Spots news

မန်ယူမှာ ဆန်ချို ဂိုးတွေသွင်းလို့ ပရိတ်သတ်တွေ ခနခနအောင်ပွဲခံရမှာပါ လို့ ဖာဒီနန်ပြော

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေ အတွင်း အရ ခေါ်ယူဖို့ ကြိုးစားနေခဲ့တဲ့ ဒေါ့မွန် အသင်းရဲ့ လူငယ် ကြယ်ပွင့် ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက တရားဝင် အတည်ပြု ကြေငြာခဲ့ပါသေးတယ် ။

အအင်္ဂလန် လက်ရွေးစင်အသင်းကြီးအတွက် ပွဲထွက် ကစားပေးခွင့် လုံးဝ မရရှိခဲ့သေးတဲ့ ဆန်ချို ဟာ ယူနိုက်တက်နဲ့ သဘောတူညီမှု ရပြီး နောက် ယူကရိန်း နဲ့ ပွဲစဥ်မှာ မိနစ် 90 လုံး ပွဲချိန်ပြည့် ပါဝင်ကစားပေးခွင့် ရရှိခဲ့ပြီး ပုံစံကောင်း ပြသသွားနိုင်ခဲ့ ပါတယ် ။

အခုတော့ ယူနိုက်တက် ဂန္တဝင် နောက်ခံလူ ရီယို ဖာဒီနန်က ဆန်ချိုဟာ ယူနိုက်တက် ကစားသမား ဘဝရဲ့ ပထမဆုံး ဘောလုံး ရာသီမှာ ပရိသတ်တွေကို ထိုင်ခုံပေါ်မှ ခနခန ထပြီး အောင်ပွဲခံ နိုင်အောင် လုပ်ပြနိုင်လိမ့်မယ်လို့ ကြိုတ်ဟောကိန်းထုတ် သွားခဲ့လိုက် ပါတယ်။

” ကျွန်တော် ပြောနိုင်တာ တခု ရှိပါတယ် ။ နောက်ရာသီမှာ သူဟာ အသင်းရဲ့ ပရိသတ်တွေကို ထိုင်ခုံပေါ်က ခနခန ထအောင် လုပ်ပြနိုင်ပါလိမ့်မယ် ။ အခု ပွဲစဥ်မှာတောင် သူဟာ ပရိသတ်တွေရဲ့ အသက်ရှူနှုန်းတွေကို ပြောင်းဆန် သွားအောင် လုပ်ပြနိုင်ခဲ့ပါသေးတယ် ”

” ပြီးတော့ ‘ ဝိုး ၊ ဒါကြီးက အခြားပွဲတွေနဲ့ ခြားနားလိုက်တာ ‘ ဆိုတဲ့ အတွေးကိုလည်း ဖြစ်စေနိုင်ခဲ့ပါသေးတယ် ။ သူ့ဆီမှာ ပါရမီကောင်းတွေ ရှိနေတယ်ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ ။ ဒါပေမဲ့ သူ့ရဲ့ စိတ်ဓါတ်ပိုင်း ကလည်း အတော်လေး ကြံ့ခိုင်တာကို ဒီနေ့ တွေ့ခဲ့ရ ပါတယ် ”

” သူဟာ ဒီအသင်း အတွက် တက်နိုင်သမျှ အစွမ်းကုန် ကစားပေးချင်သူ တစ်ဦး ပါပဲ ။ ပွဲရှိန်ကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမားတွေဟာ ခြားနားနေတတ်ကြပါတယ် ။ ခြားနားသူတွေ ဆိုတာက ဂျေဒန် လုပ်ခဲ့သလိုပဲ အသင်းအတွက် မတူညီတဲ့ အရာတွေ ယူလာပေးနိုင်ကြပါတယ် ”

” ပြောရရင် ဒီပြိုင်ပွဲမှာ ဒါကသူ့အတွက် ပထမဆုံးပွဲစဥ် ဖြစ်သွားခဲ့ရ ပါတယ် ။ သူဟာ သူ့ပုံစံအတိုင်း ကွင်းထဲကို ဝင်ရောက်လာပြီး ‘ဝိုး’ ဖြစ်စေမဲ့ အခိုက်အတန့်တွေ ဖန်တီး ပေးနိုင်ခဲ့ ပါတယ် ။ အဲ့တာက သူ့ရဲ့ ပါရမီ ဘယ်လောက် ကောင်းသလဲဆိုတာ ပေါ်လွင်စေခဲ့ ပါတယ် ” လို့ ဖာဒီနန် က အမွှမ်းတင် သွားခဲ့လိုက် ပါတယ် ။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္ေတြ အတြင္း အရ ေခၚယူဖို႔ ႀကိဳးစားေနခဲ့တဲ့ ေဒါ့မြန္ အသင္းရဲ႕ လူငယ္ ၾကယ္ပြင့္ ကစားသမား ျဖစ္သူ ေဂ်ဒန္ ဆန္ခ်ိဳကို ေခၚယူဖို႔အတြက္ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ ရက္ပိုင္းက တရားဝင္ အတည္ျပဳ ေၾကျငာခဲ့ပါေသးတယ္ ။

အအဂၤလန္ လက္ေ႐ြးစင္အသင္းႀကီးအတြက္ ပြဲထြက္ ကစားေပးခြင့္ လုံးဝ မရရွိခဲ့ေသးတဲ့ ဆန္ခ်ိဳ ဟာ ယူနိုက္တက္နဲ႕ သေဘာတူညီမႈ ရၿပီး ေနာက္ ယူကရိန္း နဲ႕ ပြဲစဥ္မွာ မိနစ္ 90 လုံး ပြဲခ်ိန္ျပည့္ ပါဝင္ကစားေပးခြင့္ ရရွိခဲ့ၿပီး ပုံစံေကာင္း ျပသသြားနိုင္ခဲ့ ပါတယ္ ။

အခုေတာ့ ယူနိုက္တက္ ဂႏၲဝင္ ေနာက္ခံလူ ရီယို ဖာဒီနန္က ဆန္ခ်ိဳဟာ ယူနိုက္တက္ ကစားသမား ဘဝရဲ႕ ပထမဆုံး ေဘာလုံး ရာသီမွာ ပရိသတ္ေတြကို ထိုင္ခုံေပၚမွ ခနခန ထၿပီး ေအာင္ပြဲခံ နိုင္ေအာင္ လုပ္ျပနိုင္လိမ့္မယ္လို႔ ႀကိဳတ္ေဟာကိန္းထုတ္ သြားခဲ့လိုက္ ပါတယ္။

” ကြၽန္ေတာ္ ေျပာနိုင္တာ တခု ရွိပါတယ္ ။ ေနာက္ရာသီမွာ သူဟာ အသင္းရဲ႕ ပရိသတ္ေတြကို ထိုင္ခုံေပၚက ခနခန ထေအာင္ လုပ္ျပနိုင္ပါလိမ့္မယ္ ။ အခု ပြဲစဥ္မွာေတာင္ သူဟာ ပရိသတ္ေတြရဲ႕ အသက္ရႉႏႈန္းေတြကို ေျပာင္းဆန္ သြားေအာင္ လုပ္ျပနိုင္ခဲ့ပါေသးတယ္ ”

” ၿပီးေတာ့ ‘ ဝိုး ၊ ဒါႀကီးက အျခားပြဲေတြနဲ႕ ျခားနားလိုက္တာ ‘ ဆိုတဲ့ အေတြးကိုလည္း ျဖစ္ေစနိုင္ခဲ့ပါေသးတယ္ ။ သူ႕ဆီမွာ ပါရမီေကာင္းေတြ ရွိေနတယ္ဆိုတာ ကြၽန္ေတာ္တို႔ သိၿပီးသားပါ ။ ဒါေပမဲ့ သူ႕ရဲ႕ စိတ္ဓါတ္ပိုင္း ကလည္း အေတာ္ေလး ႀကံ့ခိုင္တာကို ဒီေန႕ ေတြ႕ခဲ့ရ ပါတယ္ ”

” သူဟာ ဒီအသင္း အတြက္ တက္နိုင္သမွ် အစြမ္းကုန္ ကစားေပးခ်င္သူ တစ္ဦး ပါပဲ ။ ပြဲရွိန္ကို ေျပာင္းလဲေပးနိုင္တဲ့ ကစားသမားေတြဟာ ျခားနားေနတတ္ၾကပါတယ္ ။ ျခားနားသူေတြ ဆိုတာက ေဂ်ဒန္ လုပ္ခဲ့သလိုပဲ အသင္းအတြက္ မတူညီတဲ့ အရာေတြ ယူလာေပးနိုင္ၾကပါတယ္ ”

” ေျပာရရင္ ဒီၿပိဳင္ပြဲမွာ ဒါကသူ႕အတြက္ ပထမဆုံးပြဲစဥ္ ျဖစ္သြားခဲ့ရ ပါတယ္ ။ သူဟာ သူ႕ပုံစံအတိုင္း ကြင္းထဲကို ဝင္ေရာက္လာၿပီး ‘ဝိုး’ ျဖစ္ေစမဲ့ အခိုက္အတန့္ေတြ ဖန္တီး ေပးနိုင္ခဲ့ ပါတယ္ ။ အဲ့တာက သူ႕ရဲ႕ ပါရမီ ဘယ္ေလာက္ ေကာင္းသလဲဆိုတာ ေပၚလြင္ေစခဲ့ ပါတယ္ ” လို႔ ဖာဒီနန္ က အမႊမ္းတင္ သြားခဲ့လိုက္ ပါတယ္ ။