Spots news

ယူရိုပြိုင်ပွဲရဲ့ အကောင်းဆုံးဘယ်နောက်ခံလူကို စာချုပ်သက်တမ်းတိုးမယ့် ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန် အသင်းနဲ့ ပုံစံကောင်း ပြသ နေတဲ့ ဘယ်နောက်ခံလူ လုခ်ရှော ကို စာချုပ်သစ် ကမ်းလှမ်းဖို့ စတင် စိတ်ကူးနေပြီ လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ရှော နဲ့ ယူနိုက်တက် တို့ရဲ့ စာချုပ်ဟာ ၂၀၂၃ အထိ ရှိနေ သေးပေမယ့် ယူနိုက်တက် ဘက်ကတော့ နောက်ထပ် ၃ နှစ်ခန့် ထပ်မံ သက်တမ်းတိုးဖို့ စိတ်ကူး နေတယ်လို့ သိရှိရ ပါတယ် ။

သူက လက်ရှိမှာ အင်္ဂလန်အသင်းနဲ့အတူ ယူရို ( ၂၀၂၀ ) ကစားလျက်ရှိပြီး အဆိုပါ ပြိုင်ပွဲမှာ သူ့ထက်ပိုကောင်းတဲ့ ဘယ်နောက်ခံကစားသမားကို ရှာဖွေဖို့ ခက်ခဲပါလိမ့်မယ်။

အီတလီရဲ့ စပင်နာဇိုလာက အနီးစပ်ဆုံးအခြေအနေမှာ ရှိပေမယ့် ဘယ်လ်ဂျီယံကို ( ၂-၁ ) အနိုင်ရခဲ့တဲ့ကွာတားဖိုင်နယ်ပွဲစဉ်မှာ အာခီးစ်လိစ် အရွတ် ပျက်စီးသွားခဲ့တဲ့အတွက် ကံမကောင်းစွာနဲ့ လက်ကျန်ပွဲစဉ်တွေကို လွဲချော်တော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီကတည်းက ခြေစွမ်းကောင်းတွေ ပြသခဲ့တဲ့ ရှောဟာ အခုယူရိုပြိုင်ပွဲ မှာလည်း အကောင်းဆုံးပုံစံ ဆက်ပြနေဆဲဖြစ်သလို ယူကရိန်းနဲ့ပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

လုခ်ရှောက ပြီးခဲ့တဲ့ ( ၁၈ ) လအတွင်းမှာ သိသိသာသာ ခြေစွမ်းတိုးတက်လာပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဘယ်နောက်ခံကစားသမားအဖြစ် သတ်မှတ်ခြင်းခံနေရပါတယ်။

သူက ဂျိုဆေး မော်ရင်ဟိုလက်အောက်မှာထက် အိုလေ ဂန်းနား ဆိုးရှား လက်အောက်မှာ ( ၅ ) ဆဝန်းကျင် ပိုမို ကောင်းမွန်လာခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ယူရို ၂၀၂၀ ၿပိဳင္ပြဲမွာ အဂၤလန္ အသင္းနဲ႕ ပုံစံေကာင္း ျပသ ေနတဲ့ ဘယ္ေနာက္ခံလူ လုခ္ေရွာ ကို စာခ်ဳပ္သစ္ ကမ္းလွမ္းဖို႔ စတင္ စိတ္ကူးေနၿပီ လို႔ သတင္း ထြက္ေပၚ လာခဲ့ ပါတယ္ ။

ေရွာ နဲ႕ ယူနိုက္တက္ တို႔ရဲ႕ စာခ်ဳပ္ဟာ ၂၀၂၃ အထိ ရွိေန ေသးေပမယ့္ ယူနိုက္တက္ ဘက္ကေတာ့ ေနာက္ထပ္ ၃ ႏွစ္ခန႔္ ထပ္မံ သက္တမ္းတိုးဖို႔ စိတ္ကူး ေနတယ္လို႔ သိရွိရ ပါတယ္ ။

သူက လက္ရွိမွာ အဂၤလန္အသင္းနဲ႕အတူ ယူရို ( ၂၀၂၀ ) ကစားလ်က္ရွိၿပီး အဆိုပါ ၿပိဳင္ပြဲမွာ သူ႕ထက္ပိုေကာင္းတဲ့ ဘယ္ေနာက္ခံကစားသမားကို ရွာေဖြဖို႔ ခက္ခဲပါလိမ့္မယ္။

အီတလီရဲ႕ စပင္နာဇိုလာက အနီးစပ္ဆုံးအေျခအေနမွာ ရွိေပမယ့္ ဘယ္လ္ဂ်ီယံကို ( ၂-၁ ) အနိုင္ရခဲ့တဲ့ကြာတားဖိုင္နယ္ပြဲစဥ္မွာ အာခီးစ္လိစ္ အ႐ြတ္ ပ်က္စီးသြားခဲ့တဲ့အတြက္ ကံမေကာင္းစြာနဲ႕ လက္က်န္ပြဲစဥ္ေတြကို လြဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီကတည္းက ေျခစြမ္းေကာင္းေတြ ျပသခဲ့တဲ့ ေရွာဟာ အခုယူရိုၿပိဳင္ပြဲ မွာလည္း အေကာင္းဆုံးပုံစံ ဆက္ျပေနဆဲျဖစ္သလို ယူကရိန္းနဲ႕ပြဲမွာ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္နိုင္ခဲ့ပါတယ္။

လုခ္ေရွာက ၿပီးခဲ့တဲ့ ( ၁၈ ) လအတြင္းမွာ သိသိသာသာ ေျခစြမ္းတိုးတက္လာၿပီး ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးဘယ္ေနာက္ခံကစားသမားအျဖစ္ သတ္မွတ္ျခင္းခံေနရပါတယ္။ သူက ဂ်ိဳေဆး ေမာ္ရင္ဟိုလက္ေအာက္မွာထက္ အိုေလ ဂန္းနား ဆိုးရွား လက္ေအာက္မွာ ( ၅ ) ဆဝန္းက်င္ ပိုမို ေကာင္းမြန္လာခဲ့ပါတယ္။