Spots news

ကလပ်ရဲ့ စံချိန်တင်ခေါ်ယူ‌ခဲ့တဲ့ ကစားသမားကို လျော့ဈေးနဲ့ လိုက်ရောင်းနေရတဲ့ ဘာစီလိုနာ

Unicode Version

ဘာစီလိုနာအသင်းဟာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်တဲ့ ကော်တင်ဟိုကို အရမ်းနည်းပါးတဲ့စျေးနှုန်းနဲ့ ပြန်ရောင်းဖို့ အေစီမီလန်ကို ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

လီဗာပူးကနေ ပေါင် ၁၄၂ သန်းနဲ့ ဝယ်ယူခဲ့တဲ့ ကော်တင်ဟိုအပေါ် ဘာစီလိုနာဘက်က စိတ်ရှည်မှုမရှိတော့တဲ့နောက် ပေါင် ၂၁သန်းနဲ့ ပြန်ရောင်းဖို့ အေစီကို ကမ်းလှမ်းခဲ့တယ်လို့ AS က ဖော်ပြခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ကိုအငှားနဲ့သွားကစားပြိး နူးကမ့်ကိုပြန်ရောက်လာခဲ့တဲ့ ကော်တင်ဟိုဟာ အသင်းမှာခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း ဒူးဒဏ်ရာကြောင့် ၁၄ ပွဲသာ

ကစားပေးနိုင်ခဲ့ပြီး ရော်နယ်ကိုးမန်းက ဒီပိုင်းကို ခေါ်ယူပြီးဖြစ်လို့ သူ့အတွက် ကော်တင်ဟိုမလိုအပ်ဘူးလို့ ယူဆထားကာ အသင်းဘက်ကလည်း ရောင်းချဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

အေစီမီလန်ကလည်း သူတို့ရဲ့အားထားရတဲ့ တိုက်စစ်ကစားသမားကယ်ဟာနိုဂလူးကို အင်တာမီလန်အသင်းဆီ အလွတ်ပြောင်းရွှေ့ခွင့်ပေးခဲ့ရလို့ ပြန်လည်အင်အားဖြည့်ဖို့လိုအပ်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ကော်တင်ဟိုရဲ့ ဒဏ်ရာမှတ်တမ်းဆိုးကြောင့် အပြီးသတ်ခေါ်ယူဖို့ကို မစွန့်စားရဲဖြစ်နေပြီး ကနဦးအနေနဲ့ အငှားခေါ်ယူဖို့ကိုသာ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

ဘာစီလိုနာဟာ မက်ဆီကိုစာချုပ်သစ်ချုပ်ဆိုဖို့အတွက် ငွေကြေးလိုအပ်နေပြီး နောက်ခံလူအမ်တီတီနဲ့ ကွင်းလယ်လူပီယာနစ်တို့ကိုပါ စာချုပ်ဖျက်သိမ်းဖို့ ကြိုးစားနေပါတယ်။ အဆိုပါကစားသမားတွေရဲ့ လုပ်ခလစာကို

လျှော့ချနိုင်မယ်ဆိုရင် မက်ဆီအတွက် လုပ်ခလစာပေးဖို့ အဆင်ပြေမယ့် အတိုုင်းအတာကိုရောက်ရှိမယ်လို့လည်း မျှော်လင့်နေပြီး ကစားသမားတချို့ကို ရောင်းချဖို့ကိုလည်း ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။

Zawgyi Version

ဘာစီလိုနာအသင္းဟာ ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္ျဖစ္တဲ့ ေကာ္တင္ဟိုကို အရမ္းနည္းပါးတဲ့ေစ်းႏႈန္းနဲ႕ ျပန္ေရာင္းဖို႔ ေအစီမီလန္ကို ကမ္းလွမ္းခဲ့ေၾကာင္း သိရပါတယ္။

လီဗာပူးကေန ေပါင္ ၁၄၂ သန္းနဲ႕ ဝယ္ယူခဲ့တဲ့ ေကာ္တင္ဟိုအေပၚ ဘာစီလိုနာဘက္က စိတ္ရွည္မႈမရွိေတာ့တဲ့ေနာက္ ေပါင္ ၂၁သန္းနဲ႕ ျပန္ေရာင္းဖို႔ ေအစီကို ကမ္းလွမ္းခဲ့တယ္လို႔ AS က ေဖာ္ျပခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္ကိုအငွားနဲ႕သြားကစားၿပိး ႏူးကမ့္ကိုျပန္ေရာက္လာခဲ့တဲ့ ေကာ္တင္ဟိုဟာ အသင္းမွာေျခစြမ္းမျပနိုင္ဘဲ ႐ုန္းကန္ခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ရာသီကလည္း ဒူးဒဏ္ရာေၾကာင့္ ၁၄ ပြဲသာ

ကစားေပးနိုင္ခဲ့ၿပီး ေရာ္နယ္ကိုးမန္းက ဒီပိုင္းကို ေခၚယူၿပီးျဖစ္လို႔ သူ႕အတြက္ ေကာ္တင္ဟိုမလိုအပ္ဘူးလို႔ ယူဆထားကာ အသင္းဘက္ကလည္း ေရာင္းခ်ဖိဳ႕ ျပင္ဆင္လာခဲ့တာျဖစ္ပါတယ္။
ေအစီမီလန္ကလည္း သူတို႔ရဲ႕အားထားရတဲ့ တိုက္စစ္ကစားသမားကယ္ဟာနိုဂလူးကို အင္တာမီလန္အသင္းဆီ အလြတ္ေျပာင္းေ႐ႊ႕ခြင့္ေပးခဲ့ရလို႔ ျပန္လည္အင္အားျဖည့္ဖို႔လိုအပ္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္ ေကာ္တင္ဟိုရဲ႕ ဒဏ္ရာမွတ္တမ္းဆိုးေၾကာင့္ အၿပီးသတ္ေခၚယူဖို႔ကို မစြန႔္စားရဲျဖစ္ေနၿပီး ကနဦးအေနနဲ႕ အငွားေခၚယူဖို႔ကိုသာ စိတ္အားထက္သန္ေနတယ္လို႔ သိရပါတယ္။

ဘာစီလိုနာဟာ မက္ဆီကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔အတြက္ ေငြေၾကးလိုအပ္ေနၿပီး ေနာက္ခံလူအမ္တီတီနဲ႕ ကြင္းလယ္လူပီယာနစ္တို႔ကိုပါ စာခ်ဳပ္ဖ်က္သိမ္းဖို႔ ႀကိဳးစားေနပါတယ္။ အဆိုပါကစားသမားေတြရဲ႕ လုပ္ခလစာကို

ေလွ်ာ့ခ်နိဳင္မယ္ဆိုရင္ မက္ဆီအတြက္ လုပ္ခလစာေပးဖို႔ အဆင္ေျပမယ့္ အတိုုင္းအတာကိုေရာက္ရွိမယ္လို႔လည္း ေမွ်ာ္လင့္ေနၿပီး ကစားသမားတခ်ိဳ႕ကို ေရာင္းခ်ဖိဳ႕ကိုလည္း ျပင္ဆင္ေနခဲ့တာျဖစ္ပါတယ္။