Unicode Version
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဘယ်နောက်ခံလူ ဖြစ်တဲ့ လုခ်ရှောဟာ ယမန်နေ့ညက အင်္ဂလန် တို့ ယူကရိန်း နဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဥ်မှာ ပွဲထွက် ကစားခွင့် ရရှိခဲ့ပြီး အသင်း အတွက် ဂိုးဖန်တီးမှု 2 ကြိမ် ပြုလုပ်ရင်း ပုံစံကောင်းတွေကို ပြသသွားနိုင်ခဲ့ ပါတယ် ။
ဒါဟာ လုခ်ရှော အတွက်တော့ ယူရို ပြိုင်ပွဲမှာ သုံးကြိမ်မြောက် ဂိုးဖန်တီးခြင်း ၊ နှစ်ပွဲဆက် အထူး ခြေစွမ်း ပြသခြင်း ဖြစ်သွားခဲ့ရ ပါတယ် ။ သူဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အင်္ဂလန် တို့ ဂျာမဏီ အသင်းကို အနိုင် ရရှိခဲ့တဲ့ ပွဲစဥ်မှာလည်း မျှော်လင့်ထားတာထက် ပိုကောင်းတဲ့ ခြေစွမ်း ပြခဲ့ပါသေးတယ် ။
ယူနိုက်တက် နည်းပြဟောင်း ဟိုဆေး မော်ရင်ဟိုက လုခ်ရှော ကစားတာ ကောင်းပေမဲ့ ဖြတ်တင်ဘောတွေ ပေးပို့ရာမှာ အားနည်းချက် ရှိနေသေးကြောင်း ဝေဖန်ခဲ့ပါသေးတယ် ။ ဒါ့ကြောင့်လည်း ယူနိုက်တက် ပရိသတ် အချို့ဟာ မော်ရင်ဟို အပေါ် စိတ်ကွက်ခဲ့ ကြပါသေးတယ် ။
အခုတော့ ယူကရိန်းနဲ့ ပွဲအပြီးမှာ talkSport ရဲ့ သတင်း တင်ဆက်သူ အဖြစ် ရှိနေခဲ့တဲ့ ဟိုဆေး မော်ရင်ဟိုက လုခ်ရှောဟာ ကောင်းသထက် ကောင်းလာပြီ ဖြစ်ကြောင်း အပေါင်းလက္ခဏာဆောင်တဲ့ မှတ်ချက်မျိုး ရှားရှားပါးပါး ပေးဆောင် သွားခဲ့လိုက် ပါတယ် ။
ဒါ့အပြင် လုခ်ရှော ၊ ကိုင်လီ ဝေါ်လ်ကာ တို့ပါ တောက်ပ နေကြတဲ့ အင်္ဂလန် အသင်း အနေနဲ့ ခံစစ် ကစားသမား 3 ဦး ထားပြီး ကစားရေးထက် ခံစစ် ကစားသမား လေးဦး ထားပြီး ကစားတာက ပိုပြီး ကောင်းမွန် နေလိမ့်မယ်လို့ပါ မော်ရင်ဟို က အကြံပေး စကား ပြောကြား သွားခဲ့လိုက် ပါတယ် ။
” အခု ထုတ်ရမဲ့ မေးခွန်း တစ်ခုက ဒိန်းမတ်နဲ့ ကစားရမဲ့ ပွဲစဥ်မှာ အင်္ဂလန်တို့ ဂျာမဏီနဲ့ ကစားခဲ့တုန်းကလို ခံစစ် 3 ယောက် ထားပြီး ကစားမလား ဆိုတာ ပါပဲ ။ ကျွန်တော့်ရဲ့ အဖြေကတော့ နိုးပါ ။ ခံစစ် လေးယောက် ထားပြီး ကစားတာက ပိုပြီး ကျစ်လျစ်နေတယ်လို့ ကျွန်တော် ထင်နေမိပါတယ် ”
” လုခ်ရှောက ကောင်းသထက် ၊ ကောင်းသထက် ၊ ပိုပြီး ကောင်းမွန်လာခဲ့ပါပြီ ။ ကိုင်လီ ဝေါ်လ်ကာလည်း အံ့ဖွယ် ပြိုင်ပွဲ တစ်ခုကို ကစားခွင့် ရနေခဲ့ပါတယ် ။ ပြီးတော့ ဗဟို ခံစစ် ကစားသမား နှစ်ဦး ( ဂျွန်စတုန်း ၊ မက်ဂွားယား ) ကလည်း တကယ့်ကို မာကျောတဲ့ သူတွေ ပါပဲ ”
” ဒါ့ကြောင့် အံ့ဖွယ်ပြိုင်ပွဲမှာ ကောင်းမွန်တဲ့ ခံစစ် ကစား သမား လေးဦး အပြင် ဗဟို ခံစစ် ကစားသမားကောင်း နှစ်ဦး ပိုင်ဆိုင် နေရခြင်းက ဒိန်းမတ် အသင်းကို ထိန်းချုပ် ကစားဖို့ ၊ ရင်ဆိုင်နိုင်ဖို့ အတွက် လိုအပ်တာထက် ပိုပြီး လုံလောက် နေပါလိမ့်မယ် ”
” ပြီးတော့ အသင်းမှာ ဖန်တီးမှုပိုင်း ဆိုင်ရာကို ဆုံးဖြတ် ပေးကြမဲ့ ကစားသမား လေးဦး အထိ ရှိနေပါလိမ့်မယ် ။ အဲ့ဒီ့ နေရာကမှ ဂါးရတ် ဆောက်ဂိတ် အတွက် ရွေးချယ်ဖို့ ခေါင်းစားရမဲ့နေရာ ဖြစ်နေပါလိမ့်မယ် ” လို့ မော်ရင်ဟိုက အကြံပေး စကား ပြောကြား သွားခဲ့လိုက် ပါတယ် ။
လုခ်ရှောက ပြီးခဲ့တဲ့ 18 လအတွင်းမှာ သိသိသာသာ ခြေစွမ်းတိုးတက်လာပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဘယ်နောက်ခံကစားသမားအဖြစ် သတ်မှတ်ခြင်းခံနေရပါတယ်။ နည်းပြ ဂ မော်ရင်ဟိုလက်အောက်မှာထက် အိုလေ ဂန်းနား ဆိုးရှား လက်အောက်မှာ 5 ဆဝန်းကျင် ပိုမို ကောင်းမွန်လာခဲ့ခြင်း ဖြစ်ပါတယ်။
ယူရိုပြိုင်ပွဲတွင် အင်္ဂလန်အသင်းအတွက်ဂိုးဖန်တီးမှုအများဆုံးပြုလုပ်ထားသည့်ကစားသမားစာရင်းမှာ ဒေးဗစ်ဘက်ခမ်းက ဂိုးဖန်တီးမှု 5 ကြိမ်ဖြင့်ဇယားထိပ်ဆုံးတွင်ရပ်တည်လျက်ရှိပြီး ၄င်း၏အနောက်တွင် Luke Shaw မှ (လက်ရှိအချိန်အထိ) ဂိုးဖန်တီးမှု 3 ကြိမ်ဖြင့်ကပ်လျက်တည်ရှိသည်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ ဘယ္ေနာက္ခံလူ ျဖစ္တဲ့ လုခ္ေရွာဟာ ယမန္ေန႕ညက အဂၤလန္ တို႔ ယူကရိန္း နဲ႕ ရင္ဆိုင္ခဲ့တဲ့ ပြဲစဥ္မွာ ပြဲထြက္ ကစားခြင့္ ရရွိခဲ့ၿပီး အသင္း အတြက္ ဂိုးဖန္တီးမႈ 2 ႀကိမ္ ျပဳလုပ္ရင္း ပုံစံေကာင္းေတြကို ျပသသြားနိုင္ခဲ့ ပါတယ္ ။
ဒါဟာ လုခ္ေရွာ အတြက္ေတာ့ ယူရို ၿပိဳင္ပြဲမွာ သုံးႀကိမ္ေျမာက္ ဂိုးဖန္တီးျခင္း ၊ ႏွစ္ပြဲဆက္ အထူး ေျခစြမ္း ျပသျခင္း ျဖစ္သြားခဲ့ရ ပါတယ္ ။ သူဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းက အဂၤလန္ တို႔ ဂ်ာမဏီ အသင္းကို အနိုင္ ရရွိခဲ့တဲ့ ပြဲစဥ္မွာလည္း ေမွ်ာ္လင့္ထားတာထက္ ပိုေကာင္းတဲ့ ေျခစြမ္း ျပခဲ့ပါေသးတယ္ ။
ယူနိုက္တက္ နည္းျပေဟာင္း ဟိုေဆး ေမာ္ရင္ဟိုက လုခ္ေရွာ ကစားတာ ေကာင္းေပမဲ့ ျဖတ္တင္ေဘာေတြ ေပးပို႔ရာမွာ အားနည္းခ်က္ ရွိေနေသးေၾကာင္း ေဝဖန္ခဲ့ပါေသးတယ္ ။ ဒါ့ေၾကာင့္လည္း ယူနိုက္တက္ ပရိသတ္ အခ်ိဳ႕ဟာ ေမာ္ရင္ဟို အေပၚ စိတ္ကြက္ခဲ့ ၾကပါေသးတယ္ ။
အခုေတာ့ ယူကရိန္းနဲ႕ ပြဲအၿပီးမွာ talkSport ရဲ႕ သတင္း တင္ဆက္သူ အျဖစ္ ရွိေနခဲ့တဲ့ ဟိုေဆး ေမာ္ရင္ဟိုက လုခ္ေရွာဟာ ေကာင္းသထက္ ေကာင္းလာၿပီ ျဖစ္ေၾကာင္း အေပါင္းလကၡဏာေဆာင္တဲ့ မွတ္ခ်က္မ်ိဳး ရွားရွားပါးပါး ေပးေဆာင္ သြားခဲ့လိုက္ ပါတယ္ ။
ဒါ့အျပင္ လုခ္ေရွာ ၊ ကိုင္လီ ေဝၚလ္ကာ တို႔ပါ ေတာက္ပ ေနၾကတဲ့ အဂၤလန္ အသင္း အေနနဲ႕ ခံစစ္ ကစားသမား 3 ဦး ထားၿပီး ကစားေရးထက္ ခံစစ္ ကစားသမား ေလးဦး ထားၿပီး ကစားတာက ပိုၿပီး ေကာင္းမြန္ ေနလိမ့္မယ္လို႔ပါ ေမာ္ရင္ဟို က အႀကံေပး စကား ေျပာၾကား သြားခဲ့လိုက္ ပါတယ္ ။
” အခု ထုတ္ရမဲ့ ေမးခြန္း တစ္ခုက ဒိန္းမတ္နဲ႕ ကစားရမဲ့ ပြဲစဥ္မွာ အဂၤလန္တို႔ ဂ်ာမဏီနဲ႕ ကစားခဲ့တုန္းကလို ခံစစ္ 3 ေယာက္ ထားၿပီး ကစားမလား ဆိုတာ ပါပဲ ။ ကြၽန္ေတာ့္ရဲ႕ အေျဖကေတာ့ နိုးပါ ။ ခံစစ္ ေလးေယာက္ ထားၿပီး ကစားတာက ပိုၿပီး က်စ္လ်စ္ေနတယ္လို႔ ကြၽန္ေတာ္ ထင္ေနမိပါတယ္ ”
” လုခ္ေရွာက ေကာင္းသထက္ ၊ ေကာင္းသထက္ ၊ ပိုၿပီး ေကာင္းမြန္လာခဲ့ပါၿပီ ။ ကိုင္လီ ေဝၚလ္ကာလည္း အံ့ဖြယ္ ၿပိဳင္ပြဲ တစ္ခုကို ကစားခြင့္ ရေနခဲ့ပါတယ္ ။ ၿပီးေတာ့ ဗဟို ခံစစ္ ကစားသမား ႏွစ္ဦး ( ဂြၽန္စတုန္း ၊ မက္ဂြားယား ) ကလည္း တကယ့္ကို မာေက်ာတဲ့ သူေတြ ပါပဲ ”
” ဒါ့ေၾကာင့္ အံ့ဖြယ္ၿပိဳင္ပြဲမွာ ေကာင္းမြန္တဲ့ ခံစစ္ ကစား သမား ေလးဦး အျပင္ ဗဟို ခံစစ္ ကစားသမားေကာင္း ႏွစ္ဦး ပိုင္ဆိုင္ ေနရျခင္းက ဒိန္းမတ္ အသင္းကို ထိန္းခ်ဳပ္ ကစားဖို႔ ၊ ရင္ဆိုင္နိုင္ဖို႔ အတြက္ လိုအပ္တာထက္ ပိုၿပီး လုံေလာက္ ေနပါလိမ့္မယ္ ”
” ၿပီးေတာ့ အသင္းမွာ ဖန္တီးမႈပိုင္း ဆိုင္ရာကို ဆုံးျဖတ္ ေပးၾကမဲ့ ကစားသမား ေလးဦး အထိ ရွိေနပါလိမ့္မယ္ ။ အဲ့ဒီ့ ေနရာကမွ ဂါးရတ္ ေဆာက္ဂိတ္ အတြက္ ေ႐ြးခ်ယ္ဖို႔ ေခါင္းစားရမဲ့ေနရာ ျဖစ္ေနပါလိမ့္မယ္ ” လို႔ ေမာ္ရင္ဟိုက အႀကံေပး စကား ေျပာၾကား သြားခဲ့လိုက္ ပါတယ္ ။
လုခ္ေရွာက ၿပီးခဲ့တဲ့ 18 လအတြင္းမွာ သိသိသာသာ ေျခစြမ္းတိုးတက္လာၿပီး ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးဘယ္ေနာက္ခံကစားသမားအျဖစ္ သတ္မွတ္ျခင္းခံေနရပါတယ္။ နည္းျပ ဂ ေမာ္ရင္ဟိုလက္ေအာက္မွာထက္ အိုေလ ဂန္းနား ဆိုးရွား လက္ေအာက္မွာ 5 ဆဝန္းက်င္ ပိုမို ေကာင္းမြန္လာခဲ့ျခင္း ျဖစ္ပါတယ္။
ယူရိုၿပိဳင္ပြဲတြင္ အဂၤလန္အသင္းအတြက္ဂိုးဖန္တီးမႈအမ်ားဆုံးျပဳလုပ္ထားသည့္ကစားသမားစာရင္းမွာ ေဒးဗစ္ဘက္ခမ္းက ဂိုးဖန္တီးမႈ 5 ႀကိမ္ျဖင့္ဇယားထိပ္ဆုံးတြင္ရပ္တည္လ်က္ရွိၿပီး ၄င္း၏အေနာက္တြင္ Luke Shaw မွ (လက္ရွိအခ်ိန္အထိ) ဂိုးဖန္တီးမႈ 3 ႀကိမ္ျဖင့္ကပ္လ်က္တည္ရွိသည္။