ချိုကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တာကြောင့် နောက်တန်းနေရာ အတွက်  ဗာရာနီကို ချိတ်ဆက်နေပါတယ်။

Zawgyi Version











