Unicode Version
လာမယ့်ဘောလုံးရာသီကတော့ ယူနိုက်တက်အတွက် ကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခု ဖြစ်လာဖို့ရှိနေပြီး အသင်းမှာရှိတဲ့ တိုက်စစ်ကစားသမားတွေဟာလည်း ပွဲထွက်ကစားခွင့်အတွက် အားပြိုင်သွားရတော့မှာဖြစ်ပါတယ်။
ဂျာဒန်ဆန်ချို ရောက်ရှိလာတာကြောင့် အိုလေဂန်းနားဆိုးလ်ရှားမှာ ဘယ်တောင်ပံနေရာ၊ ညာတောင်ပံနေရာနဲ့ No.10 နေရာတွေမှာ နံပါတ်တစ် ဦးစားပေးကစားသမားတွေ ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် အထောင်တိုက်စစ်နေရာအတွက်တော့ နံပါတ်တစ် ဦးစားပေးကစားသမား မရှိသေးပါဘူး။
လာမယ့်ဘောလုံးရာသီမှာ အက်ဒီဆင်ကာဗာနီက ယူနိုက်တက်ရဲ့ နံပါတ်တစ်ဦးစားပေး အထောင်တိုက်စစ်မှူး ဖြစ်လာဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ သူဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ၁၆ ဂိုးသွင်းပြီး သရဲနီတွေနဲ့ စာချုပ်သက်တမ်း တစ်နှစ်တိုးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘိုကာဂျူနီယာစ်အသင်းရဲ့ ကမ်းလှမ်းမှုကိုလည်း ဥရုဂွေးသားကြီးက ပယ်ချထားပါတယ်။
ကာဗာနီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက အထောင်တိုက်စစ်နေရာအတွက် အန်သိုနီမာရှယ်နဲ့ အဓိက အားပြိုင်ခဲ့ရပါတယ်။ ပြင်သစ်သားကတော့ ပုံစံကောင်းတွေ ပြသနိုင်ခြင်း မရှိခဲ့ဘဲ ပရီးမီးယားလိဂ်မှာ လေးဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
မယ်ဆင်ဂရင်းဝုဒ်ကတော့ ညာတောင်ပံမှာကစားပြီး ခြေစွမ်းကောင်းတွေ ပြသခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ်က ၁၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
ကာဗာနီဟာ အိုးလ်ထရက်ဖို့ဒ်မှာ နံပါတ်တစ်ဦးစားပေး အထောင်တိုက်စစ်မှူး ဖြစ်လာနိုင်ပေမယ့် ဥရုဂွေးလက်ရွေးစင်ဟာ အသက်အရွယ် ရရှိနေပြီဖြစ်တာကြောင့် ဒဏ်ရာပြဿနာတွေလည်း ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် ယူနိုက်တက်မှာ ဒုတိယဦးစားပေး အထောင်တိုက်စစ်မှူးနေရာအတွက် ဂရင်းဝုဒ်နဲ့ မာရှယ်တို့ အားပြိုင်သွားရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီက ကာဗာနီနဲ့ မာရှယ်တို့နှစ်ယောက် ဒဏ်ရာပြဿနာ ရှိနေခဲ့ချိန်က ဂရင်းဝုဒ်က သူဟာလည်း စစ်မှန်တဲ့ No.9 ကစားသမားဖြစ်ကြောင်း သွင်းဂိုးတွေနဲ့ သက်သေပြခဲ့ပါတယ်။
ဒါပေမယ့် သူ့အနေနဲ့ ခန္ဓာကိုယ်ပိုင်း လိုအပ်ချက်ရှိသေးတာကြောင့် ဒုတိယဦးစားပေး အထောင်တိုက်စစ်မှူး ဖြစ်လာလိမ့်မယ်လို့ ကျိန်းသေပေါက် ပြောလို့မရသေးပါဘူး။ ဒါ့ကြောင့် လာမယ့်ဘောလုံးရာသီမှာ ဂရင်းဝုဒ်နဲ့ မာရှယ်တို့ကြားက နေရာလုတိုက်ပွဲက ပြင်းထန်လာလိမ့်မယ်လို့ ယူဆရပါတယ်။
Zawgyi Version
လာမယ့္ေဘာလုံးရာသီကေတာ့ ယူနိုက္တက္အတြက္ ေကာင္းမြန္တဲ့ ေဘာလုံးရာသီတစ္ခု ျဖစ္လာဖို႔ရွိေနၿပီး အသင္းမွာရွိတဲ့ တိုက္စစ္ကစားသမားေတြဟာလည္း ပြဲထြက္ကစားခြင့္အတြက္ အားၿပိဳင္သြားရေတာ့မွာျဖစ္ပါတယ္။
ဂ်ာဒန္ဆန္ခ်ိဳ ေရာက္ရွိလာတာေၾကာင့္ အိုေလဂန္းနားဆိုးလ္ရွားမွာ ဘယ္ေတာင္ပံေနရာ၊ ညာေတာင္ပံေနရာနဲ႕ No.10 ေနရာေတြမွာ နံပါတ္တစ္ ဦးစားေပးကစားသမားေတြ ရရွိသြားခဲ့ၿပီျဖစ္ပါတယ္။ ဒါေပမယ့္ အေထာင္တိုက္စစ္ေနရာအတြက္ေတာ့ နံပါတ္တစ္ ဦးစားေပးကစားသမား မရွိေသးပါဘူး။
လာမယ့္ေဘာလုံးရာသီမွာ အက္ဒီဆင္ကာဗာနီက ယူနိုက္တက္ရဲ႕ နံပါတ္တစ္ဦးစားေပး အေထာင္တိုက္စစ္မႉး ျဖစ္လာဖြယ္ရွိတယ္လို႔ ယူဆရပါတယ္။ သူဟာ ၿပီးခဲ့တဲ့ေဘာလုံးရာသီက ၁၆ ဂိုးသြင္းၿပီး သရဲနီေတြနဲ႕ စာခ်ဳပ္သက္တမ္း တစ္ႏွစ္တိုးနိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ဘိုကာဂ်ဴနီယာစ္အသင္းရဲ႕ ကမ္းလွမ္းမႈကိုလည္း ဥ႐ုေဂြးသားႀကီးက ပယ္ခ်ထားပါတယ္။
ကာဗာနီဟာ ၿပီးခဲ့တဲ့ေဘာလုံးရာသီက အေထာင္တိုက္စစ္ေနရာအတြက္ အန္သိုနီမာရွယ္နဲ႕ အဓိက အားၿပိဳင္ခဲ့ရပါတယ္။ ျပင္သစ္သားကေတာ့ ပုံစံေကာင္းေတြ ျပသနိုင္ျခင္း မရွိခဲ့ဘဲ ပရီးမီးယားလိဂ္မွာ ေလးဂိုးသာ သြင္းယူနိုင္ခဲ့ပါတယ္။
မယ္ဆင္ဂရင္းဝုဒ္ကေတာ့ ညာေတာင္ပံမွာကစားၿပီး ေျခစြမ္းေကာင္းေတြ ျပသခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ႏွစ္က ၁၂ ဂိုးအထိ သြင္းယူနိုင္ခဲ့ပါတယ္။
ကာဗာနီဟာ အိုးလ္ထရက္ဖို႔ဒ္မွာ နံပါတ္တစ္ဦးစားေပး အေထာင္တိုက္စစ္မႉး ျဖစ္လာနိုင္ေပမယ့္ ဥ႐ုေဂြးလက္ေ႐ြးစင္ဟာ အသက္အ႐ြယ္ ရရွိေနၿပီျဖစ္တာေၾကာင့္ ဒဏ္ရာျပႆနာေတြလည္း ရွိလာနိုင္ပါတယ္။ ဒါ့ေၾကာင့္ ယူနိုက္တက္မွာ ဒုတိယဦးစားေပး အေထာင္တိုက္စစ္မႉးေနရာအတြက္ ဂရင္းဝုဒ္နဲ႕ မာရွယ္တို႔ အားၿပိဳင္သြားရမွာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ေဘာလုံးရာသီက ကာဗာနီနဲ႕ မာရွယ္တို႔ႏွစ္ေယာက္ ဒဏ္ရာျပႆနာ ရွိေနခဲ့ခ်ိန္က ဂရင္းဝုဒ္က သူဟာလည္း စစ္မွန္တဲ့ No.9 ကစားသမားျဖစ္ေၾကာင္း သြင္းဂိုးေတြနဲ႕ သက္ေသျပခဲ့ပါတယ္။
ဒါေပမယ့္ သူ႕အေနနဲ႕ ခႏၶာကိုယ္ပိုင္း လိုအပ္ခ်က္ရွိေသးတာေၾကာင့္ ဒုတိယဦးစားေပး အေထာင္တိုက္စစ္မႉး ျဖစ္လာလိမ့္မယ္လို႔ က်ိန္းေသေပါက္ ေျပာလို႔မရေသးပါဘူး။ ဒါ့ေၾကာင့္ လာမယ့္ေဘာလုံးရာသီမွာ ဂရင္းဝုဒ္နဲ႕ မာရွယ္တို႔ၾကားက ေနရာလုတိုက္ပြဲက ျပင္းထန္လာလိမ့္မယ္လို႔ ယူဆရပါတယ္။
Credit to Manchester United-Myanmar