Spots news

ယူနိုက်တက်ကိုရောက်ဖို့ နီးစပ်နေပြီဖြစ်တဲ့ ပေါ့ဘာကိုယ်တိုင် ချီးကျူးထားရတဲ့ ကာမာဗင်ဂါ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း ကွင်းလယ်လူ ပေါ့ဘာကိုယ်တိုင် ချီးကျူး ထားရတဲ့ ရန်းနက်စ်အသင်းရဲ့ ပြင်သစ်ကစားသမား
အသက် ၁၈နှစ် အရွယ် ကွင်းလယ်ကြယ်ပွင့် ကာမာဗင်ဂါကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သတင်းများ အရသိရပါတယ်

ကာမာဗင်ဂါဟာ အသက် ၁၆နှစ် အရွယ်ထဲက ဥရောပတလွှားမှာ အကောင်းဆုံး ဆယ်ကျော်သက် ကွင်းလယ်လူ အဖြစ် သတ်မှတ်ခြင်းကို ခံထားရသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အဲ့ဒီအချိန်ထဲက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါအချိန်တုန်းက ကာမာဗင်ဂါဟာ သူ့ရဲ့ ကစားသမားဘဝ တိုးတက်မှု အတွက် ရန်းနက်စ်အသင်းမှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာတော့

ကာမာဗင်ဂါဟာ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိတဲ့ ထိပ်တန်း အသင်းကြီး တသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားသလို ရန်းနက်စ်အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကိုလည်း ငြင်းဆန်ခဲ့ပါတယ်။

ကာမာဗင်ဂါဟာ ရန်းနက်စ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား ဖြစ်တာကြောင့် ရန်းနက်စ်အသင်းဟာ သူ့ကို ယခုနှစ် နွေဈေးကွက် အတွင်းမှာပဲ မဖြစ်မနေ

ရောင်းချရတော့မှာ ဖြစ်ကာ လက်ရှိမှာတော့ ကာမာဗင်ဂါကို ခေါ်ယူဖို့ အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့က စိတ်ဝင်စားနေကြပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ ရန်းနက်စ်အသင်းဟာ ကာမာဗင်ဂါ အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း အလိုရှိနေကာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ

ကာမာဗင်ဂါကို ခေါ်ယူနိုင်ဖို့ သူ့ရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံ ဆွေးနွေးနေသလို ရန်းနက်စ်အသင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းကိုလည်း ပေးချေဖို့ အခက်အခဲ မရှိကြောင်း သိရပါတယ်။

ပြင်သစ် အခြေစိုက် သတင်းဌာနတွေကလည်း ကာမာဗင်ဂါဟာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ အရမ်းကို နီးစပ်နေကြောင်းနဲ့ ပီအက်စ်ဂျီအသင်းဟာ ကာမာဗင်ဂါကို ခေါ်ယူဖို့ စိတ်ဝင်စားပေမယ့်

လက်ရှိအချိန် အထိ စောင့်ကြည့်နေဆဲ အဆင့်မှာသာ ရှိသေးတာကြောင့် မကြာခင်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကာမာဗင်ဂါနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်တော့မယ်လို့ ယနေ့ မနက်ပိုင်းမှာ ဖော်ပြထားကြပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ သူတို႔အသင္းရဲ႕ မန္ခ်က္စတာ ယူနိုက္တက္အသင္း ကြင္းလယ္လူ ေပါ့ဘာကိုယ္တိုင္ ခ်ီးက်ဴး ထားရတဲ့ ရန္းနက္စ္အသင္းရဲ႕ ျပင္သစ္ကစားသမား
အသက္ ၁၈ႏွစ္ အ႐ြယ္ ကြင္းလယ္ၾကယ္ပြင့္ ကာမာဗင္ဂါကို ေခၚယူဖို႔ ျပင္ဆင္ေနေၾကာင္း သတင္းမ်ား အရသိရပါတယ္

ကာမာဗင္ဂါဟာ အသက္ ၁၆ႏွစ္ အ႐ြယ္ထဲက ဥေရာပတလႊားမွာ အေကာင္းဆုံး ဆယ္ေက်ာ္သက္ ကြင္းလယ္လူ အျဖစ္ သတ္မွတ္ျခင္းကို ခံထားရသူ ျဖစ္ၿပီး မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အဲ့ဒီအခ်ိန္ထဲက သူ႕ကို ေခၚယူဖို႔ စိတ္ဝင္စားေနတာပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ အဆိုပါအခ်ိန္တုန္းက ကာမာဗင္ဂါဟာ သူ႕ရဲ႕ ကစားသမားဘဝ တိုးတက္မႈ အတြက္ ရန္းနက္စ္အသင္းမွာသာ ဆက္ေနဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ယခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာေတာ့

ကာမာဗင္ဂါဟာ ဥေရာပ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိတဲ့ ထိပ္တန္း အသင္းႀကီး တသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ထားသလို ရန္းနက္စ္အသင္းရဲ႕ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကိုလည္း ျငင္းဆန္ခဲ့ပါတယ္။

ကာမာဗင္ဂါဟာ ရန္းနက္စ္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ေတာ့တဲ့ ကစားသမား ျဖစ္တာေၾကာင့္ ရန္းနက္စ္အသင္းဟာ သူ႕ကို ယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာပဲ မျဖစ္မေန

ေရာင္းခ်ရေတာ့မွာ ျဖစ္ကာ လက္ရွိမွာေတာ့ ကာမာဗင္ဂါကို ေခၚယူဖို႔ အတြက္ မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ ပီအက္စ္ဂ်ီအသင္းတို႔က စိတ္ဝင္စားေနၾကပါတယ္။

နာမည္ႀကီး သတင္းေထာက္ တဦး ျဖစ္သူ ဖာဘရီဇီယို ရိုမာနိုရဲ႕ အဆိုအရ ရန္းနက္စ္အသင္းဟာ ကာမာဗင္ဂါ အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၃၀သန္း အလိုရွိေနကာ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ

ကာမာဗင္ဂါကို ေခၚယူနိုင္ဖို႔ သူ႕ရဲ႕ ေအးဂ်င့္ေတြနဲ႕ ေတြ႕ဆုံ ေဆြးေႏြးေနသလို ရန္းနက္စ္အသင္းက ေတာင္းဆိုထားတဲ့ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၃၀သန္းကိုလည္း ေပးေခ်ဖိဳ႕ အခက္အခဲ မရွိေၾကာင္း သိရပါတယ္။

ျပင္သစ္ အေျခစိုက္ သတင္းဌာနေတြကလည္း ကာမာဗင္ဂါဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ အရမ္းကို နီးစပ္ေနေၾကာင္းနဲ႕ ပီအက္စ္ဂ်ီအသင္းဟာ ကာမာဗင္ဂါကို ေခၚယူဖို႔ စိတ္ဝင္စားေပမယ့္

လက္ရွိအခ်ိန္ အထိ ေစာင့္ၾကည့္ေနဆဲ အဆင့္မွာသာ ရွိေသးတာေၾကာင့္ မၾကာခင္မွာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ကာမာဗင္ဂါနဲ႕ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရယူနိုင္ေတာ့မယ္လို႔ ယေန႕ မနက္ပိုင္းမွာ ေဖာ္ျပထားၾကပါတယ္။