Spots news

ပရိတ်သတ် အပေါ်မှာ တာဝန်မကျေ ခဲ့တာ ကြာပီမို့ ကျွန်တော်တို့ အမှား လုံးဝမခံပါဘူး – မားကပ်ရပ်ရှ်ဖို့

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှုး မားကပ်စ် ရပ်ရှ်ဖို့ ကတော့ ယခုနှစ် ဘောလုံး ရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ အတူ ဆုဖလား အောင်မြင်မှု တွေကို အတူ ရယူ သိမ်းပိုက် သွားလို ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

နည်းပြ ဆိုးလ်ရှားရဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ ရာသီမှာ ယူရို ပါလိဂ် ၊ FA ဖလား နဲ့ ကာရာဘောင်း ဖလား ပြိုင်ပွဲ တွေမှာ ဆီမီး ဖိုင်နယ် အဆင့် အထိသာ တက်ရောက် နိုင် ခဲ့ပြီး ပရီးမီးယား လိဂ် မှာလဲ အဆင့် ၃ နေရာ မှာသာ ရပ်တည် နိုင်ခဲ့ တာပါ။လက်ရှိ ရာသီမှာ မန်ချက်စတာ ယူနိုက်တက် တို့ဟာ အမှတ်ပေး ဇယား အဆင့် 2 နေရာ မှာ ရပ်တည် နေပြီး ကာရာဘောင်း ဖလား ပြိုင်ပွဲ မှာလည်း ဆီမီး ဖိုင်နယ် အထိ တက်ရောက် နိုင်ခဲ့ ကြပါပြီ ။ ဒါ့ကြောင့် ရပ်ရှ်ဖို့ က ဒီရာသီမှာ အသင်းနဲ့ အတူ ဆုဖလား အရယူ ရန် ရည်ရွယ် နေ ကြောင်း ထုတ်ဖော် ပြောကြား ခဲ့ ပါတယ် ။ ရပ်ရ်ဖို့ အနေနဲ့ အသင်းရဲ့ ဖလား လက်မဲ့ ရာသီ တွေ ကို စိတ်ကုန် နေပြီး ပရိတ်သတ် အပေါ်မှာ တာဝန် မကျေ သလို ခံစား  ရကြောင်း လဲ သူက ဆိုပါတယ်။

“ ကျွန်တော် တို့တွေ အခု ကောင်းမွန် တဲ့ လမ်းကြောင်း ပေါ်မှာ ရှိနေပြီး ဆုဖလား အတွက် နီးစပ် ဖို့ ကြိုးစား နေပါတယ်။ ဖလား လမ်းကြောင်း ပေါ်က လွဲသွားလို့ မရ သလို လက်ရှိမှာ အမှားခံ လို့ လဲ လုံးဝ မရ ပါဘူး။ ပေါ့လျော့ လို့လဲ မရပါဘူး။ ပရိတ်သတ် အပေါ်မှာ တာဝန် မကျေ ခဲ့တာ ကြာခဲ့ ပါပြီ။ ဒီနှစ်မှာ ဒီလို အဖြစ် မျိုး မဖြစ်ဖို့ ကြိုးစား မှာပါ ”

“ ကျွန်တော်တို့ တွေဟာ ဆုဖလား တွေ လက်လွှတ် ခဲ့ရ ပါတယ် ။ ကျွန်တော်တို့ ဆီမီး ဖိုင်နယ် တွေမှာ ရှုံးနိမ့် ခဲ့ရ ပါတယ် ။ အဲ့တာကို ဒီနှစ် အတွင်းမှာ ကျွန်တော်တို့ အမှန် ပြင်နိုင်အောင် ကြိုးစား ကြရ ပါ့မယ် ။ ကျွန်တော်တို့ ဆုဖလား ဆွတ်ခူး နိုင်ဖို့ အလုပ်ကို သေချာလုပ်ဖို့ လိုပါတယ် ”

အဲ့ဒီ နောက် ရပ်ရှ်ဖို့က သူ့ရဲ့ 2021 အတွက် အဓိက ရည်မှန်းချက် ကတော့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး အနေ နဲ့ သွင်းဂိုး ၊ ဖန်တီးမှု တွေ ပိုမို လုပ်ဆောင် ချင်ကြောင်း ဆက်လက်  ပြောကြား သွားခဲ့ ပါတယ် ။

“ တိုက်စစ်မှုး အနေနဲ့ ကျွန်တော် သွင်းဂိုးတွေ အများကြီး ဖန်တီးမှု တွေ အများကြီး လုပ်ဖို့ လိုပါတယ်။ ဒါမှ အသင်းကို ကူညီရာ ရောက် မှာပါ။ 2021 အတွက် အဲ့တာ ကိုပဲ အာရုံစိုက် နေပါတယ် ။ အကယ်လို့ ကျွန်တော်တို့ အသင်းမှာ အခုလို ကစား သမား သုံး လေးယောက် လောက် ရှိ နေပြီး တစ်ဦး ကို တစ်ဦး ကူညီပေးဖို့ ကြိုးစား နေမယ် ဆိုရင် ဒီနှစ် ကြီးမားတဲ့ အောင်မြင်မှု တွေ ရယူ နိုင်ပါ လိမ့်မယ် ” လို့ ရပ်ရှ်ဖို့ က ပြောကြား လိုက် ပါတယ် ။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ တိုက္စစ္မႈး မားကပ္စ္ ရပ္ရွ္ဖို႔ ကေတာ့ ယခုႏွစ္ ေဘာလုံး ရာသီမွာ မန္ခ်က္စတာ ယူနိုက္တက္ အသင္း နဲ႕ အတူ ဆုဖလား ေအာင္ျမင္မႈ ေတြကို အတူ ရယူ သိမ္းပိုက္ သြားလို ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ ပါတယ္ ။

နည္းျပ ဆိုးလ္ရွားရဲ႕ မန္ခ်က္စတာ ယူနိုက္တက္ ဟာ ၿပီးခဲ့တဲ့ ရာသီမွာ ယူရို ပါလိဂ္ ၊ FA ဖလား နဲ႕ ကာရာေဘာင္း ဖလား ၿပိဳင္ပြဲ ေတြမွာ ဆီမီး ဖိုင္နယ္ အဆင့္ အထိသာ တက္ေရာက္ နိုင္ ခဲ့ၿပီး ပရီးမီးယား လိဂ္ မွာလဲ အဆင့္ ၃ ေနရာ မွာသာ ရပ္တည္ နိုင္ခဲ့ တာပါ။လက္ရွိ ရာသီမွာ မန္ခ်က္စတာ ယူနိုက္တက္ တို႔ဟာ အမွတ္ေပး ဇယား အဆင့္ 2 ေနရာ မွာ ရပ္တည္ ေနၿပီး ကာရာေဘာင္း ဖလား ၿပိဳင္ပြဲ မွာလည္း ဆီမီး ဖိုင္နယ္ အထိ တက္ေရာက္ နိုင္ခဲ့ ၾကပါၿပီ ။ ဒါ့ေၾကာင့္ ရပ္ရွ္ဖို႔ က ဒီရာသီမွာ အသင္းနဲ႕ အတူ ဆုဖလား အရယူ ရန္ ရည္႐ြယ္ ေနေၾကာင္း ထုတ္ေဖာ္ ေျပာၾကား ခဲ့ ပါတယ္ ။ ရပ္ရ္ဖို႔ အေနနဲ႕ အသင္းရဲ႕ ဖလား လက္မဲ့ ရာသီေတြ ကို စိတ္ကုန္ ေနၿပီး ပရိတ္သတ္ အေပၚမွာ တာဝန္ မေက်သလို ခံစား ရေၾကာင္း လဲ သူက ဆိုပါတယ္။

“ ကြၽန္ေတာ္ တို႔ေတြ အခု ေကာင္းမြန္တဲ့ လမ္းေၾကာင္း ေပၚမွာ ရွိေနၿပီး ဆုဖလား အတြက္ နီးစပ္ ဖို႔ ႀကိဳးစား ေနပါတယ္။ ဖလား လမ္းေၾကာင္း ေပၚက လြဲသြားလို႔ မရသလို လက္ရွိမွာ အမွားခံလို႔ လဲ လုံးဝ မရပါဘူး။ ေပါ့ေလ်ာ့ လို႔လဲ မရပါဘူး။ ပရိတ္သတ္ အေပၚမွာ တာဝန္ မေက် ခဲ့တာ ၾကာခဲ့ပါၿပီ။ ဒီႏွစ္မွာ ဒီလို အျဖစ္ မ်ိဳး မျဖစ္ဖို႔ ႀကိဳးစား မွာပါ ”

“ ကြၽန္ေတာ္တို႔ ေတြဟာ ဆုဖလား ေတြ လက္လႊတ္ ခဲ့ရ ပါတယ္ ။ ကြၽန္ေတာ္တို႔ ဆီမီး ဖိုင္နယ္ ေတြမွာ ရႈံးနိမ့္ ခဲ့ရ ပါတယ္ ။ အဲ့တာကို ဒီႏွစ္ အတြင္းမွာ ကြၽန္ေတာ္တို႔ အမွန္ ျပင္နိုင္ေအာင္ ႀကိဳးစား ၾကရ ပါ့မယ္ ။ ကြၽန္ေတာ္တို႔ ဆုဖလား ဆြတ္ခူး နိုင္ဖို႔ အလုပ္ကို ေသခ်ာလုပ္ဖို႔ လိုပါတယ္ ”

အဲ့ဒီေနာက္ ရပ္ရွ္ဖို႔က သူ႕ရဲ႕ 2021 အတြက္ အဓိက ရည္မွန္းခ်က္ ကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ တိုက္စစ္မႉး အေန နဲ႕ သြင္းဂိုး ၊ ဖန္တီးမႈ ေတြ ပိုမို လုပ္ေဆာင္ ခ်င္ေၾကာင္း ဆက္လက္ ေျပာၾကား သြားခဲ့ ပါတယ္ ။

“ တိုက္စစ္မႈး အေနနဲ႕ ကြၽန္ေတာ္ သြင္းဂိုးေတြ အမ်ားႀကီး ဖန္တီးမႈ ေတြ အမ်ားႀကီး လုပ္ဖို႔ လိုပါတယ္။ ဒါမွ အသင္းကို ကူညီရာ ေရာက္ မွာပါ။ 2021 အတြက္ အဲ့တာ ကိုပဲ အာ႐ုံစိုက္ ေနပါတယ္ ။ အကယ္လို႔ ကြၽန္ေတာ္တို႔ အသင္းမွာ အခုလို ကစားသမား သုံး ေလးေယာက္ ေလာက္ ရွိေနၿပီး တစ္ဦး ကို တစ္ဦး ကူညီေပးဖို႔ ႀကိဳးစား ေနမယ္ ဆိုရင္ ဒီႏွစ္ ႀကီးမားတဲ့ ေအာင္ျမင္မႈေတြ ရယူ နိုင္ပါ လိမ့္မယ္ ” လို႔ ရပ္ရွ္ဖို႔ က ေျပာၾကား လိုက္ ပါတယ္ ။