Spots news

ပေါ့ဘာနဲ့ လင်ဂတ်ရဲ့ စပီကာကို ဒေါသထွက်ပြီး လွှင့်ပစ်ခဲ့ရတဲ့အကြောင်း ပြောပြလာတဲ့ ရွန်းနီ

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိသတ်အချစ် တော် ကစားသမား တစ်ဦး ဖြစ်သလို အသင်း ရဲ့ သမိုင်း တစ်လျှောက် ဂိုးသွင်းအများဆုံး ဖြစ်တဲ့ ဝိန်းရွန်းနီက သူဟာ အသင်းရဲ့အဝတ်လဲခန်းထဲ အသင်းဖော် ပေါ့ဘာနဲ့ လင်ဂတ်တို့ကို ပေါက်ကွဲ ခဲ့တဲ့ အကြောင်း ပြောပြသွားပါတယ်။

ရွန်းနီ ၊ ပေါ့ဘာနဲ့ လင်ဂတ် တို့ဟာ နည်းပြ ဟိုဆေး မော်ရင်ဟို လက်အောက်မှာ အတူ လက်တွဲ အလုပ် လုပ်ခဲ့ဖူးသူတွေ ဖြစ်ခဲ့ကြပြီး 16/17 ဘောလုံး ရာသီမှာ အဆင့် 6 နေရာ နဲ့သာ ကျေနပ်ရင်း ချန်ပီယံလိဂ် ကစားခွင့် ဆုံးရှုံးခဲ့ကြတာပဲ ဖြစ်ပါတယ် ။

The Times နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရွန်းနီက ရှုံးပွဲ တစ်ပွဲ ကြုံတွေ့ပြီး နောက်တစ်နေ့မှာ အသင်းရဲ့အဝတ်လဲခန်းထဲ သူနဲ့ မိုက်ကယ် ကာရစ်တို့ ဝင်ရောက် လာချိန် ပေါ့ဘာ နဲ့ လင်ဂတ် တို့ဟာ သီချင်းဖွင့်ပြီး ကခုန်‌ နေတဲ့ အတွက် ဒေါသ မထိန်းနိုင်ဖြစ်ခဲ့ရကြောင်း ဖွင့်ဟသွားခဲ့လိုက် ပါတယ် ။

” အဲ့ဒီ တစ်ကြိမ်ကို ကျွန်တော် မှတ်မိ နေပါသေးတယ် ။ ရှုံးပွဲ တစ်ပွဲ ကြုံတွေ့ပြီး နောက်တစ်နေ့ ကျွန်တော်နဲ့ မိုက်ကယ် ကာရစ်တို့ဟာ အသင်းရဲ့ လေ့ကျင့်ရေးကွင်းထဲကို ရောက်လာခဲ့ကြ ပါတယ် ။ ကျွန်တော်ဟာ ရှုံးပွဲ အတွက် စိတ်ပျက်နေဆဲပဲ ရှိနေခဲ့ပါသေးတယ် “

” ဒါပေမဲ့ အဝတ်လဲခန်းထဲ ရောက်လိုက်တာနဲ့ ပေါ့ဘာ နဲ့ လင်ဂတ် တို့ သီချင်းတွေ ဖွင့်ပြီး ကခုန်နေခဲ့တာကို မြင်တွေ့ခဲ့လိုက်ရ ပါတယ် ။ ကျွန်တော် စိတ်တွေတို ၊ ဒေါသတွေ ထွက်ပြီး စပီကာကို အဝတ်လဲခန်း အပြင်ဖက် လွှင့်ပစ်ခဲ့လိုက် ပါတယ် “

” ဘာဖြစ်လို့လဲ ဆိုတော့ ဒါဟာ ကျွန်တော့်ရဲ့ စိတ်ဓါတ် ခံယူချက် ဖြစ်နေလို့ ၊ ကျွန်တော်ဟာ အခုလို စိတ်ဓါတ်တွေနဲ့ အတူ ဘောလုံး ကစားရင်း ကြီးပြင်း လာခဲ့ရလို့ပဲ ဖြစ်ပါတယ် ။ ပေါလ် နဲ့ ဂျက်ဆီ တို့လည်း ကျွန်တော့်ရဲ့ အော်ငေါက်မှု ၊ ပေါက်ကွဲမှုကို လက်ခံပေးခဲ့ကြ ပါတယ် “

” ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်ဟာ စီနီယာ ကစား သမား တစ်ဦး ဖြစ်နေလို့ပါပဲ ။ အခုပြန်တွေးတော့ သူတို့တွေဟာ အမှား မလုပ်ခဲ့ကြ ပါဘူး ၊ ဘယ်သူ့ကိုမှ ဒုက္ခ မပေးခဲ့ကြ ပါဘူး ။ ဒီလို လုပ်ခဲ့တာက ကျွန်တော်ရဲ့ ခေတ် ဟောင်း အတွေးအခေါ်တွေ ပါပဲ “

” ရီယို ( ဖာဒီနန် ) ပြောခဲ့ဖူးသလို ပါပဲ ၊ ကျွန်တော်တို့လို ကစားသမားတွေ အနေနဲ့ ခေတ်နဲ့ ​အညီ ပြောင်းလဲလာတဲ့ ကစားပုံ ၊ ကစားသမား တွေနဲ့ လိုက်လျော ညီထွေအောင် နေထိုင် ပြုမူတတ်ဖို့ တကယ်ပဲ လိုအပ်လှ ပါတယ် ” လို့ ရွန်းနီ က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ ပရိသတ္အခ်စ္ ေတာ္ ကစားသမား တစ္ဦး ျဖစ္သလို အသင္း ရဲ႕ သမိုင္း တစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆုံး ျဖစ္တဲ့ ဝိန္း႐ြန္းနီက သူဟာ အသင္းရဲ႕အဝတ္လဲခန္းထဲ အသင္းေဖာ္ ေပါ့ဘာနဲ႕ လင္ဂတ္တို႔ကို ေပါက္ကြဲ ခဲ့တဲ့ အေၾကာင္း ေျပာျပသြားပါတယ္။

႐ြန္းနီ ၊ ေပါ့ဘာနဲ႕ လင္ဂတ္ တို႔ဟာ နည္းျပ ဟိုေဆး ေမာ္ရင္ဟို လက္ေအာက္မွာ အတူ လက္တြဲ အလုပ္ လုပ္ခဲ့ဖူးသူေတြ ျဖစ္ခဲ့ၾကၿပီး 16/17 ေဘာလုံး ရာသီမွာ အဆင့္ 6 ေနရာ နဲ႕သာ ေက်နပ္ရင္း ခ်န္ပီယံလိဂ္ ကစားခြင့္ ဆုံးရႈံးခဲ့ၾကတာပဲ ျဖစ္ပါတယ္ ။

The Times နဲ႕ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ႐ြန္းနီက ရႈံးပြဲ တစ္ပြဲ ႀကဳံေတြ႕ၿပီး ေနာက္တစ္ေန႕မွာ အသင္းရဲ႕အဝတ္လဲခန္းထဲ သူနဲ႕ မိုက္ကယ္ ကာရစ္တို႔ ဝင္ေရာက္ လာခ်ိန္ ေပါ့ဘာ နဲ႕ လင္ဂတ္ တို႔ဟာ သီခ်င္းဖြင့္ၿပီး ကခုန္‌ ေနတဲ့ အတြက္ ေဒါသ မထိန္းနိုင္ျဖစ္ခဲ့ရေၾကာင္း ဖြင့္ဟသြားခဲ့လိုက္ ပါတယ္ ။

” အဲ့ဒီ တစ္ႀကိမ္ကို ကြၽန္ေတာ္ မွတ္မိ ေနပါေသးတယ္ ။ ရႈံးပြဲ တစ္ပြဲ ႀကဳံေတြ႕ၿပီး ေနာက္တစ္ေန႕ ကြၽန္ေတာ္နဲ႕ မိုက္ကယ္ ကာရစ္တို႔ဟာ အသင္းရဲ႕ ေလ့က်င့္ေရးကြင္းထဲကို ေရာက္လာခဲ့ၾက ပါတယ္ ။ ကြၽန္ေတာ္ဟာ ရႈံးပြဲ အတြက္ စိတ္ပ်က္ေနဆဲပဲ ရွိေနခဲ့ပါေသးတယ္ “

” ဒါေပမဲ့ အဝတ္လဲခန္းထဲ ေရာက္လိုက္တာနဲ႕ ေပါ့ဘာ နဲ႕ လင္ဂတ္ တို႔ သီခ်င္းေတြ ဖြင့္ၿပီး ကခုန္ေနခဲ့တာကို ျမင္ေတြ႕ခဲ့လိုက္ရ ပါတယ္ ။ ကြၽန္ေတာ္ စိတ္ေတြတို ၊ ေဒါသေတြ ထြက္ၿပီး စပီကာကို အဝတ္လဲခန္း အျပင္ဖက္ လႊင့္ပစ္ခဲ့လိုက္ ပါတယ္ “

” ဘာျဖစ္လို႔လဲ ဆိုေတာ့ ဒါဟာ ကြၽန္ေတာ့္ရဲ႕ စိတ္ဓါတ္ ခံယူခ်က္ ျဖစ္ေနလို႔ ၊ ကြၽန္ေတာ္ဟာ အခုလို စိတ္ဓါတ္ေတြနဲ႕ အတူ ေဘာလုံး ကစားရင္း ႀကီးျပင္း လာခဲ့ရလို႔ပဲ ျဖစ္ပါတယ္ ။ ေပါလ္ နဲ႕ ဂ်က္ဆီ တို႔လည္း ကြၽန္ေတာ့္ရဲ႕ ေအာ္ေငါက္မႈ ၊ ေပါက္ကြဲမႈကို လက္ခံေပးခဲ့ၾက ပါတယ္ “

” ဘာျဖစ္လို႔လဲ ဆိုေတာ့ ကြၽန္ေတာ္ဟာ စီနီယာ ကစား သမား တစ္ဦး ျဖစ္ေနလို႔ပါပဲ ။ အခုျပန္ေတြးေတာ့ သူတို႔ေတြဟာ အမွား မလုပ္ခဲ့ၾက ပါဘူး ၊ ဘယ္သူ႕ကိုမွ ဒုကၡ မေပးခဲ့ၾက ပါဘူး ။ ဒီလို လုပ္ခဲ့တာက ကြၽန္ေတာ္ရဲ႕ ေခတ္ ေဟာင္း အေတြးအေခၚေတြ ပါပဲ “

” ရီယို ( ဖာဒီနန္ ) ေျပာခဲ့ဖူးသလို ပါပဲ ၊ ကြၽန္ေတာ္တို႔လို ကစားသမားေတြ အေနနဲ႕ ေခတ္နဲ႕ ​အညီ ေျပာင္းလဲလာတဲ့ ကစားပုံ ၊ ကစားသမား ေတြနဲ႕ လိုက္ေလ်ာ ညီေထြေအာင္ ေနထိုင္ ျပဳမူတတ္ဖို႔ တကယ္ပဲ လိုအပ္လွ ပါတယ္ ” လို႔ ႐ြန္းနီ က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့လိုက္ ပါတယ္ ။