Spots news

အင်တာမှ ဘရိုဇိုဗစ်ကို ပေါင် ၂၆ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ မန်ယူနိုက်တက်

Unicode Version

သတင်းတွေအရ ယူနိုက်တက် အသင်းဟာ အင်တာမီလန်ကွင်းလယ်လူ ဘရိုဇိုဗစ်ကို ပေါင် ၂၆ သန်းနဲ့ကမ်းလှမ်းပြီး ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ဒေါ့မွန်စတား ဆန်ချိုကို ခေါ်ယူဖို့ သဘောတူညီမှုရရှိထားခဲ့ပြီဖြစ်ကာ နောက်တန်းနေရာအတွက် ဗာရာနီကိုလည်း ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

ဒါပေမယ့် သတင်းတွေကတော့ ဆိုးလ်ရှားရဲ့ယူနိုက်တက်ဟာ ကွင်းလယ်ပိုင်းကို အားဖြည့်ချင်နေတယ်လို့ ဖော်ပြနေကြပါတယ်။

အီတလီသတင်းတွေအရ ယူနိုက်တက်ဟာ အင်တာစတားကို ပေါင် ၂၆ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာအသင်းကလည်း ခရိုအေးရှားသားအခြေအနေကို စောင့်ကြည့်နေပြီး ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ဘရိုဇိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီက

အင်တာမီလန်အသင်း စီးရီးအေချန်ပီယံဖြစ်ရေးမှာ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ကာ ပြိုင်ပွဲစုံ ၄၂ ပွဲမှာ ၂ ဂိုးသွင်း ၇ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

Zawgyi Version





