Unicode Version
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2021 – 2022 ဘောလုံး ရာသီသစ် အတွက် ကြိုတင် ပြင်ဆင်မှုတွေကို လုပ်ဆောင်သွားဖို့ အသင်းရဲ့ ကစားသမားအချို့ကို လေ့ကျင့်ရေး ကွင်းဆီ ပြန်လည် ခေါ်ယူထားနိုင်ခဲ့ပြီလို့ သိရှိ လိုက်ရ ပါတယ် ။
အဆိုပါ ကစားသမားတွေဟာ အသင်းနဲ့အတူ ပထမဆုံး အကြိမ် လေ့ကျင့်မှုတွေလည်း လုပ်ဆောင်ခဲ့ကြတယ်လို့ သိရှိလိုက်ရပြီး ကာရင်တန် လေ့ကျင့်ရေး ကွင်းထဲမှာ 18 ဦး အထိ ရောက်ရှိ နေခဲ့ကြတယ်လို့ သိလိုက်ရ ပါတယ် ။ အဲ့ဒီထဲက အများစုဟာ အကယ်ဒမီထွက် ကစားသမားတွေပဲ ဖြစ်နေခဲ့ကြ ပါတယ် ။
လက်ရှိ အချိန် ဥရောပနဲ့ အမေရိကတိုက်တွေမှာ ယူရို နဲ့ ကိုပါ အမေရိက ဖလား ပြိုင်ပွဲတွေကို ကျင်းပ နေခဲ့ကြတဲ့ အတွက် ယူနိုက်တက် အသင်းရဲ့ စီနီယာ ကစားသမား 14 ဦး အထိဟာ လက်ရွေးစင် အသင်းတွေ အတွက် ကိုယ်စီ ကစားပေး နေခဲ့ကြရ ပါတယ် ။
ဒါ့ကြောင့် ဆိုးလ်ရှားဟာ အကယ်ဒမီထွက် လူငယ်တွေနဲ့ လက်ရွေးစင် အသင်းအတွက် ကစားပေးခွင့်မရရှိခဲ့ကြတဲ့ ကစားသမားတွေကို ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ် ။ အဲ့ဒီထဲမှာတော့ ယူနိုက်တက်တို့ နွေမှာ ခေါ်ယူထားခဲ့တဲ့ ဂိုးသမား တွမ် ဟီတန် လည်း ပါဝင်နေခဲ့ ပါတယ် ။
ဒါ့အပြင် ယူနိုက်တက် အကယ်ဒမီ မှ အသက် 17 နှစ် အရွယ် လူငယ် တိုက်စစ် ကစားသမားလေး ဖြစ်တဲ့ ဂျိုး ဟူဂီလ် ပါဝင်ခဲ့ သလို အငှား ကစားပြီး အသင်းဆီ ပြန်ရောက်ခဲ့ကြတဲ့ ဖာကွန်ဒို ပယ်လီစထရီ ၊ တီဒန် မန်ဂီ ၊ ဂျိမ်းစ် ဂါနာ နဲ့ တာဟစ်ချောင် တို့လည်း ပါဝင်ခဲ့ကြပါတယ် ။
အဆိုပါ ကစားသမား 18 ဦး ထဲက 13 ဦး ကတော့ ယူနိုက်တက် အကယ်ဒမီထွက် ကစားသမားလေးတွေ ဖြစ်ခဲ့ ကြပြီး သိပ်မကြာမီ အချိန်အတွင်း စီနီယာ ကစားသမားတွေ ဖြစ်ကြတဲ့ ဟွမ်မာတာ ၊ အန်သိုနီ မာရှယ် ၊ အန်ဒရိစ် ပါရဲရား ၊ ဖီးလ် ဂျုံး နဲ့ ဗန်ဒီ ဘိခ် တို့လည်း ပူးပေါင်း နိုင်ကြလိမ့်မယ်လို့ သိရှိရ ပါတယ် ။
ပါရဲရား ကတော့ လာဇီယို အသင်းမှာ အငှား ကစားရင်း ယူနိုက်တက် အသင်းဆီ ပြန်ရောက်ခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန်မှာ တစ်ဦးထဲ သီးသန့် ( isolation ) နေ,နေတယ်လို့ သိရ ပါတယ် ။ ဂျုံးစ် ၊ မာရှယ် နဲ့ ဗန်ဒီ ဘိခ် တို့က ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝကောင်းမွန်အောင် လုပ်နေကြတယ်လို့ သိရပါတယ် ။
ဟယ်ရီ မက်ဂွားယား ၊ လုခ်ရှော နဲ့ မားကပ်စ် ရပ်ရှ်ဖို့ တို့ကတော့ လက်ရှိအချိန်မှာ အဂ်လန် လက်ရွေးစင် အသင်း အတွက် ကစားပေးနေရဆဲ ဖြစ်ပြီး ဒီဂီယာ ကတော့ စပိန် လက်ရွေးစင် အသင်းအတွက် ပါဝင်နေဆဲပဲ ဖြစ်ပါတယ် ။ ဖရက်ဒ် ကလည်း ဘရာဇီး နဲ့ အတူ ကိုပါ အမေရိက ဖိုင်နယ် ကစားရဖို့ စောင့်မျှော် နေပါတယ် ။
အခြား တစ်ဖက်မှာတော့ ပြိုင်ပွဲမှ ထွက်ခွာခဲ့ကြရပြီ ဖြစ်တဲ့ ပေါ့ဂ်ဘာ ၊ ဒီယိုဂို ဒါးလော့ ၊ အီဒင်ဆန် ကာဗာနီ ၊ ဘရူနို ဖာနန်ဒက်စ် ၊ ဗစ်တာ လင်ဒီလော့ဖ် ၊ ဒန်နီယယ် ဂျိမ်းစ် နဲ့ မက် တော်မီနေး တို့ဟာ အားလပ်ရက်တွေကို ပိုင်ဆိုင်နေကြဆဲပဲ ဖြစ်ပါတယ် ။ ဝေးလ် အတွက် ခနတာ ကစားပေးခဲ့ရတဲ့ ဒိုင်လန် လီဗစ် ကတော့ တနင်္လာနေ့မှာ အသင်းနဲ့ ပြန်လည် ပူးပေါင်းပါလိမ့်မယ် ။
တင်ပါး ကြွက်သား ဒဏ်ရာ ရရှိခဲ့တဲ့ အတွက် အင်္ဂလန် ကစားသမားစာရင်းမှ နှုတ်ထွက်ခဲ့ရတဲ့ ဂိုးသမားလေး ဒင်းန် ဟန်ဒါဆန် ကတော့ လ အကုန်လောက်မှာ အသင်းနဲ့ ပြန်လည် ပူးပေါင်း နိုင်လိမ့်မယ်လို့ သိရပါတယ် ။ ယူနိုက်တက် တို့ဟာ ဇူလိုင်လ 18 ရက် နေ့မှာ ဝိန်း ရွန်းနီ ရဲ့ ဒါဘီ ကောင်တီ အသင်းနဲ့ ခြေစမ်းပွဲ ကစားရဖို့ ရှိနေပါတယ် ။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ 2021 – 2022 ေဘာလုံး ရာသီသစ္ အတြက္ ႀကိဳတင္ ျပင္ဆင္မႈေတြကို လုပ္ေဆာင္သြားဖို႔ အသင္းရဲ႕ ကစားသမားအခ်ိဳ႕ကို ေလ့က်င့္ေရး ကြင္းဆီ ျပန္လည္ ေခၚယူထားနိုင္ခဲ့ၿပီလို႔ သိရွိ လိုက္ရ ပါတယ္ ။
အဆိုပါ ကစားသမားေတြဟာ အသင္းနဲ႕အတူ ပထမဆုံး အႀကိမ္ ေလ့က်င့္မႈေတြလည္း လုပ္ေဆာင္ခဲ့ၾကတယ္လို႔ သိရွိလိုက္ရၿပီး ကာရင္တန္ ေလ့က်င့္ေရး ကြင္းထဲမွာ 18 ဦး အထိ ေရာက္ရွိ ေနခဲ့ၾကတယ္လို႔ သိလိုက္ရ ပါတယ္ ။ အဲ့ဒီထဲက အမ်ားစုဟာ အကယ္ဒမီထြက္ ကစားသမားေတြပဲ ျဖစ္ေနခဲ့ၾက ပါတယ္ ။
လက္ရွိ အခ်ိန္ ဥေရာပနဲ႕ အေမရိကတိုက္ေတြမွာ ယူရို နဲ႕ ကိုပါ အေမရိက ဖလား ၿပိဳင္ပြဲေတြကို က်င္းပ ေနခဲ့ၾကတဲ့ အတြက္ ယူနိုက္တက္ အသင္းရဲ႕ စီနီယာ ကစားသမား 14 ဦး အထိဟာ လက္ေ႐ြးစင္ အသင္းေတြ အတြက္ ကိုယ္စီ ကစားေပး ေနခဲ့ၾကရ ပါတယ္ ။
ဒါ့ေၾကာင့္ ဆိုးလ္ရွားဟာ အကယ္ဒမီထြက္ လူငယ္ေတြနဲ႕ လက္ေ႐ြးစင္ အသင္းအတြက္ ကစားေပးခြင့္မရရွိခဲ့ၾကတဲ့ ကစားသမားေတြကို ေခၚယူခဲ့တာပဲ ျဖစ္ပါတယ္ ။ အဲ့ဒီထဲမွာေတာ့ ယူနိုက္တက္တို႔ ေႏြမွာ ေခၚယူထားခဲ့တဲ့ ဂိုးသမား တြမ္ ဟီတန္ လည္း ပါဝင္ေနခဲ့ ပါတယ္ ။
ဒါ့အျပင္ ယူနိုက္တက္ အကယ္ဒမီ မွ အသက္ 17 ႏွစ္ အ႐ြယ္ လူငယ္ တိုက္စစ္ ကစားသမားေလး ျဖစ္တဲ့ ဂ်ိဳး ဟူဂီလ္ ပါဝင္ခဲ့ သလို အငွား ကစားၿပီး အသင္းဆီ ျပန္ေရာက္ခဲ့ၾကတဲ့ ဖာကြန္ဒို ပယ္လီစထရီ ၊ တီဒန္ မန္ဂီ ၊ ဂ်ိမ္းစ္ ဂါနာ နဲ႕ တာဟစ္ေခ်ာင္ တို႔လည္း ပါဝင္ခဲ့ၾကပါတယ္ ။
အဆိုပါ ကစားသမား 18 ဦး ထဲက 13 ဦး ကေတာ့ ယူနိုက္တက္ အကယ္ဒမီထြက္ ကစားသမားေလးေတြ ျဖစ္ခဲ့ ၾကၿပီး သိပ္မၾကာမီ အခ်ိန္အတြင္း စီနီယာ ကစားသမားေတြ ျဖစ္ၾကတဲ့ ဟြမ္မာတာ ၊ အန္သိုနီ မာရွယ္ ၊ အန္ဒရိစ္ ပါရဲရား ၊ ဖီးလ္ ဂ်ဳံး နဲ႕ ဗန္ဒီ ဘိခ္ တို႔လည္း ပူးေပါင္း နိုင္ၾကလိမ့္မယ္လို႔ သိရွိရ ပါတယ္ ။
ပါရဲရား ကေတာ့ လာဇီယို အသင္းမွာ အငွား ကစားရင္း ယူနိုက္တက္ အသင္းဆီ ျပန္ေရာက္ခဲ့တာ ျဖစ္ၿပီး လက္ရွိ အခ်ိန္မွာ တစ္ဦးထဲ သီးသန့္ ( isolation ) ေန,ေနတယ္လို႔ သိရ ပါတယ္ ။ ဂ်ဳံးစ္ ၊ မာရွယ္ နဲ႕ ဗန္ဒီ ဘိခ္ တို႔က ႀကံ့ခိုင္မႈ ျပန္လည္ ျပည့္ဝေကာင္းမြန္ေအာင္ လုပ္ေနၾကတယ္လို႔ သိရပါတယ္ ။
ဟယ္ရီ မက္ဂြားယား ၊ လုခ္ေရွာ နဲ႕ မားကပ္စ္ ရပ္ရွ္ဖို႔ တို႔ကေတာ့ လက္ရွိအခ်ိန္မွာ အဂ္လန္ လက္ေ႐ြးစင္ အသင္း အတြက္ ကစားေပးေနရဆဲ ျဖစ္ၿပီး ဒီဂီယာ ကေတာ့ စပိန္ လက္ေ႐ြးစင္ အသင္းအတြက္ ပါဝင္ေနဆဲပဲ ျဖစ္ပါတယ္ ။ ဖရက္ဒ္ ကလည္း ဘရာဇီး နဲ႕ အတူ ကိုပါ အေမရိက ဖိုင္နယ္ ကစားရဖို႔ ေစာင့္ေမွ်ာ္ ေနပါတယ္ ။
အျခား တစ္ဖက္မွာေတာ့ ၿပိဳင္ပြဲမွ ထြက္ခြာခဲ့ၾကရၿပီ ျဖစ္တဲ့ ေပါ့ဂ္ဘာ ၊ ဒီယိုဂို ဒါးေလာ့ ၊ အီဒင္ဆန္ ကာဗာနီ ၊ ဘ႐ူနို ဖာနန္ဒက္စ္ ၊ ဗစ္တာ လင္ဒီေလာ့ဖ္ ၊ ဒန္နီယယ္ ဂ်ိမ္းစ္ နဲ႕ မက္ ေတာ္မီေနး တို႔ဟာ အားလပ္ရက္ေတြကို ပိုင္ဆိုင္ေနၾကဆဲပဲ ျဖစ္ပါတယ္ ။ ေဝးလ္ အတြက္ ခနတာ ကစားေပးခဲ့ရတဲ့ ဒိုင္လန္ လီဗစ္ ကေတာ့ တနလၤာေန႕မွာ အသင္းနဲ႕ ျပန္လည္ ပူးေပါင္းပါလိမ့္မယ္ ။
တင္ပါး ႂကြက္သား ဒဏ္ရာ ရရွိခဲ့တဲ့ အတြက္ အဂၤလန္ ကစားသမားစာရင္းမွ ႏႈတ္ထြက္ခဲ့ရတဲ့ ဂိုးသမားေလး ဒင္းန္ ဟန္ဒါဆန္ ကေတာ့ လ အကုန္ေလာက္မွာ အသင္းနဲ႕ ျပန္လည္ ပူးေပါင္း နိုင္လိမ့္မယ္လို႔ သိရပါတယ္ ။ ယူနိုက္တက္ တို႔ဟာ ဇူလိုင္လ 18 ရက္ ေန႕မွာ ဝိန္း ႐ြန္းနီ ရဲ႕ ဒါဘီ ေကာင္တီ အသင္းနဲ႕ ေျခစမ္းပြဲ ကစားရဖို႔ ရွိေနပါတယ္ ။