Unicode Version
ယူနိုက်တက်အသင်းဟာ ဒေါ့မွန်အသင်းရဲ့ ဂျေဒန် ဆန်ချိုကို ပြောင်းရွှေ့ကြေး ပေါင် ၇၃သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူအပြီးမှာ ရီးရဲလ် ကနေ
ထွက်ခွာချင် နေတဲ့နောက်ခံလူ ဗာရန်းကို ခေါ်ယူဖို့ အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီချက် ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၂၈နှစ် အရွယ် နောက်ခံလူ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမား တဦး ဖြစ်ပြီး
ရီးရဲလ်မက်ဒရစ် အသင်းက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် ဗာရန်းကတော့ စိန်ခေါ်မှုအသစ်တွေနဲ့သာ ရင်ဆိုင်ချင်နေပါတယ်။
လက်ရှိအချိန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းကို ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ပြီး လုပ်ခလစာငွေအတွက်
(၁)နှစ်လစာပေါင် (၁၀)သန်းနဲ့ကမ်းလှမ်းခဲ့တာ ဖြစ်ကာ ဗာရန်းကလည်း သဘောတူ လက်ခံလိုက်ပြီဖြစ်ပါတယ်။
ဗာရန်းအနေနဲ့ ယူနိုက်တက်အသင်းရဲ့ရာသီကြိုအစီအစဉ်တွေမှာ ပါဝင်နိုင်အောင် သူ့အနာဂတ်ကို လာမယ့်အချိန် အနည်းငယ်အတွင်း တိတိကျကျ
အဖြေထွက်ဖို့ မျှော်လင့်နေပြီး အခုအချိန်မှာတော့ ယူနိုက်တက်နဲ့ ရီးရဲလ်တို့အကြား ပြောင်းရွှေ့ကြေးညှိနှိုင်းဖို့ပဲ ကျန်ပါတော့တယ်။
ရီးရဲလ်မက်ဒရစ် အသင်းဟာ ဗာရန်းကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားမှုတွေ ပြုလုပ်နေပေမယ့် ဗာရန်းကသာ စာချုပ်သစ် မချုပ်ဆိုတော့ရင် ဗာရန်းကို ယခုနှစ်
အပြောင်းအရွှေ့မှာပဲ ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ဗာရန်း အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် အထိ လိုချင်နေကြောင်း သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ ဗာရန်းအတွက် ပြောင်းရွှေ့ကြေးကို အတတ်နိုင်ဆုံး လျှော့ချချင်နေပြီး ရီးရဲလ် မက်ဒရစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းရဲ့
ပေါ်တူဂီ လူငယ် ညာနောက်ခံလူ ဒါးလော့ကို အလိုက်ပေးကာ ဒါးလော့ + ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင်နဲ့ စတင် ကမ်းလှမ်းဖွယ် ရှိကြောင်း သိရှိရပါတယ်
Zawgyi Version
ယူနိုက္တက္အသင္းဟာ ေဒါ့မြန္အသင္းရဲ႕ ေဂ်ဒန္ ဆန္ခ်ိဳကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၇၃သန္းနဲ႕ ေခၚယူဖို႔ သေဘာတူညီမႈ ရယူအၿပီးမွာ ရီးရဲလ္ ကေန
ထြက္ခြာခ်င္ ေနတဲ့ေနာက္ခံလူ ဗာရန္းကို ေခၚယူဖို႔ အတြက္ ကစားသမားနဲ႕ ပုဂၢိဳလ္ေရး သေဘာတူညီခ်က္ ရယူနိုင္ခဲ့ၿပီ ျဖစ္ပါတယ္။
အသက္ ၂၈ႏွစ္ အ႐ြယ္ ေနာက္ခံလူ ဗာရန္းဟာ ရီးရဲလ္မက္ဒရစ္ အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ရွိေတာ့တဲ့ ကစားသမား တဦး ျဖစ္ၿပီး
ရီးရဲလ္မက္ဒရစ္ အသင္းက သူ႕ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ႀကိဳးစားေနေပမယ့္ ဗာရန္းကေတာ့ စိန္ေခၚမႈအသစ္ေတြနဲ႕သာ ရင္ဆိုင္ခ်င္ေနပါတယ္။
လက္ရွိအခ်ိန္မွာ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဗာရန္းကို ပုဂၢိဳလ္ေရး သေဘာတူညီမႈ ရယူနိုင္ခဲ့ၿပီျဖစ္ၿပီး လုပ္ခလစာေငြအတြက္
(၁)ႏွစ္လစာေပါင္ (၁၀)သန္းနဲ႕ကမ္းလွမ္းခဲ့တာ ျဖစ္ကာ ဗာရန္းကလည္း သေဘာတူ လက္ခံလိုက္ၿပီျဖစ္ပါတယ္။
ဗာရန္းအေနနဲ႕ ယူနိုက္တက္အသင္းရဲ႕ရာသီႀကိဳအစီအစဥ္ေတြမွာ ပါဝင္နိုင္ေအာင္ သူ႕အနာဂတ္ကို လာမယ့္အခ်ိန္ အနည္းငယ္အတြင္း တိတိက်က်
အေျဖထြက္ဖို႔ ေမွ်ာ္လင့္ေနၿပီး အခုအခ်ိန္မွာေတာ့ ယူနိုက္တက္နဲ႕ ရီးရဲလ္တို႔အၾကား ေျပာင္းေ႐ႊ႕ေၾကးညွိႏွိုင္းဖို႔ပဲ က်န္ပါေတာ့တယ္။
ရီးရဲလ္မက္ဒရစ္ အသင္းဟာ ဗာရန္းကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ႀကိဳးစားမႈေတြ ျပဳလုပ္ေနေပမယ့္ ဗာရန္းကသာ စာခ်ဳပ္သစ္ မခ်ဳပ္ဆိုေတာ့ရင္ ဗာရန္းကို ယခုႏွစ္
အေျပာင္းအေ႐ႊ႕မွာပဲ ေရာင္းခ်ဖိဳ႕ ဆုံးျဖတ္ထားၿပီး ဗာရန္း အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၆၀သန္း ဝန္းက်င္ အထိ လိုခ်င္ေနေၾကာင္း သိရပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္အသင္း ကေတာ့ ဗာရန္းအတြက္ ေျပာင္းေ႐ႊ႕ေၾကးကို အတတ္နိုင္ဆုံး ေလွ်ာ့ခ်ခ်င္ေနၿပီး ရီးရဲလ္ မက္ဒရစ္အသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ အသင္းရဲ႕
ေပၚတူဂီ လူငယ္ ညာေနာက္ခံလူ ဒါးေလာ့ကို အလိုက္ေပးကာ ဒါးေလာ့ + ေျပာင္းေ႐ႊ႕ေၾကး ယူရို ၃၀သန္း ဝန္းက်င္နဲ႕ စတင္ ကမ္းလွမ္းဖြယ္ ရွိေၾကာင္း သိရွိရပါတယ္