Unicode Version
တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုက မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွေ့နိုင်ခဲ့ပြီးနောက် ဘရိုက်တန်အသင်းဟာ တောင်ပံကစားသမား ဒန်နီရယ် ဂျိမ်းစ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။
အသက် ( ၂၃ ) နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ( ၁၁ ) ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီး ဆန်ချိုရောက်ရှိလာမှုကြောင့် လာမယ့်ရာသီမှာ ပွဲထွက်ခွင့် အခွင့်အရေး ပိုမို နည်းသွားဖို့ ရှိနေပါတယ်။
ဆွမ်ဆီးအသင်းမှာ ဒန်ဂျိမ်းစ်နဲ့ အတူလက်တွဲဖူးတဲ့ လက်ရှိဘရိုက်တန်နည်းပြ ဂရေဟန် ပေါ်တာက ဝေးလ်တောင်ပံကစားသမားရဲ့ ခြေစွမ်းကို သဘောကျသူဖြစ်ပါတယ်။
The Sun သတင်းစာအရ ဘရိုက်တန်အသင်းဟာ အိုးထရတ်ဖို့ဒ်မှာ ပွဲကစားခွင့် ပိုမို နည်းပါးလာဖို့ရှိနေတဲ့ ဒန်ဂျိစ်းစ်ကို ခေါ်ယူပြီး သူတို့ ( ၂ ) ဦးကို အတူပူးပေါင်းစေဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ဂျိမ်းစ်ဟာ ယူနိုက်တက်တက်မှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် ယူရို ( ၂၀၂၀ ) ပြိုင်ပွဲမှာတော့ ဝေးလ်အသင်းရဲ့ အဓိကကစားသမားအနေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
ဂျိမ်းစ်က ( ၂၀၁၉ ) ခုနှစ်မှာ ဆွမ်ဆီးကနေ ပေါင် ( ၁၅ ) သန်းနဲ့ ယူနိုက်တက်ကို ရောက်ရှိလာပြီး အစောပိုင်းကာလတွေမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာတော့ ရုန်းကန်ခဲ့ရပြီး ပွဲစဉ်အများစုကို အရံကစားသမားအနေနဲ့သာ ဖြတ်သန်းခဲ့ရပါတယ်။
Zawgyi Version
ေတာင္ပံ ကစားသမား ေဂ်ဒန္ ဆန္ခ်ိဳက မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ေျပာင္းေ႐ြ႕နိုင္ခဲ့ၿပီးေနာက္ ဘရိုက္တန္အသင္းဟာ ေတာင္ပံကစားသမား ဒန္နီရယ္ ဂ်ိမ္းစ္ကို ေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းေတြအရ သိရပါတယ္။
အသက္ ( ၂၃ ) ႏွစ္အ႐ြယ္ကစားသမားဟာ ၿပီးခဲ့တဲ့ ရာသီမွာ ပရီးမီးယားလိဂ္ပြဲစဥ္ ( ၁၁ ) ပြဲသာ ပြဲထြက္ခြင့္ရခဲ့ၿပီး ဆန္ခ်ိဳေရာက္ရွိလာမႈေၾကာင့္ လာမယ့္ရာသီမွာ ပြဲထြက္ခြင့္ အခြင့္အေရး ပိုမို နည္းသြားဖို႔ ရွိေနပါတယ္။
ဆြမ္ဆီးအသင္းမွာ ဒန္ဂ်ိမ္းစ္နဲ႕ အတူလက္တြဲဖူးတဲ့ လက္ရွိဘရိုက္တန္နည္းျပ ဂေရဟန္ ေပၚတာက ေဝးလ္ေတာင္ပံကစားသမားရဲ႕ ေျခစြမ္းကို သေဘာက်သဴျဖစ္ပါတယ္။
The Sun သတင္းစာအရ ဘရိုက္တန္အသင္းဟာ အိုးထရတ္ဖို႔ဒ္မွာ ပြဲကစားခြင့္ ပိုမို နည္းပါးလာဖို႔ရွိေနတဲ့ ဒန္ဂ်ိစ္းစ္ကို ေခၚယူၿပီး သူတို႔ ( ၂ ) ဦးကို အတူပူးေပါင္းေစဖို႔ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။
ဂ်ိမ္းစ္ဟာ ယူနိုက္တက္တက္မွာ ဒဏ္ရာျပႆနာေတြနဲ႕ ႐ုန္းကန္ခဲ့ရေပမယ့္ ယူရို ( ၂၀၂၀ ) ၿပိဳင္ပြဲမွာေတာ့ ေဝးလ္အသင္းရဲ႕ အဓိကကစားသမားအေနနဲ႕ ပါဝင္ယွဥ္ၿပိဳင္ခဲ့ပါတယ္။
ဂ်ိမ္းစ္က ( ၂၀၁၉ ) ခုႏွစ္မွာ ဆြမ္ဆီးကေန ေပါင္ ( ၁၅ ) သန္းနဲ႕ ယူနိုက္တက္ကို ေရာက္ရွိလာၿပီး အေစာပိုင္းကာလေတြမွာ ေျခစြမ္းျပကစားနိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာေတာ့ ႐ုန္းကန္ခဲ့ရၿပီး ပြဲစဥ္အမ်ားစုကို အရံကစားသမားအေနနဲ႕သာ ျဖတ္သန္းခဲ့ရပါတယ္။