Spots news

ပြင်သစ်က ပေါ့ဘာကိုလိုချင်ရင် မန်ယူကရက်ဖို့ဒ်ကလဲ အမ်ဘာပေလို ပြေးနိုင်ရမယ် ဆိုတဲ့ ရွန်းနီ

Unicode Version

ပြင်သစ် လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာအနေနဲ့ ယူရို ( ၂၀၂၀ ) မှာ ပြသခဲ့တဲ့ ခြေစွမ်းကို ကလပ်အသင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဆက်လက်ပြသနိုင်မလား ဆိုတာ ပရိသတ်တွေက မေးခွန်းထုတ်လျက်ရှိပါတယ်။

ပေါ့ဘာဟာ ယူနိုက်တက်အသင်းအတွက် ပြီးခဲ့တဲ့နှစ် ပရီးမီးယားလိဂ် ဒုတိယ ရာသီဝက်မှာ ခြေစွမ်းပြသ နိုင်ခဲ့ပြီး စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာတာ မြင်တွေ့ခဲ့ရပေမယ့် တိုးတက်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ပရိတ်သတ်တွေ

အခုအခါမှာတော့ ယူနိုက်တက်ပရိသတ် တွေရဲ့ အချစ်တော် အသင်းရဲ့ စံချိန်တင် သွင်းဂိုးရှင် ဝိန်းရွန်းနီက ပေါ့ဘာရဲ့ အကောင်းဆုံးပုံစံကို မြင်တွေ့ရဖို့ တိုက်စစ်ရွေ့လျားမှုတွေ ပိုမိုလိုအပ်ပြီး မားကတ် ရက်ဖို့ဒ်ကို ကစားဟန် ပြောင်းလဲပြီး ပိုမိုကြိုးစားရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။

ရွန်းနီက The Times နဲ့ အင်တာဗျူးတစ်ခုအတွင်း “ ပေါ့ဘာရဲ့ ကီရန် ဘင်ဇီးမား နှင့် ကိုင်လီယန် အမ်ဘာပေတို့ထံ ပေးပို့မှုတွေက အံ့မခန်းကောင်းမွန်ပါတယ်။ ယူနိုက်တက်မှာတော့ အက်ဒီဆင် ကာဗာနီက မတူညီတဲ့ နံပါတ် ( ၉ ) ဖြစ်ပြီး ဧရိယာထဲမှာပဲ အနေများလေ့ရှိသူပါ ။

ဒါပေမယ့် မားကတ် ရက်ဖို့ဒ်သာ သူ့ရဲ့ ကစားဟန်ကို အနည်းငယ်ပြုပြင်ပြီး အမ်ဘာပေ စတိုင် ခံစစ်မှူးတွေရဲ့ နောက်ကနေ‌ပြေးလွှားမှု runs in behind တွေသာ ပြုလုပ်နိုင်မယ်ဆိုရင် နိုင်ငံအသင်းမှာထက် ပိုမိုကောင်းမွန်တဲ့ ပေါ့ဘာရဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ရမယ်လို့ ယုံကြည်ပါတယ်။” လို့ ဆိုခဲ့ပါတယ် ။

မားကတ် ရက်ဖို့ဒ်က ပြီးခဲ့တဲ့နှစ်မှာ ( ၂၁ ) ဂိုးသွင်းယူခဲ့ပြီး သူ့အတွက် ကောင်းမွန်တဲ့ ရာသီတစ်ခုလို့ ဆိုနိုင်‌ ပေမယ့် လူငယ်တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကသာ ပေါ့ဘာနဲ့ပိုပြီး

အချိတ်အဆက် မိခဲ့ပါတယ်။ ( ၂၀၂၀/၂၁ ) ရာသီမှာ ပေါ့ဘာက ယူနိုက်တက်အတွက် ( ၆ ) ကြိမ် ဖန်တီးပေးခဲ့ပြီး ဂရင်းဝုဒ်က အဆိုပါ ဖန်တီးမှုတွေထဲမှ ( ၄ ) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

တိုက်စစ်မှူး‌ဟောင်း ရွန်းနီထောက်ပြတာက မှန်ကန်ပြီး ရက်ဖို့ဒ်မှာ ပေါ့ဘာနဲ့ ပုံမှန်ချိတ်ဆက်ကစားနိုင်တဲ့ စွမ်းဆောင်ရည်ပိုင်ဆိုင်ထားပါတယ်။ နောက်ပြီး ဆန်ချိုရောက်ရှိလာပြီဖြစ်တဲ့အတွက် ယူနိုက်တက် တိုက်စစ်က ပြိုင်ဘက်အသင်းတွေအတွက် ပိုပြိး ခန့်မှန်းရခက်လာပါလိမ့်မယ်။

Zawgyi Version

ျပင္သစ္ လက္ေ႐ြးစင္ ကြင္းလယ္ကစားသမား ေပါ့ဘာအေနနဲ႕ ယူရို ( ၂၀၂၀ ) မွာ ျပသခဲ့တဲ့ ေျခစြမ္းကို ကလပ္အသင္းျဖစ္တဲ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းမွာ ဆက္လက္ျပသနိုင္မလား ဆိုတာ ပရိသတ္ေတြက ေမးခြန္းထုတ္လ်က္ရွိပါတယ္။

ေပါ့ဘာဟာ ယူနိုက္တက္အသင္းအတြက္ ၿပီးခဲ့တဲ့ႏွစ္ ပရီးမီးယားလိဂ္ ဒုတိယ ရာသီဝက္မွာ ေျခစြမ္းျပသ နိုင္ခဲ့ၿပီး စြမ္းေဆာင္ရည္ ပိုမိုေကာင္းမြန္လာတာ ျမင္ေတြ႕ခဲ့ရေပမယ့္ တိုးတက္ဖို႔ လိုအပ္ခ်က္ေတြ ရွိေနေသးတယ္လို႔ ပရိတ္သတ္ေတြ

အခုအခါမွာေတာ့ ယူနိုက္တက္ပရိသတ္ ေတြရဲ႕ အခ်စ္ေတာ္ အသင္းရဲ႕ စံခ်ိန္တင္ သြင္းဂိုးရွင္ ဝိန္း႐ြန္းနီက ေပါ့ဘာရဲ႕ အေကာင္းဆုံးပုံစံကို ျမင္ေတြ႕ရဖို႔ တိုက္စစ္ေ႐ြ႕လ်ားမႈေတြ ပိုမိုလိုအပ္ၿပီး မားကတ္ ရက္ဖို႔ဒ္ကို ကစားဟန္ ေျပာင္းလဲၿပီး ပိုမိုႀကိဳးစားရမယ္လို႔ တိုက္တြန္းခဲ့ပါတယ္။

႐ြန္းနီက The Times နဲ႕ အင္တာဗ်ဴးတစ္ခုအတြင္း “ ေပါ့ဘာရဲ႕ ကီရန္ ဘင္ဇီးမား ႏွင့္ ကိုင္လီယန္ အမ္ဘာေပတို႔ထံ ေပးပို႔မႈေတြက အံ့မခန္းေကာင္းမြန္ပါတယ္။ ယူနိုက္တက္မွာေတာ့ အက္ဒီဆင္ ကာဗာနီက မတူညီတဲ့ နံပါတ္ ( ၉ ) ျဖစ္ၿပီး ဧရိယာထဲမွာပဲ အေနမ်ားေလ့ရွိသူပါ ။

ဒါေပမယ့္ မားကတ္ ရက္ဖို႔ဒ္သာ သူ႕ရဲ႕ ကစားဟန္ကို အနည္းငယ္ျပဳျပင္ၿပီး အမ္ဘာေပ စတိုင္ ခံစစ္မႉးေတြရဲ႕ ေနာက္ကေန‌ေျပးလႊားမႈ runs in behind ေတြသာ ျပဳလုပ္နိုင္မယ္ဆိုရင္ နိုင္ငံအသင္းမွာထက္ ပိုမိုေကာင္းမြန္တဲ့ ေပါ့ဘာရဲ႕ စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ရမယ္လို႔ ယုံၾကည္ပါတယ္။” လို႔ ဆိုခဲ့ပါတယ္ ။

မားကတ္ ရက္ဖို႔ဒ္က ၿပီးခဲ့တဲ့ႏွစ္မွာ ( ၂၁ ) ဂိုးသြင္းယူခဲ့ၿပီး သူ႕အတြက္ ေကာင္းမြန္တဲ့ ရာသီတစ္ခုလို႔ ဆိုနိုင္‌ ေပမယ့္ လူငယ္တိုက္စစ္မႉး ေမဆန္ ဂရင္းဝုဒ္ကသာ ေပါ့ဘာနဲ႕ပိုၿပီး အခ်ိတ္အဆက္ မိခဲ့ပါတယ္။ ( ၂၀၂၀/၂၁ ) ရာသီမွာ ေပါ့ဘာက ယူနိုက္တက္အတြက္ ( ၆ ) ႀကိမ္ ဖန္တီးေပးခဲ့ၿပီး ဂရင္းဝုဒ္က အဆိုပါ ဖန္တီးမႈေတြထဲမွ ( ၄ ) ဂိုးသြင္းယူနိုင္ခဲ့ပါတယ္။

တိုက္စစ္မႉး‌ေဟာင္း ႐ြန္းနီေထာက္ျပတာက မွန္ကန္ၿပီး ရက္ဖို႔ဒ္မွာ ေပါ့ဘာနဲ႕ ပုံမွန္ခ်ိတ္ဆက္ကစားနိုင္တဲ့ စြမ္းေဆာင္ရည္ပိုင္ဆိုင္ထားပါတယ္။ ေနာက္ၿပီး ဆန္ခ်ိဳေရာက္ရွိလာၿပီျဖစ္တဲ့အတြက္ ယူနိုက္တက္ တိုက္စစ္က ၿပိဳင္ဘက္အသင္းေတြအတြက္ ပိုၿပိး ခန႔္မွန္းရခက္လာပါလိမ့္မယ္။