Spots news

ယူရိုက ထွက်ခွာသွားပေမယ့် ရွှေဖိနပ်ဆုမှာတော့ ထိပ်ဆုံးက နေရာယူနေဆဲဖြစ်တဲ့ ရော်နယ်ဒို

Unicode Version

ပေါ်တူဂီအသင်းဟာ ယူရို ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပြီ ဖြစ်ပေမယ့်လည်း လက်ရှိအချိန်မှာ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုကတော့ လက်ရှိ ကျင်းပနေတဲ့ ဆီမီးဖိုင်နယ် အဆင့်ကို ရောက်နေပြီ ဖြစ်တဲ့ ယူရို ပြိုင်ပွဲမှာ သွင်းဂိုး ၅ဂိုးအထိ ရရှိအောင် စွမ်း‌ဆောင်ထားနိုင်ခဲ့ပြီး ဦးဆောင်နေဆဲ ဖြစ်ပါတယ်။

ထို့ကြောင့် သွင်းဂိုး ၅ဂိုးနှင့် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်နေသေးတဲ့ ရော်နယ်ဒိုဟာ ဂိုးသွင်း အများဆုံးဆု ရွှေဖိနပ်ဆုကို ပိုင်ဆိုင် ရဖို့ များနေတာပါ။ ရော်နယ်ဒိုဟာ ယူရိုမှာ ဟန်‌ဂေရီအသင်းဖက်ကို ၂ဂိုး၊ပြင်သစ်အသင်းဖက်ကို ၂ဂိုးနဲ့ ဂျာမနီအသင်းဖက်ကို ၁ဂိုး ပေါင်း ၅ဂိုး သွင်းယူခဲ့ ခြင်း ဖြစ်ပါတယ်။

ရော်နယ်ဒို နည်းတူ ချက် တိုက်စစ်မှူး ပတ်ထရစ်ရှစ်ဟာလည်း သွင်းဂိုး ၅ဂိုးတူညီနေ ပေမယ့် ရွှေဖိနပ်ဆုကို ရွေး ချယ်တဲ့အခါ သွင်းဂိုး အရေအတွက် တူညီနေရင် ဂိုးဖန်တီးပေးမှုအရေအတွက်နဲ့ ပြန်လည် သုံးသပ် ဆုပေးခြင်း ဖြစ်ပါတယ်။

ရော်နယ်ဒိုက ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီး ပတ်ထရစ်ရှစ်ကတော့ ဂိုးဖန်တီးမှု မပြုလုပ် နိုင်ခဲ့ပဲ သွင်းဂိုးသီးသန့်သာ သွင်း ယူထားနိုင်လို့ ရော်နယ်ဒိုက ရွှေဖိနပ်ဆု ရယူဖို့ ဦးဆောင်နေရခြင်း ဖြစ်ပါတယ်။

ဒီအခြေအနေမှာ လူကာကူ၊ဘန်ဇီးမားနဲ့ဖော့စ်ဘတ်ဂျ်တို့ကလည်း ၄ဂိုးစီ သွင်းထားကြပေမယ့် သူတို့ အကုန်လုံး ပြိုင်ပွဲက ထွက်ခွာသွားခဲ့ရပြီ ဖြစ်လို့ မျှော်လင့်လို့ မရနိုင်တော့ပါဘူး။

ဒါပေမယ့် ၃ဂိုးစီ သွင်းထားနိုင်သလို ပြိုင်ပွဲမှာလည်း ဆက်လက်ရှိနေသေးသူတွေကတော့ အင်္ဂလန် ကစားသမား တွေဖြစ်ကြတဲ့ ကိန်း၊စတားလင်းနဲ့ ဒိန်းမတ်တိုက်စစ်မှူး ကတ်စပါဒေါ့လ်ဘတ်ဂျ်တို့ ဖြစ်ပါတယ်။

ဒါကြောင့် ဒီအခြေအနေတွေအရ ရော်နယ်ဒိုဟာ ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုကို ဆွတ်ခူးဖို့ ရေပန်းစားနေဆဲ ဖြစ်ပြီး ယခင် တစ်ဦးချင်း ဆုပေါင်းများစွာ ပိုင်ဆိုင်ဖူးပေမယ့် ယခု ဆုသာ ရရှိပါက ပထမဆုံး ယူရိုပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးဆုကို ရရှိမှာလည်း ဖြစ်ပါတယ်။

Zawgyi Version

ေပၚတူဂီအသင္းဟာ ယူရို ၿပိဳင္ပြဲကေန ထြက္ခြာသြားခဲ့ရၿပီ ျဖစ္ေပမယ့္လည္း လက္ရွိအခ်ိန္မွာ ေပၚတူဂီ တိုက္စစ္မႉး ေရာ္နယ္ဒိုကေတာ့ လက္ရွိ က်င္းပေနတဲ့ ဆီမီးဖိုင္နယ္ အဆင့္ကို ေရာက္ေနၿပီ ျဖစ္တဲ့ ယူရို ၿပိဳင္ပြဲမွာ သြင္းဂိုး ၅ဂိုးအထိ ရရွိေအာင္ စြမ္း‌ေဆာင္ထားနိုင္ခဲ့ၿပီး ဦးေဆာင္ေနဆဲ ျဖစ္ပါတယ္။

ထို႔ေၾကာင့္ သြင္းဂိုး ၅ဂိုးႏွင့္ ဂိုးသြင္းအမ်ားဆုံး ကစားသမား ျဖစ္ေနေသးတဲ့ ေရာ္နယ္ဒိုဟာ ဂိုးသြင္း အမ်ားဆုံးဆု ေ႐ႊဖိနပ္ဆုကို ပိုင္ဆိုင္ ရဖို႔ မ်ားေနတာပါ။ ေရာ္နယ္ဒိုဟာ ယူရိုမွာ ဟန္‌ေဂရီအသင္းဖက္ကို ၂ဂိုး၊ျပင္သစ္အသင္းဖက္ကို ၂ဂိုးနဲ႕ ဂ်ာမနီအသင္းဖက္ကို ၁ဂိုး ေပါင္း ၅ဂိုး သြင္းယူခဲ့ ျခင္း ျဖစ္ပါတယ္။

ေရာ္နယ္ဒို နည္းတူ ခ်က္ တိုက္စစ္မႉး ပတ္ထရစ္ရွစ္ဟာလည္း သြင္းဂိုး ၅ဂိုးတူညီေန ေပမယ့္ ေ႐ႊဖိနပ္ဆုကို ေ႐ြး ခ်ယ္တဲ့အခါ သြင္းဂိုး အေရအတြက္ တူညီေနရင္ ဂိုးဖန္တီးေပးမႈအေရအတြက္နဲ႕ ျပန္လည္ သုံးသပ္ ဆုေပးျခင္း ျဖစ္ပါတယ္။

ေရာ္နယ္ဒိုက ဂိုးဖန္တီးမႈတစ္ႀကိမ္ ျပဳလုပ္ထားနိုင္ခဲ့ၿပီး ပတ္ထရစ္ရွစ္ကေတာ့ ဂိုးဖန္တီးမႈ မျပဳလုပ္ နိုင္ခဲ့ပဲ သြင္းဂိုးသီးသန႔္သာ သြင္း ယူထားနိုင္လို႔ ေရာ္နယ္ဒိုက ေ႐ႊဖိနပ္ဆု ရယူဖို႔ ဦးေဆာင္ေနရျခင္း ျဖစ္ပါတယ္။

ဒီအေျခအေနမွာ လူကာကူ၊ဘန္ဇီးမားနဲ႕ေဖာ့စ္ဘတ္ဂ်္တို႔ကလည္း ၄ဂိုးစီ သြင္းထားၾကေပမယ့္ သူတို႔ အကုန္လုံး ၿပိဳင္ပြဲက ထြက္ခြာသြားခဲ့ရၿပီ ျဖစ္လို႔ ေမွ်ာ္လင့္လို႔ မရနိုင္ေတာ့ပါဘူး။

ဒါေပမယ့္ ၃ဂိုးစီ သြင္းထားနိုင္သလို ၿပိဳင္ပြဲမွာလည္း ဆက္လက္ရွိေနေသးသူေတြကေတာ့ အဂၤလန္ ကစားသမား ေတြျဖစ္ၾကတဲ့ ကိန္း၊စတားလင္းနဲ႕ ဒိန္းမတ္တိုက္စစ္မႉး ကတ္စပါေဒါ့လ္ဘတ္ဂ်္တို႔ ျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီအေျခအေနေတြအရ ေရာ္နယ္ဒိုဟာ ၿပိဳင္ပြဲရဲ႕ ေ႐ႊဖိနပ္ဆုကို ဆြတ္ခူးဖို႔ ေရပန္းစားေနဆဲ ျဖစ္ၿပီး ယခင္ တစ္ဦးခ်င္း ဆုေပါင္းမ်ားစြာ ပိုင္ဆိုင္ဖူးေပမယ့္ ယခု ဆုသာ ရရွိပါက ပထမဆုံး ယူရိုၿပိဳင္ပြဲရဲ႕ ဂိုးသြင္းအမ်ားဆုံးဆုကို ရရွိမွာလည္း ျဖစ္ပါတယ္။